• Follow Us on

Home PDF များမှ ရပ်ကွက်အတွင်း သေနတ်များဖြင့် ပစ်ခတ်ရာ အမျိုးသမီးနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

PDF များမှ ရပ်ကွက်အတွင်း သေနတ်များဖြင့် ပစ်ခတ်ရာ အမျိုးသမီးနှစ်ဦး ကျည်ထိမှန်ဒဏ်ရာရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၁

 

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ (ခ) ရပ်ကွက်၊ ရပ်တော်မူဘုရားလမ်းသို့ PDF များမှ မော်တော်ယာဉ်တစ်စီးဖြင့်ရောက်ရှိလာပြီး သေနတ်များဖြင့် ပစ်ခတ်ရာ အမျိုးသမီးနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၁၉ ရက် မွန်းလွဲ ၃:၂၀ အချိန်တွင် မော်တော်ယာဉ်တစ်စီးပေါ်တွင် PDF (၁၀) ဦးခန့်လိုက်ပါလာပြီး လက်နက်များဖြင့် ပစ်ခတ်ရာ ရပ်တော်မူဘုရားလမ်းရှိ နေအိမ်ဈေးဆိုင်တွင် ဈေးရောင်းနေသည့် အမျိုးသမီး တစ်ဦးနှင့် ဈေးဝယ်နေသည့် အမျိုးသမီးငယ်တို့ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

ထိုဒဏ်ရာရရှိသူများမှာ ဈေးရောင်းသူ အသက် (၃၈) နှစ်အရွယ် ဒေါ်သွယ်သွယ်ဝင်းနှင့် ဈေးဝယ်သူ အသက် (၁၈) နှစ်အရွယ် မနန္ဒာဝင်းချယ်တို့မှာ ကျည်ထိမှန်၍ ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post