• Follow Us on
Latest News

Home PDF လူငယ်များအပေါ် KIO၊ KIA လက်နက်ကိုင်အဖွဲ့အစည်းက ဖိနှိပ်ချုပ်ချယ်မှုပြုလုပ်နေ

PDF လူငယ်များအပေါ် KIO၊ KIA လက်နက်ကိုင်အဖွဲ့အစည်းက ဖိနှိပ်ချုပ်ချယ်မှုပြုလုပ်နေ

Share this post

မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၁၈

 

ကချင်ပြည်နယ်အတွင်းက PDF လူငယ်များအပေါ် KIO၊ KIA လက်နက်အဖွဲ့အစည်းမှ ဖိနှိပ်ချုပ်ချယ်ကာ လူမျိုးကြီးဝါဒကျင့်သုံးပြီး အနိုင်ကျင့်လျက်ရှိနေကြောင်း မြေပြင် PDF များနှင့် နီးစပ်သူထံမှ သိရသည်။

 

“မန်ဒေါင်၊ မန်ဝိန်း၊ ဆဒုံး၊ ဝါရှောင် စန်းခါး၊ တာစန့် အဲ့ဒီဘက်က မြို့တွေ၊ ရွာတွေကို ရောက်နေကြတဲ့ PDF လူငယ်တွေကို KIA အဖွဲ့က ဖိနှိပ်ချုပ်ချယ်တာတွေ အရမ်းလုပ်နေကြတာ ဟုတ်တယ်။ PDF လူငယ်တွေကို နေ့တိုင်း ကင်းစောင့်ခိုင်းတယ်။ ဘယ်မှ ပေးမသွားခိုင်းဘူး။ ဘာဖုန်းမှလည်း ပေးမကိုင်ခိုင်းဘူး။ သူတို့ပဲ ရွာထဲ၊ မြို့ထဲမှာ ဆိုင်ကယ်၊ ကား တဝီဝီနဲ့ သွားလာသောက်စား မူးယစ်ပျော်ပါးနေကြတယ်။ PDF လူငယ်တွေကို အကြောက်တရားနဲ့ ဖိနှိပ်ချုပ်ချယ်ပြီး အနိုင်ကျင့်ဗိုလ်ကျနေတယ်” ဟု ၎င်းကပြောသည်။

 

ထို့အပြင် အထက်ပါကျေးရွာ၊ မြို့များအတွင်းက အိမ်မွေးတိရစ္ဆာန်ခွေးများကိုပါ KIO၊ KIA လက်နက်ကိုင်အဖွဲ့အစည်းက လက်ရှိကာလအတွင်း၌ မွေးမြူခွင့်မပေးပဲ ခွေးများကို လိုက်လံသတ်ဖြတ်ခြင်းများကိုပါ လုပ်ဆောင်နေကြောင်းအထက်ပါဒေသခံတစ်ဦးကဆိုသည်။

 

“ခွေးတောင် လွတ်လွတ်လပ်လပ်မွေးခွင့်မရဘူး။ သူတို့ ညဘက် လူသစ်စုဆောင်းဖို့ ရွာထဲလာရင် ခွေးတွေဟောင်လို့ဆိုပြီး ရွာဘက်မှာ ခွေးလေးကောင်လောက်ကို သေနတ်နဲ့ပစ်သတ်သွားတယ်။ ပြီးတော့ ခွေးမမွေးဖို့ကိုလည်း ပြောသွားသေးတယ်”ဟု ကျေးရွာခံတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်တွင် KIO၊ KIA လက်နက်ကိုင်အဖွဲ့မှ ဗန်းမော်မြို့သိမ်းတိုက်ပွဲ၌ ထိခိုက်သေဆုံးသူ များပြားလျက်ရှိနေခြင်းကြောင့် ပြည်နယ်အတွင်းက လူငယ်၊ လူလတ်၊ လူကြီးပိုင်းများကိုပါ လူသစ်စုဆောင်းခြင်း ပြုလုပ်လျက်ရှိနေပြီး MEC ဖုန်းများကိုပါလိုက်လံသိမ်းဆည်းနေကြောင်း ဗန်းမော်စစ်ဘေးရှောင်ပြည်သူများထံမှသိရသည်။

 

Photo – ဗန်းမော်တိုက်ပွဲ၌ သေဆုံးသွားသော စစ်သွေးကြွများ

 

ရန်ကျော်

 

#PeopleMedia


Share this post