PDF များမှ ဒရုန်းများဖြင့် ကျေးရွာအတွင်းသို့ ပစ်ချတိုက်ခိုက်ရာမှ အသက် (၉၀) နှစ်အရွယ် အမျိုးသမီးကြီး အပါအဝင် (၅) ဦး ဒဏ်ရာရရှိ
PUBLISHED - September 2, 2023
နေပြည်တော်၊ စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာသို့ ဒရုန်းများဖြင့် ပစ်ချတိုက်ခိုက်ရာ အသက် (၉၀) နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးအပါအဝင် (၅) ဦးအနက် (၃) ဦးမှာ ဒဏ်ရာအပြင်းအထန်ရရှိပြီး (၂) ဦးမှာ ဒဏ်ရာမပြင်းထန်ကြောင်း သိရသည်။
စက်တင်ဘာလ ၁ ရက် မွန်းလွဲ ၂:၃၅ အချိန်တွင် ရွာသာယာကျေးရွာ၏ အနောက်ဘက် ၅ မိုင်ခန့်အကွာ၊ ဝက်လက်မြိ့ရှိ ရေလည်မှော်ကျေးရွာဘက်မှ ဒရုန်း ၂ စီးမှ ဒရုန်းဗုံး ၃ လုံးဖြင့် မီတာ ၈၀၀ ခန့်အမြင့်မှ ပစ်ချ တိုက်ရာခဲ့ကြောင်း သိရသည်။
ထိုပစ်ချတိုက်ခိုက်မှုကြောင့် အသက်အန္တရာယ်မစိုးရသူများမှာ အသက် (၉၀) နှစ်အရွယ် ဒေါ်ထွေးကြည်၏ နောက်ကျော၌ ဗုံး စထိမှန်၊ဘာ်လက်ဖျံပေါက်ပြဲ၊ဘယ်ဘက်လက်ခလယ်နှင့်လက်သူကြွယ်ကျိုးတို့တွင် (မစိုး ရိမ်ရ) သည့် ဒဏ်ရာ၊ အသက် (၄၇) နှစ်အရွယ် ဒေါ်တင်တင်ခိုင် မှာ (လယ်/ပြ၊အထကခွဲ၊ဟင်္သါဖို) ညာဘက် လက်မောင်း၊ ညာဘက်ချိုင်းအောက်နှင့် ဘယ်ဘက်/ညာဘက်ခြေသလုံးပေါက်ပြဲ(မစိုးရိမ်ရ) ကြောင်း သိရ သည်။
ထို့ပြင် ဗုံးထိမှန်မှုကြောင့် စိုးရိမ်ရသူများမှာ အသက် (၄၂) နှစ်အရွယ် ဦးကျော်နိုင်မှာ ဦးခေါင်းညာဘက် ချို စောင်း၊ ညာဘက်နားရွက်၊ ညာဘက် မေးစေ့၊ ညာဘက်လက်ဖျံ၊ ညာဘက်ချိုင်းအောက်၊ ဘယ်ဘက်ပေါင်၊ ဘယ်ဘက်ခြေသလုံးနှင့် ညာဘက်ဖနောင့် တို့တွင် (စိုးရိမ်ရ) သည့် ဒဏ်ရာ၊ အသက်(၂၀) နှစ်အရွယ် မောင်ဇွဲ လင်းကျော် ညာဘက်ခါးဆစ်၊နောက်ကျော၊တင်ပါးဆုံ၊ ညာဘက် ခြေသလုံး၊ ဘယ်/ညာပေါင်၊ ညာချိုစောင်း တို့တွင် (စိုးရိမ်ရ) သည့်ဒဏ်ရာနှင့် အသက်(၅၀) နှစ်အရွယ် ဒေါ်သီသီခိုင် နောက်စေ့၊ ဘယ်ပါး၊ ဘယ်နားရွက် ဘယ်ဘက်တင်ပါးဆုံနှင့် နောက်ကျောတို့တွင်(စိုးရိမ်ရ)သည့် ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
Photo – Credit
#PeopleMedia