PDF အဖွဲ့များကို ထောက်ပို့လုပ်နေသည့် ကြံ့ခိုင်ရေးရပ်ကွက်တွင် နေထိုင်သူတစ်ဦးကို ဖမ်းဆီးရမိ
PUBLISHED - February 13, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့၊ ကြံ့ခိုင်ရေးရပ်ကွက်တွင်နေထိုင်သည့် ကြံ့ခိုင်ရေးပါတီဝင်တစ်ဦး မှ PDF အဖွဲ့များကို ထောက်ပို့လုပ်နေခြင်းကြောင့် လုံခြုံရေးတပ်ဖွဲ့မှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၁၀ ရက် ညပိုင်းအချိန်တွင် ကြံ့ခိုင်ရေးရပ်ကွက်တွင် နေထိုင်သည့် ဆိုင်ကယ်ပြုပြင်ရေးလုပ်ငန်း လုပ်ကိုင်သူ မြသန်း(ခ)ဆရာစံကို လုံခြုံရေးတပ်ဖွဲ့မှစစ်ဆေးရာ မြသန်း၏ ထွက်ဆိုချက်အရ ၎င်းမှာတပ်မတော် အာဏာထိန်းပြီးနောက် တရားမဝင်ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီးနောက် YPDF များအတွက် ထောက်ပံ့ငွေများကို လိုက်လံကောက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါအမျိုးသား၏ ထွက်ဆိုချက်အရ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလအတွင်း ရေးမြို့နယ်၊ YPDF အဖွဲ့ထံကနေ GLOCK ပစ္စတို ၁ လက်၊ ကျည် ၅၀ တောင့်၊ ကျည်အိမ်(၂)ခု၊ ZORAKI M-906-TD ပစ္စတို ၁ လက်၊ ကျည် ၃၀ တောင့်၊ ကျည်အိမ် ၁ ခု ဝယ်ယူခဲ့ကြောင်း၊ အလားတူ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လတွင် RETAY 84 FS ပစ္စတို ၁ လက်၊ ကျည် ၁၄ တောင့်၊ ကျည်အိမ် ၂ ခု ဝယ်ယူခဲ့ပြီး ၂၀၂၃ခုနှစ်၊ နိုဝင် ဘာ ၁၁ ရက်နေ့တွင်လည်း ၉ လုံးကျည် သေနတ် ၁ လက်နှင့် ကျည် ၂၅ တောင့်တို့ကို ဝယ်ယူလက်ခံခဲ့ကြောင်း ထိုအမျိုးသားများ သံဖြူဇ ရပ်မြို့မရဲစခန်းတွင် ဥပဒေပုဒ်မ-၅၀ (ည)/၅၀(ဈ)/၅၂(က)နဲ့ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
Photo – Credit
#PeopleMedia