• Follow Us on

Home PDF များ၏ Drone ယာဉ်တစ်စီး သိမ်းဆည်းရရှိ

PDF များ၏ Drone ယာဉ်တစ်စီး သိမ်းဆည်းရရှိ

Share this post

နေပြည်တော်၊ ဇူလိုင် ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ ဘန့်ဘွေးကျေးရွာအနီးတွင် PDF များ၏ Drone ယာဉ်တစ်စီးကို လုံခြုံရေးတပ်ဖွဲ့မှ ပစ်ချသိမ်းဆည်းရရှိကြောင်း သိရသည်။

 

ဇူလိုင်လ ၁၃ ရက်နေ့တွင် လုံခြုံရေးတပ်ဖွဲ့မှ ယင်းမာပင်မြို့ရှိ ကျေးရွာများကို လုံခြုံရေးဆောင်ရွက်နေစဉ် ဘန့် ဘွေးကျေးရွာအနီးတွင် PDF များမှ လက်လုပ်ဗုံးသီးများချိတ်ဆွဲ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များပေါ်သို့ ဗုံးပစ်ချရန်ပြင် ဆင်နေစဉ်အတွင်း ထိုဒရုန်းကိုလုံခြုံရေးတပ်ဖွဲ့မှ အချိန်မီပစ်ချသိမ်းဆည်းရရှိကြောင်း သိရသည်။

 

ယင်းဖြစ်စဉ်နှင့်အတူ ဇူလိုင်လ ၁၀ ရက် ညနေ (၄) နာရီအချိန်တွင် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ်အတွင်း PDF များမှ လုံခြုံရေး တပ်ဖွဲ့များပေါ်သို့ ဒရုန်း(၂) စီးဖြင့် ပစ်ချတိုက်ခိုက်ရာ Drone တစ်စင်းမှာ ပေါက်ကွဲပြီး ကျန် Drone တစ်စီးကို ပစ်ချသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#Newvisionmedia


Share this post