• Follow Us on

Home PDF များက ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဒုပါမောက္ခချုပ်အပါအဝင် ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေ

PDF များက ထားဝယ်နည်းပညာတက္ကသိုလ်ရှိ ဒုပါမောက္ခချုပ်အပါအဝင် ၃ ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၉

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ဘုရားမဲကျေးရွာအနီး လုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား ယမန်နေ့ နံနက် ၁၁ နာရီခွဲခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ကျေးရွာ၏ တောင်ဘက် မီတာ ၁၀၀ ခန့်အကွာမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာ၏တောင်ဘက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

 

၎င်းအဖွဲ့သည် နည်းပညာတက္ကသိုလ်(ထားဝယ်) အတွင်းသို့ ဝင်ရောက်ကာ ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်အောင်အပါဝင် ၃ ဦးအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ ကျောင်း၏အနောက်ဘက်သို့ ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

 

အဆိုပါရာဇဝတ်မှုများအတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ၊ ရာဇသတ်ကြီးနှင့် သက်ဆိုင်ရာ တည်ဆဲ ဥပဒေများဖြင့် ၎င်းတို့အပေါ် ထိရောက်စွာအရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရသော ဆရာ၊ ဆရာမများအား ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် အမြန်ဆုံးပြန်လည် ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက အပူတပြင်းရှာဖွေ ကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post