PDF များက Drone ယာဉ်ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ယာကြီးပြင်ကျေးရွာအတွင်းရှိ ကလေး (၃) ဦးနှင့် အမျိုးသမီး (၄) ဦး ဒဏ်ရာရ
PUBLISHED - July 28, 2023
နေပြည်တော်၊ ဇူလိုင် ၂၈
မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ယာကြီးပြင်ကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင်များက Drone ယာဉ်ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့သဖြင့် ကလေး (၃) ဦးနှင့် အမျိုးသမီး (၄)ဦး ဗုံးသီးစထိမှန်ဒဏ်ရာရရှိခဲ့ သည်။
ဇူလိုင်လ (၂၆) ရက် ည (၇) နာရီခွဲအချိန်က ယာကြီးပြင်ကျေးရွာအတွင်းသို့ PDF အဖွဲ့ဝင်များမှ Drone ယာဉ်ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb ၉ လုံး၊ ရွာဦး ဘုန်းကြီး ကျောင်းတွင် Drop Bomb ၅ လုံး၊ ကျေးရွာ၏ မြောက်ဘက် လုံခြုံရေးကင်းနေရာသ့ို ရှော့တိုက်ဗုံးသီး ၁၁ လုံး၊ ရွာဦးဘုန်းကြီးကျောင်းဝင်းအတွင်း ရှော့တိုက်ဗုံးသီး ၅ လုံးတို့ ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှုကြောင့် ကျေးရွာနေ မသူသူမြင့် (၉)နှစ်၊ မကံ့ကော်ဖြိုး (၉)နှစ်၊ မသဇင်ဖြိုး (၆)နှစ်၊ မဇင် ဇင်ဦး (၃၀)နှစ်၊ ဒေါ်တင်ထွေး (၆၀)နှစ်၊ ဒေါ်စိုးစိုးမြင့် (၄၂)နှစ်နှင့် ဒေါ်ကြင်သန်း (၅၅)နှစ်တို့တွင် ဗုံးသီးစထိမှန် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယင်းနောက်တွင် ဒဏ်ရာရသူများအား ကျေးရွာသူ/သားများမှ လိုအပ်သောဆေးဝါး ကုသမှုပေးလျက်ရှိပြီး လုံခြုံ ရေးတပ်ဖွဲ့ဝင်များက ပေါက်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
#PeopleMedia