PDF အဖွဲ့၏ ဆောင်ရွက်ချက်များကို တုန့်ပြန်ရန် အမျိုးသားရေးတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး မကြာမှီကာလ၌ လှုပ်ရှားမှု စတင်မည်ဟု ပြောဆိုချက်အပေါ် People Media မှ ဧရာဝတီအမျိုးသားတပ်ဖွဲ့ (ANF) နှင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
PUBLISHED - September 3, 2021
People Media – ဧရာဝတီအမျိုးသားရေးတပ်ဖွဲ့ဆိုတာဘာလဲဆိုတာ သိပါရစေ။
ANF – ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အကြမ်းဖက်သမားများအား တပ်မတော်နှင့်အတူ ယှဉ်တွဲနှိမ်နင်းရန်၊ တပ်မတော်နှင့်အတူ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ရန်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အလေးထားဆောင်ရွက်ရန်၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ်လာရေး ကို ပူးပေါင်းပါဝင်ဖော်ဆောင်ရန်၊ နိုင်ငံတော်နှင့် အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအတွက် တပ်မတော်၏ အရံအင်အားအဖြစ် ထာဝရလက်တွဲဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက် (၅) ချက်နဲ့ ဖွဲ့စည်းထားပါတယ်။
People Media – ဧရာဝတီအမျိုးသားရေးတပ်ဖွဲ့က ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးမှာ ဖွဲ့စည်းနိုင်ပြီလား။ တစ်မြို့နယ်မှာ အင်အားဘယ်လောက်ရှိမလဲ။
ANF – ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးမှာ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ တစ်မြို့နယ်မှာ ကျား/မ အနည်းဆုံးအင်အား ၁၀၀ ဦးရေ ရှိပါတယ်။ ရန်ကုန်တိုင်းမှာရှိတဲ့အဖွဲ့နဲ့ ချိတ်ဆက်ထားပြီးပါပြီ။
People Media – ဧရာဝတီအမျိုးသားရေးတပ်ဖွဲ့ထဲမှာ ဘယ်လို လူတန်းစားအလွှာတွေ ပါဝင်လဲ ခင်ဗျ။
ANF – ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အမှန်တရားချစ်မြတ်နိုးသူတွေ အများဆုံးပါဝင်ပါတယ်။
People Media – ဧရာဝတီအမျိုးသားရေးတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုက ဘယ်တော့လောက် စတင်မယ်လို့ ပြောနိုင် မလဲ။
ANF – အချိန်အတိုင်းအတာတစ်ခုထိ သည်းခံသလောက် သည်းခံပြီး ဖြစ်တဲ့အတွက် တန်ပြန်သက်ရောက်မှုမျိုး တွေ ဖြစ်လာမှာပါ။ အမြန်ဆုံး အကောင်ထည်ဖော်တော့မှာပါ။ အခုလို မေးမြန်းမှုကို ဖြေကြားပေးတဲ့အတွက် People Media က ကျေးဇူးတင်ရှိပါတယ်။
#PeopleMedia
(unicode)
#PeopleMedia