• Follow Us on
Latest News

Home PDF များ၏ ခြိမ်းခြောက်မှုကြောင့် ရေစကြိုမြို့နယ်ရှိ ဆေးရုံများ၊ စာသင်ကျောင်းများ ပိတ်ထား

PDF များ၏ ခြိမ်းခြောက်မှုကြောင့် ရေစကြိုမြို့နယ်ရှိ ဆေးရုံများ၊ စာသင်ကျောင်းများ ပိတ်ထား

Share this post

ရေစကြို၊ မတ် ၃ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်ရှိ စာသင်ကျောင်းများ၊ မြို့ပေါ်ရှိ စာသင်ကျောင်းများနှင့် တိုက်နယ်ဆေးရုံများ၊ မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးသည် PDF အဖွဲ့၏ ခြိမ်းခြောက်မှုကြောင့် ပိတ်ထားကြောင်း သိရပါတယ်။

 

ရေစကြိုမြို့နယ်ရှိ အခြေခံ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများပါအဝင် မြို့ပေါ်ရှိ ပညာရေး ကျောင်းများသည် မတ်လ (၃) ရက်နေ့မှ စတင်၍ ပိတ်လိုက်ရပြီဖြစ်ကြောင်း ဒေသခံများ၏ ဆက်သွယ်ပြောဆို ချက်အရ သိရပါတယ်။

 

“ပညာရေးဝန်ထမ်းတွေကို အွန်လိုင်းကနေ စာတွေပို့တယ်။ ကျောင်းအုပ်ဆရာမကြီးတွေရော ဆရာ/ဆရာမတွေ ရော စာလိုက်ပို့တယ်။ ကျောင်းတွေ ဆက်ဖွင့်ရင် မိသားစုဝင်တွေရော ကျောင်းဖွင့်တဲ့သူတွေရဲ့ အသက်တွေကို တာဝန်မယူဘူးလို့ စာပို့တယ်။ အခု မတ်လ ၃ ရက်နေ့က စပြီး ကျောင်းတွေ ပိတ်လိုက်ရပါပြီ” လို့ ပညာရေးဝန် ထမ်းတစ်ဦးက ပြောပါတယ်။

 

အလားတူ မတ်လ ၁ ရက်နေ့၌ ရေစကြိုမြို့နယ်ရှိ တိုက်နယ်ဆေးရုံများ၊ မြို့ပေါ်ရှိ ပြည်သူ့ဆေးရုံကြီးသည် လည်း PDF အဖွဲ့များ၏ ခြိမ်းခြောက်မှုကြောင့် ပိတ်သိမ်းလိုက်ရပြီး ဖြစ်သည်။

 

“ရေစကြိုက PDF တွေကို လုံခြုံရေးအဖွဲ့တွေက ဘာကြောင့် ဒီအတိုင်း ကြီးထွားလာအောင် လွတ်ထားလည်း ဆိုတာ နားမလည်ဘူး။ ရဲစခန်းတွေ ဝင်တိုက်တာ ရေစကြိုနဲ့ ဆက်စပ်တဲ့ နယ်မှာ စခန်း ၄ ခု ရှိသွားပြီ။ ရဲတပ်ဖွဲ့ ပိုင် လက်နက်တွေလည်း ပါသွားပြီ။ အခုက ရေစကြိုက မြစ်အရှေ့ရွာတွေမှာ PDF တွေ အင်အားကြီးလာပြီ။ ဒီအတိုင်း ဆက်လွတ်ထားရင် ရေရှည်မှာ ယန္တားအားလုံး ပျက်သွားနိုင်တယ်။ အခုဆိုရင် ရပ်ကျေးယန္တယား ရပ်သွားပြီ။ ပညာရေး၊ ကျန်းမာရေးယန္တရားရပ်သွားပြီ။ နောက် တရားပွဲတွေ လုပ်ရင်တောင် PDF တွေထံက ခွင့်ပြုမိန့်တောင်းရမည့် အနေအထားဖြစ်လာနိုင်တယ်။ ရှင်းလင်းပေးဖို့ တောင်းဆိုပါတယ်” လို့ ဒေသခံတစ်ဦး က ပြောဆိုသည်။

 

ရေစကြိုမြို့နယ်သည် တပ်မတော်စခန်းများ အခြေစိုက်ရာမြို့ဖြစ်သလို န-မ-ခ အခြေစိုက်သည့် မုံရွာမြို့နှင့်မိုင် ၅၀ ခန့်သာ ဝေးကွာသော မြို့ဖြစ်သည်။ အလားတူ တပ်မများ အခြေစိုက်ရာ ပခုက္ကူမြို့နှင့် ၂၅ မိုင်ခန့် အကွာ အဝေး၌ တည်ရှိသော မြို့ဖြစ်သည်။

 

#PeopleMedia

 

(unicode)


……………………………………………….

 


 


 


 


 


 


 


 

#PeopleMedia


Share this post