• Follow Us on

Home PDF တို့၏ ခြိမ်းခြောက်မှုကြောင့် နုတ်ထွက်သွားသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး (၃၁၇၆) ဦး ရှိခဲ့ရာ (၂၆၁၉) ဦးအား ပြန်လည်ခန့်အပ်ထားနိုင်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးပြောဆို

PDF တို့၏ ခြိမ်းခြောက်မှုကြောင့် နုတ်ထွက်သွားသည့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး (၃၁၇၆) ဦး ရှိခဲ့ရာ (၂၆၁၉) ဦးအား ပြန်လည်ခန့်အပ်ထားနိုင်ပြီဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးပြောဆို

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၅ (People Media)

 

CRPH, NUG, PDF တို့၏ ခြိမ်းခြောက်မှုကြောင့် နုတ်ထွက်သွားသည့် ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး (၃၁၇၆) ဦးရှိခဲ့ရာ (၂၆၁၉) ဦးအား ပြန်လည်ခန့်အပ်ထားနိုင်ပြီဖြစ်ပြီး မြို့ရွာလုံခြုံရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ပြည်ထောင်စုဝန်ကြီးသည် တရုတ်နိုင်ငံ South China Morning Post သတင်းဌာန၏ တိုက်ပွဲများဖြစ်ပွားနေ သည့် ရခိုင်၊ ချင်းနှင့် ကယားပြည်နယ်တို့ကဲ့သို့သော နိုင်ငံ၏အစွန်အဖျားဒေသများ၌ ထိန်းချုပ်မှု စိုးမိုးမှု ဆုံးရှုံး နေပါသလား မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်လည်ဖြေကြားခဲ့စဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

“နိုင်ငံရဲ့ နေရာဒေသအားလုံးမှာ လုံခြုံတည်ငြိမ်ရေးကို လုံးဝထိန်းချုပ်ထားနိုင်ပြီး တိုင်းဒေသကြီး/ ပြည်နယ် တွေက ရပ်ကွက်/ ကျေးရွာအုပ်စု ၁၆၃၇၀ မှာ အုပ်ချုပ်ရေးမှူး ၁၅၇၄၂ ဦး ခန့်အပ်ပြီး ဖြစ်ပါတယ်။ CRPH, NUG, PDF တို့ရဲ့ ခြိမ်းခြောက်မှုကြောင့် နုတ်ထွက်သွားတဲ့ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူး ၃၁၇၆ ဦးရှိခဲ့ရာ မှာ ၂၆၁၉ဦးကို ပြန်လည်ခန့်အပ်ထားနိုင်ပြီဖြစ်တဲ့အတွက် မြို့ရွာလုံခြုံရေးကို အပြည့်အဝဆောင်ရွက်နိုင်ပါ တယ်“ ဟု ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ပြောသည်။

 

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက CRPH, NUG, PDF စသည့် အကြမ်းဖက်အဖွဲ့အစည်းများသည် လမ်း ပန်းဆက်သွယ်ရေး ခက်ခဲသည့် ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အချို့ ဒေသများတွင် အကြမ်းဖက်မှုလုပ်ရပ် များကို မကြာခဏလုပ်ဆောင်ပြီး လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှုမရှိကြောင်း ဝါဒဖြန့် ဆောင်ရွက်နေကြကြောင်း၊ ယခုကဲ့သို့ အကြမ်းဖက် ဥပဒေမဲ့ ရမ်းကားသည့်လုပ်ရပ်များကြောင့် ပြည်သူများသည် အသက်အိုးအိမ် စည်းစိမ်လုံခြုံမှုမရှိဘဲ စိုးရိမ် ကြောင့်ကြစွာ၊ စိတ်မချမ်းသာစွာ နေထိုင် နေကြရပြီး တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အစရှိသည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအနေဖြင့် ဒေသတွင်းတည်ငြိမ်အေးချမ်းမှုရရှိစေရေးနှင့် တရားဥပဒေစိုးမိုးမှုရှိစေရေးအတွက် လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများကို အချိန်ပြည့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 

#PeopleMedia


Share this post