One Championshipအတြက္ဂုဏ္ယူမိေၾကာင္း ေဒၚေအာင္ဆန္းစုၾကည္ပုံနဲ႕ ေအာင္လအန္ဆန္းေဖာ္ျပ

PUBLISHED - November 18, 2019
ျမန္မာနိုင္ငံ၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ကို One Championship အဖြဲ႕အစည္းက လက္အိတ္တစ္စုံအမွတ္တရလက္ေဆာင္ေပးအပ္ေနတဲ့ ဓာတ္ပုံကို The one နဲ႕ ဝိတ္တန္းႏွစ္တန္းခ်န္ပီယံ ေအာင္လအန္ဆန္းက သူ႕ရဲ႕ Facebook စာမ်က္ႏွာမွာ ေဖာ္ျပခဲ့ပါတယ္။
One Championship အဖြဲ႕အစည္းဟာ မိမိတို႔ရဲ႕ ေမွ်ာ္လင့္ခ်က္၊အိပ္မက္နဲ႕ ခြန္အား၊ရည္မွန္ခ်က္ေတြကို ကမာၻမွာ ထင္ရွားေစနိုင္မယ့္ စီမံကိန္းတစ္ခုျဖစ္တယ္လို႔လည္း ေအာင္လအန္ဆန္းက ၄င္းထိုးသတ္ဖို႔ စာခ်ဳပ္ခ်ဳပ္ဆိုထားတဲ့အဖြဲ႕အစည္းနဲ႕ ပတ္သတ္ၿပီး ဂုဏ္ယူ၀င့္ႂကြားစြာ ေျပာဆိုထားတာကိုလည္း ေတြ႕ရပါတယ္။
One Championship အဖြဲ႕အစည္းတာ၀န္ရွိသူက To Daw Aung San Suu Kyi စာၫႊန္းပါ အမွတ္ တရလက္ေဝွ႕အိတ္ကို ေဒၚေအာင္ဆန္းစုၾကည္ထံေပးအပ္ေနတဲ့ ဓာတ္ပုံနဲ႕တြဲၿပီးေဖာ္ျပခဲ့တာေၾကာင့္ ျမန္မာနိုင္ငံရဲ႕ စံျပပုဂၢိဳလ္တစ္ဦးျဖစ္တဲ့ ေအာင္လအန္ဆန္းဟာ ေဒၚေအာင္ဆန္းစုၾကည္အေပၚေလးစား သမႈရွိတာကိုလည္း ေပၚလႊင္ေစခဲ့ပါတယ္။
မၾကာခင္ကမွ One Championship ရဲ႕ ဟဲဗီးဝိတ္ခ်န္ပီယံ ဗီရာရဲ႕ လိုက္ဟဲဗီးဝိတ္တန္းဆင္းၿပီး စိန္ေခၚတဲ့ပြဲမွာ အနိုင္ရရွိထားတဲ့ ေအာင္လအန္ဆန္းဟာ မၾကာခင္ပြဲေတြထိုးသတ္ၿပီး ပရိသတ္ေတြကို ေဖ်ာ္ေျဖမႈေတြေပးသြားဦးမယ္လို႔ ေျပာၾကားထားပါတယ္။
#PeopleMedia
[Unicode]
One Championshipအတွက်ဂုဏ်ယူမိကြောင်း ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ အောင်လအန်ဆန်းဖော်ပြ
——————————————————————————–
မြန်မာနိုင်ငံ၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို One Championship အဖွဲ့အစည်းက လက်အိတ်တစ်စုံအမှတ်တရလက်ဆောင်ပေးအပ်နေတဲ့ ဓာတ်ပုံကို The one နဲ့ ဝိတ်တန်းနှစ်တန်းချန်ပီယံ အောင်လအန်ဆန်းက သူ့ရဲ့ Facebook စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
One Championship အဖွဲ့အစည်းဟာ မိမိတို့ရဲ့ မျှော်လင့်ချက်၊အိပ်မက်နဲ့ ခွန်အား၊ရည်မှန်ချက်တွေကို ကမ္ဘာမှာ ထင်ရှားစေနိုင်မယ့် စီမံကိန်းတစ်ခုဖြစ်တယ်လို့လည်း အောင်လအန်ဆန်းက ၎င်းထိုးသတ်ဖို့ စာချုပ်ချုပ်ဆိုထားတဲ့အဖွဲ့အစည်းနဲ့ ပတ်သတ်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုထားတာကိုလည်း တွေ့ရပါတယ်။
One Championship အဖွဲ့အစည်းတာဝန်ရှိသူက To Daw Aung San Suu Kyi စာညွှန်းပါ အမှတ် တရလက်ဝှေ့အိတ်ကို ဒေါ်အောင်ဆန်းစုကြည်ထံပေးအပ်နေတဲ့ ဓာတ်ပုံနဲ့တွဲပြီးဖော်ပြခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ စံပြပုဂ္ဂိုလ်တစ်ဦးဖြစ်တဲ့ အောင်လအန်ဆန်းဟာ ဒေါ်အောင်ဆန်းစုကြည်အပေါ်လေးစား သမှုရှိတာကိုလည်း ပေါ်လွှင်စေခဲ့ပါတယ်။
မကြာခင်ကမှ One Championship ရဲ့ ဟဲဗီးဝိတ်ချန်ပီယံ ဗီရာရဲ့ လိုက်ဟဲဗီးဝိတ်တန်းဆင်းပြီး စိန်ခေါ်တဲ့ပွဲမှာ အနိုင်ရရှိထားတဲ့ အောင်လအန်ဆန်းဟာ မကြာခင်ပွဲတွေထိုးသတ်ပြီး ပရိသတ်တွေကို ဖျော်ဖြေမှုတွေပေးသွားဦးမယ်လို့ ပြောကြားထားပါတယ်။
#PeopleMedia