• Follow Us on
Latest News

Home Online အသုံးပြုပြီး လောင်းကစားခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ချေးငွေလုပ်ငန်းလုပ်ကိုင်ခြင်းများမပြုလုပ်ကြရန် နစကမှ အသိပေးထုတ်ပြန်

Online အသုံးပြုပြီး လောင်းကစားခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ချေးငွေလုပ်ငန်းလုပ်ကိုင်ခြင်းများမပြုလုပ်ကြရန် နစကမှ အသိပေးထုတ်ပြန်

Share this post

နေပြည်တော်၊ မတ် ၂

 

Online အသုံးပြုပြီး လောင်းကစားခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ချေးငွေလုပ်ငန်းလုပ်ကိုင်ခြင်းများ မပြုလုပ်ကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိပေးထုတ်ပြန်ထားသည်။

 

နည်းပညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ Online မှတစ်ဆင့် လိမ်လည်မှုကျူးလွန်ခြင်း၊ လောင်းကစား ခြင်းကို ဗန်းပြ၍ ငွေကြေးလိမ်လည်မှုကျူးလွန်ခြင်းများကြောင့် ပြည်သူများအနေဖြင့် ငွေကြေးနစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထိုသို့ Online အသုံးပြု၍ လောင်းကစားလုပ်ငန်း၊ ကံစမ်းမဲဖောက်လုပ်ငန်း၊ တရားမဝင် ချေးငွေလုပ်ငန်းလုပ်ကိုင်သူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က စုံစမ်းဖော်ထုတ်ဆောင်ရွက်ခဲ့ရာ TTbet Online Game လုပ်ငန်း၊ Golden Gift Online ကံစမ်းမဲဖောက်လုပ်ငန်း၊ Money Bag Application၊ Cash Now Appl ication၊ Cola Kyat Application နှင့် U Loan Application တို့အား အသုံးပြုပြီး တရားမဝင် ချေးငွေလုပ်ငန်း လုပ်ကိုင်နေကြသည့် ပြစ်မှုကျူးလွန်သူ ၇၁ ဦးအား ဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

 

ပြစ်မှုကျူးလွန်သူများသည် နိုင်ငံသားစိစစ်ရေးကတ်များကို တစ်ကတ်လျှင် တစ်သောင်းကျပ်ဖြင့် ငှားရမ်းပြီး Online လောင်းကစားလုပ်ငန်းများ၊ Online လိမ်လည်မှုများ၊ တရားမဝင်ချေးငွေလုပ်ငန်းများတွင် အသုံးပြုရန် Bank Account များဖွင့်လှစ်၍ လုပ်ကိုင်ကြောင်းတွေ့ရှိရသဖြင့် နိုင်ငံသားစိစစ်ရေးကတ်ငှားရမ်းသူများအနေ ဖြင့်လည်း ဥပဒေအရ အရေးယူခံရနိုင်ကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ Online အသုံးပြုပြီး လောင်းကစားခြင်း၊ ကံစမ်းမဲဖောက်ခြင်း၊ ချေးငွေလုပ်ငန်းလုပ်ကိုင်ခြင်းများတွင် ပါဝင်လုပ်ကိုင်ပါက တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုကျူးလွန်ရာမှ ရရှိသော ငွေကြေးနှင့် အကျိုးအမြတ်များကိုလည်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ စိစစ်ပြီး အရေးယူခံရမည်ဖြစ်သဖြင့် ယင်းလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်ခြင်းမပြုလုပ်ကြရန် အသိပေးထုတ်ပြန်ထားသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 

#PeopleMedia


Share this post