• Follow Us on

Home PDF များက ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာဘောလုံးကွင်း၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် လက်ပစ်ဗုံးဖြင့်ဖောက်ခွဲခဲ့သဖြင့် ပြည်သူ ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိ

PDF များက ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာဘောလုံးကွင်း၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် လက်ပစ်ဗုံးဖြင့်ဖောက်ခွဲခဲ့သဖြင့် ပြည်သူ ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရရှိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၃

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာ၌ ကိုးနဝင်းဘုရားပွဲပြုလုပ်နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားများက လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာ ဘောလုံးကွင်း၌ ကိုးနဝင်းဘုရားပွဲပြုလုပ် နေစဉ် ယမန်နေ့နံနက် ၁ နာရီ ၁၅ မိနစ်တွင် PDF အမည်ခံအကြမ်းဖက်သမား ၂ ဦးသည် ကော့ကဒွတ်ရွာ ဘက်မှ ဆိုင်ကယ် ၁ စီးဖြင့် ရောက်ရှိလာပြီး ဘောလုံးကွင်းတောင်ဘက် မီတာ ၅၀ ခန့်အကွာမှ လက်ပစ်ဗုံး ၁ လုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ၁ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

 

အထက်ပါဖြစ်စဉ်မှ ထိခိုက်ဒဏ်ရာရရှိသူများအား တောင်စွန်းလူမှုကူညီ ကယ်ဆယ်ရေးအသင်းယာဉ်ဖြင့် ဘီးလင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post