PDF ခေါင်းဆောင် ဗိုလ်လင်းမြွေကို အသေပစ်ခတ်နိုင်ပြီး လက်နက်/ခဲယမ်းများနှင့်အတူ ဆက်စပ်ပစ္စည်းများ အား သိမ်းဆည်းရရှိ

PUBLISHED - September 12, 2023
နေပြည်တော်၊ စက်တင်ဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကန်ကြီးရိုးကျေးရွာအနီးတွင် PDF ခေါင်းဆောင် ဗိုလ်လင်း မြွေကို လုံခြုံရေးတပ်ဖွဲ့များမှ အသေပစ်ခတ်နိုင်ပြီး လက်နက်/ခဲယမ်းများနှင့်အတူ ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရရှိနိုင်ကြောင်း သိရသည်။
စက်တင်ဘာလ ၁၀ ရက် နံနက် ၇ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့များမှ Light Truck ယာဉ်အား စစ်ဆေး ရန်အတွက် ရပ်ခိုင်းရာမှ ထိုယာဉ်မှ ရပ်တန့်ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးသောကြောင့် လုံခြုံရေး တပ်ဖွဲ့များမှ ထိုယာဉ်အား ပစ်ခတ်ခဲ့ကြောင်း သိရသည်။
ထိုယာဉ်မောင်းနှင်လာသူမှာ PDF ခေါင်းဆောင် ဗိုလ်လင်းမြွေဖြစ်ပြီး ၎င်းကိုအသေဖမ်းဆီးရရှိပြီး ယာဉ်ပေါ်တွင် စနိုက်ပါသေနတ် ၁ လက်၊ ၅.၅၆မမ ကျည် ၁၉ တောင့်၊ Drop Bomb ဗုံးသီး ၉ လုံး၊လက်လုပ်မိုင်း ၅ လုံး၊ အိုင် ကွန် ၄ လုံး၊ ရီမု ၅ ခု၊ ကီးပတ်ဖုန်း ၂ လုံး၊ ဆိုင်ကယ်ဘက်ထရီ ၇ လုံး၊ ကျောက်ဖြတ်စက် ၁ လုံး၊ သံဖြတ်စက် ၁ လုံး၊ ဝရိန်စက် ၁ လုံး၊ ဂတ်စ်အိုး ၄ လုံး၊ လေမှုတ်စက် ၁ လုံး၊ ကားလေထိုးတံ ၁ ခု၊ ခုံအသေး ၁ ခုနှင့် Light Truck အဖြူရောင်ကား ၁ စီးတို့ကို သိမ်းဆည်းရရှိကြောင်း သိရသည်။
Photo – Credit
#PeopleMedia