• Follow Us on

Home PDF များမှ စာသင်ကျောင်းများမဖွင့်ရန် ကျောင်းသော့များနှင့် ကျောင်းဆရာမများ၏ ဖုန်းများယူဆောင် သွား

PDF များမှ စာသင်ကျောင်းများမဖွင့်ရန် ကျောင်းသော့များနှင့် ကျောင်းဆရာမများ၏ ဖုန်းများယူဆောင် သွား

Share this post

နေပြည်တော်၊ သြဂုတ် ၁၆

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့၊ အိုးဘိုကျေးရွာရှိ အ-မ-က ကျောင်းကို PDF များမှ စာသင် ကျောင်းများမဖွင့်ရန် ကျောင်းသော့များနှင့် ကျောင်းဆရာမများ၏ ဖုန်းများယူဆောင်သွားကြောင်း သိရ သည်။

 

မကြာသေးမီရက်ပိုင်းက PDF များမှ မျက်နှာဖုံးစွပ်ပြီး အိုးဘိုကျေးရွာရှိ အ-မ-က ကျောင်းသို့ ရောက်ရှိ လာပြီး ကျောင်းရှိ ကျောင်းဆရာမများကို ကျောင်းမဖွင့်ရန်ခြိမ်းခြောက်ပြီး၊ ကျောင်းသော့တွဲနှင့် ကျောင်း ဆရာမများ၏ ဖုန်းများကို ယူဆောင်သွားကြောင်း သိရသည်။

 

“ဆရာမ (၄) ယောက်ရှိတယ်။ ကျောင်းပိတ်ဖို့ခြိမ်းခြောက်သွားတယ်။ ကျောင်းသော့တွဲကိုလည်း ယူဆောင် သွားတယ်။ ဆရာမတွေရဲ့ ဖုန်းတွေကိုလည်း ယူဆောင်သွားတယ်။ ခုလက်ရှိတော့ ကျောင်းပိတ်ထားရ တယ်၊ ဒီနေ့တစ်နေ့လုံး အဲ့ဒီဘက်မှာ သေနတ်တွေပစ်ခတ်နေတာ၊ လုံခြုံရေးတွေလာရင် PDF တွေက ထွက်ပြေးတယ်၊ သူတို့တွေပြန်သွားရင် PDF တွေက ရွာထဲပြန်ဝင်လာတယ်” လို့ သိရတယ်။

 

အလားတူ သြဂုတ်လ ၁၅ ရက်နေ့တွင်လည်း ရွှေဘိုမြို့၊ မင်းကုန်းရွာရှိ အ-မ-က ကျောင်းကို PDF များမှ ကျောင်းပိတ်ရန်အတွက် စာကပ်ပြီးခြိမ်းခြောက်သွားကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post