• Follow Us on
Latest News

Home PDF သတင်းပေးလုပ်နေသည့် ကျန်းမာရေးဌာနမှ CDM ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးရမိ

PDF သတင်းပေးလုပ်နေသည့် ကျန်းမာရေးဌာနမှ CDM ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၆

 

ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၊ မင်းရပ် ရပ်ကွက်၊ ဗိုလ်အောင်ကျော်လမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှု အခြေအနေများကို PDF အဖွဲ့များထံ ပေးပို့နေသည့် ကျန်းမာရေးဌာနမှ CDM ဝန်ထမ်း တစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

လက်ပံတန်းမြို့ ဗိုလ်အောင်ကျော်လမ်းတွင် နေထိုင်သည့် အသက် (၃၈)နှစ်အရွယ် မခင်ငြိမ်းငြိမ်းစံ (ခ) ချစ်စုသည် လက်ပံတန်းမြို့နယ်ရှိ ရွှေတန်းမြေ PDF အဖွဲ့ဝင်များနှင့် အဆက်အသွယ်ပြုလုပ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှု အခြေအနေများကို PDF အဖွဲ့များထံ ပေးပို့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ခေါ်ဆောင်စစ်ဆေးခဲ့သည်။

 

ထိုသို့ စစ်ဆေးရာတွင် မခင်ငြိမ်းငြိမ်းစံအနေဖြင့် ကျန်းမာရေးအထွေထွေဝန်ထမ်း အဖြစ်မှ CDM ပြုလုပ်ခဲ့ပြီး တစ်ရပ်ကွက်တည်းနေ ခင်မင်ရင်းနှီးသူ မော်စီ (ခ) စောမျိုးချစ်၏ ဆက်သွယ်ပေးမှုဖြင့် ရွှေတန်းမြေ PDF အဖွဲ့တာဝန်ခံ ကိုကိုအောင် (၃၇)နှစ်နှင့် ရင်းနှီးခဲ့၍ ထောက်ပံ့ကြေးငွေ (၂)သိန်း ရယူကာ လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ လှုပ်ရှားသွားလာမှုများကို ပေးပို့ခဲ့ကြောင်း သိရသည်။

 

ယင်းနောက်တွင် ကိုကိုအောင်၏ အဆက်အသွယ်ဖြင့် သာယာဝတီခရိုင်အတွင်းရှိ PDF အဖွဲ့ဝင်များကို ငွေကြေးထောက်ပံ့နေသည့် စင်ကာပူတွင် နေထိုင်သူ Ngweli Min Maung Facebook Account ထံမှ ငွေကျပ် (၂)သောင်းကျပ်စီ လေးကြိမ်ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

 

၎င်းနောက် မခင်ငြိမ်းငြိမ်းစံသည် လက်ပံတန်းမြို့နယ် ဇီးဖြူကုန်းကျေးရွာတွင် နေထိုင်သည့် ရိုးလင်း၊ ကိုဖြိုး ကျွန်းကလေးကျေးရွာတွင် နေထိုင်သည့် အောင်သူ (ခ) Solar တို့နှင့် အဆက်အသွယ်ရရှိခဲ့ပြီး ယင်းတို့မှ ဆက်သွယ်လာချိန် လိုအပ်သည်များကို ကူညီပေးရန် ပြောဆိုမှုအပေါ် လက်ခံခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post