PDF များမှ ဥူးဇင်းတစ်ပါးကို လူဝတ်လဲခိုင်း၍ ဓားဖြင့်ခုတ်သတ်

PUBLISHED - August 3, 2023
နေပြည်တော်၊ သြဂုတ် ၃
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့၊ ကွင်းကျယ်ကျေးရွာအုပ်စုရှိ နတ်ရုပ်ကြီး ဘုန်းကြီး ကျောင်းတွင် သတင်းသုံးနေထိုင်သည့် ဥူးဇင်းတစ်ပါးကို PDF များမှလူဝတ်လဲခိုင်းပြီးနောက် ဓားဖြင့် ခုတ် သတ်သွားကြောင်း သိရသည်။
ဇူလိုင်လ ၃၀ ရက် ည ၁၁:၃၀ အချိန်တွင် PDF များမှ နတ်ရုပ်ကြီးဘုန်းကြီးကျောင်းသို့ ရောက်ရှိလာပြီး ထို ကျောင်းတွင် သတင်းသုံးနေထိုင်သည့် ဥူးဇင်းတစ်ပါးကို လူဝတ်လဲခိုင်းပြီးနောက် ကျောင်းပေါ်မှဆင်းခိုင်းပြီး ဓားဖြင့်ခုတ်သတ်သွားကြောင်း သိရသည်။
ထိုဓားခုတ်ခံရမှုကြောင့် ပျံလွန်တော်မူသွားသည့် ဦးပညာသာမိ သက်တော် (၄၃) နှစ်၊ ဝါတော် (၁၉) ဝါရှိ ကြောင်း၊ PDF များမှာ ဦးပညာသာမိ၏ လည်ပင်းတွင် ၁ ချက်နှင့် ညာဘက်နားတွင် ၁ ချက်တို့ ဒဏ်ရာများရရှိ၍ ပျံလွန်တော်မူသွားကြောင်း သိရသည်။
Photo – Credit
#PeopleMedia