• Follow Us on

Home Online ဖြင့် e-Stay Extension နေခွင့်သက်တမ်းတိုးမြှင့်ခြင်းကို နိုဝင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်ပေးမည်

Online ဖြင့် e-Stay Extension နေခွင့်သက်တမ်းတိုးမြှင့်ခြင်းကို နိုဝင်ဘာ ၁ ရက်မှ စတင်ဆောင်ရွက်ပေးမည်

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၆ (People Media)

 

Online မှ e-Visa (Business) ရယူထားသူများအနေဖြင့် Online ဖြင့် e-Stay Extension နေခွင့်သက်တမ်း တိုးမြှင့်ခြင်းကို လာမည့် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူ ဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

 

ယခုအခါ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူဖြစ်စေရန်အတွက် e-Visa website မှ Online ဖြင့် လျှောက်ထားရယူသည့် e-Visa (Business) ဖြင့် မြန်မာနိုင်ငံသို့ ရောက်ရှိ နေထိုင်အလုပ်လုပ်ကိုင် နေကြသည့် နိုင်ငံခြားများအတွက် နေထိုင်ခွင့်သက်တမ်းတိုးခြင်း (Stay Extension) နှင့် ပြည်ပြန်ဝင်ခွင့် ဗီဇာ (Re-entry Visa) တို့ကို Online မှ လျှောက်ထားနိုင်ရန် e-Stay Extension website (https://estay.moip .gov.mm)ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှ စတင်ကာ တရားဝင်လွှင့်တင်ရန် စမ်းသပ်ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း သိရသည်။

 

e-Visa (Businnes) ရယူထားပြီး Online e-Stay Extension လျှောက်ထားလိုသူများအနေဖြင့် အသေးစိတ် သိရှိလိုပါက လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ နိုင်ငံခြားသားများရေးရာဌာန၊ ရုံးအမှတ် (၄၈) နေပြည်တော်၊ တယ်လီဖုန်းအမှတ် ၀၆၇-၃၄၃၁၅၁၅ သို့ လည်းကောင်း၊ အမှတ် (၁၁၂) ပန်းဆိုးတန်းလမ်း ရန်ကုန်မြို့ရှိ နေခွင့်ပြည်ပြန်ဝင်ခွင့်ဌာနစိတ်၊ တယ်လီဖုန်းအမှတ် ၀၁-၈၃၇၂၉၀၃ သို့ လည်းကောင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ထုတ်ပြန်လိုက်သည်။

 

#PeopleMedia #လဝက

 

(unicode)


……………………………………………………………

 


 


 


 


 



Share this post