• Follow Us on
Latest News

Home P-8I ဘက္စံုသံုးေရငုပ္သေဘၤာဖ်က္ေလယာဥ္ ၄ စင္း အိႏၵိယထပ္၀ယ္

P-8I ဘက္စံုသံုးေရငုပ္သေဘၤာဖ်က္ေလယာဥ္ ၄ စင္း အိႏၵိယထပ္၀ယ္

Share this post

နယူးေဒလီ၊ ဇူလိုင္ ၂၂

တ႐ုတ္ႏိုင္ငံတြင္ အဆင့္ျမင့္ႏ်ဴကလီးယားေရငုပ္သေဘၤာမ်ား႐ွိေနေသာ္လည္း အိႏၵိယႏိုင္ငံတြင္ မၾကာခင္ ဖ်က္စြမ္းအားျမင့္ေရငုပ္သေဘၤာဖ်က္လက္နက္မ်ား႐ွိလာေတာ့မည္။

အိႏၵိယသမုဒၶရာအတြင္း အိႏၵိယႏိုင္ငံ၏တာေ၀း ေရငုပ္သေဘၤာဖ်က္၊ ကင္းေထာက္၊ ေထာက္လွမ္းေရးႏွင့္ အီလက္ထေရာနစ္လႈိင္းျဖတ္စြမ္းရည္မ်ားကို လာမည့္ႏွစ္တြင္ အေမရိကန္ျပည္ေထာင္စုမွထပ္မံေရာက္႐ွိလာမည့္ P-8I ဘက္စံုသံုးေလယာဥ္မ်ားျဖင့္ ထပ္မံႁမွင့္တင္ႏိုင္မည္ျဖစ္သည္။

၂၀၂၁ ခုႏွစ္တြင္ ဘိုးအင္းကုမၸဏီထံမွ အဆိုပါေလယာဥ္ေနာက္ထပ္ ၆ စင္းထပ္မံ၀ယ္ယူရန္႐ွိေနေၾကာင္းလည္း ေဒလီႏွင့္ဆီယက္တယ္ၿမိဳ႕မ်ား႐ွိ ထိုကိစၥႏွင့္ပတ္သက္၍ရင္းႏွီးကၽြမ္း၀င္သူမ်ားကေျပာသည္။

P-8A Poseidon မ်ား၏အိႏိၵယေရတပ္အတြက္မ်ိဳးကြဲမ်ားျဖစ္သည့္ P-8Iမ်ားကို ေရေၾကာင္းကင္းလွည့္ရန္အတြက္ ဒီဇိုင္းထားျခင္းျဖစ္သည္။

Harpoon Block II ေ၀ဟင္ပစ္ဒံုးပ်ံမ်ား၊ အေပါ့စားေတာ္ပီဒိုမ်ားႏွင့္ေပါင္းစပ္ထားသည့္ကင္းေထာက္ေလယာဥ္သည္ သေဘၤာဖ်က္ဒံုးပ်ံမ်ားလည္းပစ္လႊတ္ႏိုင္သည့္ ေရငုပ္သေဘၤာဖ်က္သေဘၤာျဖစ္လာႏိုင္သည္။

ယခု၀ယ္ယူမႈသည္ ေတာင္တ႐ုတ္ပင္လယ္တြင္ လက္နက္တိုးခ်ဲ႕ရန္စီစဥ္ေနၿပီး ေရျပင္ႀကီးစိုးမႈခ်ဲ႕ထြင္ေနသည့္တ႐ုတ္ႏိုင္ငံေၾကာင့္ ျဖစ္ေၾကာင္း The Hindustan Times သတင္းစာကေဖာ္ျပသည္။

စစ္ေရးတြန္းအားအေနျဖင့္ တ႐ုတ္ႏိုင္ငံသည္ ျမန္မာ၊ သီရိလကၤာ၊ ပါကစၥတန္၊ အီရန္ႏွင့္ အေ႐ွ႕အာဖရိကတို႔မွဆိပ္ကမ္းမ်ားကို ရယူထားၿပီး အိႏၵိယေရတပ္ကိုထိန္းခ်ဳပ္ရန္သာမက အေမရိကန္ဗဟိုကြပ္ကဲေရးတပ္ဖြဲ႔မ်ားသာမက ျပင္သစ္ႏွင့္ၿဗိတိန္ေရတပ္မ်ား႐ွိေနျခင္းကို စိန္ေခၚရန္ရည္႐ြယ္သည္။

ဘဂၤလားပင္လယ္ေအာ္တြင္႐ွိေနသည့္ ျမန္မာႏိုင္ငံ၊ ေက်ာက္ျဖဴဆိပ္ကမ္းတြင္ တ႐ုတ္ႏိုင္ငံက ၇၀ ရာခိုင္ႏႈန္းပါ၀င္ထားၿပီး အိႏိၵယသမုဒၵရာကိုစိုးမိုးထားရန္ သီရိလကၤာႏိုင္ငံမွ ဟမ္ဘန္တိုတာဆိပ္ကမ္းတြင္လည္း ပါ၀င္သည့္အျပင္ အိုမန္ပင္လယ္ေကြ႕အ၀႐ွိ ပါကစၥတန္ႏိုင္ငံမွ ေဂၚဒါဆိပ္ကမ္းႏွင့္ ပါ႐ွန္းပင္လယ္ေကြ႕အစြန္း႐ွိ အီရန္ႏိုင္ငံမွဂ်က္စ္က္ဆိပ္ကမ္းတို႔တြင္လည္း တ႐ုတ္ႏိုင္ငံပါ၀င္ထားသည္။
Ref : Blue water mission: India getting more P-8I sub-killers

#PeopleMedia

(unicode)
P-8I ဘက်စုံသုံးရေငုပ်သင်္ဘောဖျက်လေယာဉ် ၄ စင်း အိန္ဒိယထပ်ဝယ်
………………………………………………..

နယူးဒေလီ၊ ဇူလိုင် ၂၂

တရုတ်နိုင်ငံတွင် အဆင့်မြင့်နျူကလီးယားရေငုပ်သင်္ဘောများရှိနေသော်လည်း အိန္ဒိယနိုင်ငံတွင် မကြာခင် ဖျက်စွမ်းအားမြင့်ရေငုပ်သင်္ဘောဖျက်လက်နက်များရှိလာတော့မည်။

အိန္ဒိယသမုဒ္ဓရာအတွင်း အိန္ဒိယနိုင်ငံ၏တာဝေး ရေငုပ်သင်္ဘောဖျက်၊ ကင်းထောက်၊ ထောက်လှမ်းရေးနှင့် အီလက်ထရောနစ်လှိုင်းဖြတ်စွမ်းရည်များကို လာမည့်နှစ်တွင် အမေရိကန်ပြည်ထောင်စုမှထပ်မံရောက်ရှိလာမည့် P-8I ဘက်စုံသုံးလေယာဉ်များဖြင့် ထပ်မံမြှင့်တင်နိုင်မည်ဖြစ်သည်။

၂၀၂၁ ခုနှစ်တွင် ဘိုးအင်းကုမ္ပဏီထံမှ အဆိုပါလေယာဉ်နောက်ထပ် ၆ စင်းထပ်မံဝယ်ယူရန်ရှိနေကြောင်းလည်း ဒေလီနှင့်ဆီယက်တယ်မြို့များရှိ ထိုကိစ္စနှင့်ပတ်သက်၍ရင်းနှီးကျွမ်းဝင်သူများကပြောသည်။

P-8A Poseidon များ၏အိန္ဒိယရေတပ်အတွက်မျိုးကွဲများဖြစ်သည့် P-8Iများကို ရေကြောင်းကင်းလှည့်ရန်အတွက် ဒီဇိုင်းထားခြင်းဖြစ်သည်။

Harpoon Block II ဝေဟင်ပစ်ဒုံးပျံများ၊ အပေါ့စားတော်ပီဒိုများနှင့်ပေါင်းစပ်ထားသည့်ကင်းထောက်လေယာဉ်သည် သင်္ဘောဖျက်ဒုံးပျံများလည်းပစ်လွှတ်နိုင်သည့် ရေငုပ်သင်္ဘောဖျက်သင်္ဘောဖြစ်လာနိုင်သည်။

ယခုဝယ်ယူမှုသည် တောင်တရုတ်ပင်လယ်တွင် လက်နက်တိုးချဲ့ရန်စီစဉ်နေပြီး ရေပြင်ကြီးစိုးမှုချဲ့ထွင်နေသည့်တရုတ်နိုင်ငံကြောင့် ဖြစ်ကြောင်း The Hindustan Times သတင်းစာကဖော်ပြသည်။

စစ်ရေးတွန်းအားအနေဖြင့် တရုတ်နိုင်ငံသည် မြန်မာ၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ အီရန်နှင့် အရှေ့အာဖရိကတို့မှဆိပ်ကမ်းများကို ရယူထားပြီး အိန္ဒိယရေတပ်ကိုထိန်းချုပ်ရန်သာမက အမေရိကန်ဗဟိုကွပ်ကဲရေးတပ်ဖွဲ့များသာမက ပြင်သစ်နှင့်ဗြိတိန်ရေတပ်များရှိနေခြင်းကို စိန်ခေါ်ရန်ရည်ရွယ်သည်။

ဘင်္ဂလားပင်လယ်အော်တွင်ရှိနေသည့် မြန်မာနိုင်ငံ၊ ကျောက်ဖြူဆိပ်ကမ်းတွင် တရုတ်နိုင်ငံက ၇၀ ရာခိုင်နှုန်းပါဝင်ထားပြီး အိန္ဒိယသမုဒ္ဒရာကိုစိုးမိုးထားရန် သီရိလင်္ကာနိုင်ငံမှ ဟမ်ဘန်တိုတာဆိပ်ကမ်းတွင်လည်း ပါဝင်သည့်အပြင် အိုမန်ပင်လယ်ကွေ့အဝရှိ ပါကစ္စတန်နိုင်ငံမှ ဂေါ်ဒါဆိပ်ကမ်းနှင့် ပါရှန်းပင်လယ်ကွေ့အစွန်းရှိ အီရန်နိုင်ငံမှဂျက်စ်က်ဆိပ်ကမ်းတို့တွင်လည်း တရုတ်နိုင်ငံပါဝင်ထားသည်။
Ref : Blue water mission: India getting more P-8I sub-killers

#PeopleMedia


Share this post