• Follow Us on
Latest News

Home OIC အဆင့်မြင့်ပါလီမန်အစည်းအဝေး မေလမှာ အင်ဒိုနီးရှား လက်ခံကျင်းပမည်

OIC အဆင့်မြင့်ပါလီမန်အစည်းအဝေး မေလမှာ အင်ဒိုနီးရှား လက်ခံကျင်းပမည်

Share this post

နိုင်ငံတကာ၊ မတ် ၁၇

 

အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အဖွဲ့ဝင်နိုင်ငံတွေရဲ့ ၁၉ ကြိမ်မြောက် အဆင့်မြင့်ပါလီမန် အစည်းအဝေး ကို ၂၀၂၅ ခုနှစ် မေလမှာ အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်ကြောင်း လွှတ်တော်အမတ် မာဒါ နီအလီဆီရာက မတ်လ ၁၅ ရက်နေ့ (စနေနေ့) က ပြောကြားလိုက်ပါတယ်။

 

“ကျွန်တော်တို့ တစ်နိုင်ငံချင်းစီအနေနဲ့ အင်စတီကျူးရှင်းတွေ ခိုင်မာအားကောင်းမှုနဲ့ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှု စနစ်ကို တည်ဆောက်ကြရမှာဖြစ်ပါတယ်။” လို့ အင်ဒိုနီးရှားအောက်လွှတ်တော် ပါလီမန်များပူးပေါင်းဆော င်ရွက်ရေးအဖွဲ့ဥက္ကဋ္ဌ ဆီရာက ပြောပါတယ်။

 

“ဘာ့ကြောင့်လဲဆိုတော့ ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ် လည်ပတ်နေပြီး အင်စတီကျူးရှင်းတွေ အားကောင်း လာ တယ်ဆိုရင် တခြားနိုင်ငံ/အဖွဲ့အစည်းတွေကို မှီခိုစရာမလိုတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်လာ မှာမို့လို့ပဲဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

“ကောင်းမွန်တဲ့ စီမံအုပ်ချုပ်မှုစနစ်နဲ့ ခိုင်မာအားကောင်းသော အင်စတီကျူးရှင်းများ” ခေါင်းစဉ်နဲ့ အဆိုပါပွဲကို မေလ ၁၂ ရက်ကနေ ၁၅ ရက်နေ့အထိ ဂျကာတာမြို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။

 

Ref: Indonesia to host OIC high level parliamentary meeting in May: Bernama-Xinhua

 

#PeopleMedia


Share this post