• Follow Us on

Home PDF နှစ်ဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်

PDF နှစ်ဦးအား အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

 

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် လူနှစ်ဦးအား  အရှင်လတ်လတ် မီးရှို့သတ်ဖြတ်နေသည့် ရုပ်သံဖိုင်အား ဖြန့်ဝေလျက်ရှိပြီး ၎င်းလုပ်ရပ်အား ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက ကျူးလွန်ခြင်းဖြစ်သည်ဟု ရေးသား ဖော်ပြလျက်ရှိကြောင်း သိရသည်။

 

၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ဒေသခံများထံမှ စုံစမ်းသိရှိရသည့် သတင်းရင်းမြစ် အချို့အရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ပထမအပတ်အတွင်း၌ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်၊ မြောက်ခင် ရန်းကျေးရွာတွင် လုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များ အား PDF အမည်ခံအကြမ်းဖက်သမားများက လာရောက်တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာဖြင့် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမားများအား အရှင်ဖမ်းဆီးရမိခဲ့ခြင်းမရှိကြောင်း ကနဦး သိရသည်။

 

ဆက်လက်စိစစ်ချက်များအရ လူမှုကွန်ရက်စာမျက်နှာများ၌ ဖြန့်ဝေလျက်ရှိသည့် ရုပ်သံဖိုင်၌ ရက်ရက်စက်စက် သတ်ဖြတ်ခံရသူနှစ်ဦးမှာ PDF အမည်ခံအကြမ်းဖက်သမားများဖြစ်ကြောင်းသိရှိရပြီး ၎င်းတို့အချင်းချင်း နယ်မြေ လုခြင်း၊ ငွေကြေးအရှုပ် အရှင်းများရှိခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များကို ဆက်လက် မလုပ်ဆောင်လိုခြင်း စသည့် အကြောင်းချင်းရာများကြောင့် အချင်းချင်းစိတ်သဘောထားမတိုက်ဆိုင်သဖြင့် ၎င်းတို့ အချင်းချင်း ယခုကဲ့သို့လုပ်ကြံသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ထိုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းကို ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင် များက လုပ်ဆောင်ခဲ့သည့်အသွင်ဖြင့် လုပ်ကြံဖန်တီး ရိုက်ကူးထားသည့် ရုပ်သံဖိုင်တစ်ခုသာဖြစ်ကြောင်း သိရ သည်။

 

PDF အမည်ခံအကြမ်းဖက်သမားများအနေဖြင့် ၎င်းတို့နှင့် သဘောထား မတိုက်ဆိုင်သူများနှင့် ၎င်းတို့ အလိုကိုလိုက်၍ လိုက်ပါဆောင်ရွက်ခြင်းမရှိသူများအား အကြောက်တရားများ လွှမ်းမိုးစေရန် အများပြည်သူ များရှေ့မှောက်၌ တာယာကွင်းစွပ်၍ မီးရှို့သတ်ဖြတ်ခြင်း၊ လည်လှီးသတ်ဖြတ်ခြင်း၊ ဝါးရင်းတုတ်ဖြင့် ရိုက်သတ် ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း စသည့် လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်များအား ကျူးလွန် လျက်ရှိသည်ကိုလည်း မကြာခဏဆိုသလို လူမှုကွန်ရက်စာမျက်နှာများ၌ စိတ်နှလုံးမချမ်းမြေ့ဖွယ် တွေ့မြင် နေရကြောင်း သိရသည်။

 

#PeopleMedia


Share this post