• Follow Us on
Latest News

Home PDF နှင့် EAO အဖွဲ့များ၏ လုပ်ဆောင်မှုများကြောင့် ကျောင်းနေအရွယ်ကျောင်းသား၊ ကျောင်းသူများ၏ ပညာ သင်ကြားမှု အခွင့်အရေးများဆုံးရှုံးထိခိုက်နစ်နာလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

PDF နှင့် EAO အဖွဲ့များ၏ လုပ်ဆောင်မှုများကြောင့် ကျောင်းနေအရွယ်ကျောင်းသား၊ ကျောင်းသူများ၏ ပညာ သင်ကြားမှု အခွင့်အရေးများဆုံးရှုံးထိခိုက်နစ်နာလျက်ရှိကြောင်း နစကဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ သြဂုတ် ၈

 

PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် အချို့သော EAO အဖွဲ့များ၏ လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသား ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေ လျက်ရှိသည့်အပြင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှုအခွင့်အရေးများ များစွာ ဆုံးရှုံးထိခိုက်နစ်နာစေလျက်ရှိကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ယမန်နေ့က နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ အသစ်ဖွဲ့စည်းထားသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များအား တွေ့ဆုံစဉ် ပြောကြားခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက တပ်မတော်အနေဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိစေရေး ယခင်ကတည်းက ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ယင်းတို့ကို NCA အပေါ် တွင် အခြေခံ၍ ဆောင်ရွက်လျက်ရှိကြောင်း၊ သို့သော် အချို့ သော EAO အဖွဲ့များအနေဖြင့် NCA သဘောတူ ညီချက်များကို လိုက်နာခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များ၌ ပါဝင်ဆောင်ရွက်ခြင်းကြောင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ပိုမိုဆိုးရွားလာခဲ့ကြောင်း၊ ထိုကဲ့သို့သော အကြမ်းဖက် လုပ်ရပ်များကြောင့် အချို့သောဒေသများတွင် တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေစိုးမိုးမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာမှုများရှိခဲ့ကြောင်း ပြောသည်။

 

မိမိတို့အနေဖြင့် နိုင်ငံတည်ငြိမ်အေးချမ်းအောင် ဆက်လက်ဆောင်ရွက်ပြီး ရည်မှန်းချက်တာဝန်များ အောင်မြင် အောင် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့နှင့် အချို့သော EAO အဖွဲ့များ၏ လုပ်ဆောင်မှုများကြောင့် တိုင်းရင်းသားဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးတို့ကို ထိခိုက်စေလျက်ရှိသည့်အပြင် ကျောင်းနေအရွယ် ကျောင်းသား၊ ကျောင်းသူများ၏ ပညာသင်ကြားမှု အခွင့်အရေးများ များစွာဆုံးရှုံးထိခိုက်နစ်နာစေလျက်ရှိကြောင်း၊ ထို့ပြင် ဒေသခံပြည်သူများ၏ အလုပ် အကိုင်အခွင့်အလမ်းများ ဆုံးရှုံး၍ လူမှုစီးပွားဘဝများ ထိခိုက်နစ်နာစေလျက်ရှိ သကဲ့သို့ တိုင်းပြည်၏ အနာဂတ်အတွက်လည်း ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို မဖြစ်မနေ ဆောင်ရွက်သွားကြရမည်ဖြစ် ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ငြိမ်းချမ်းရေး၊ ဒေသဖွံ့ဖြိုးရေးနှင့်ပတ်သက်၍ ရှေးရိုးစွဲကျသည့် အတွေးအခေါ်၊ အယူအဆများဖြင့် စဉ်းစားဆောင်ရွက်နေရုံဖြင့်မရဘဲ လက်ရှိနိုင်ငံ၏ ပကတိ အခြေအနေ များနှင့် ကိုက်ညီစွာ စဉ်းစားဆောင်ရွက်ကြရန်လိုကြောင်း၊ အလားတူ ပြင်ပမှ သွေးထိုးလှုံ့ဆော်မှုများကြောင့် NCA ကို မထိခိုက်စေရန်လည်း အထူးသတိပြုဆောင်ရွက်ရန်လိုကြောင်း၊ သမာသမတ်ကျသည့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးမှုများကို အလေးထားဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြောကြားသည်။

 

#PeopleMedia


Share this post