• Follow Us on

Home PDF များ သောင်းကျန်းနေသည့် စစ်ကိုင်းတိုင်းသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ သွားရောက်

PDF များ သောင်းကျန်းနေသည့် စစ်ကိုင်းတိုင်းသို့ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့ သွားရောက်

Share this post

နေပြည်တော်၊ မတ် ၈

 

PDF များ သောင်းကျန်းနေသည့် စစ်ကိုင်းတိုင်းဒေသကြီးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ကာ ကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနှင့် အဖွဲ့သည် မတ်လ ၇ ရက်နေ့က သွား ရောက်ခဲ့သည်။

 

မတ်လ ၇ ရက်နေ့က ကာကွယ်ရေးဝန်ကြီးနှင့် အဖွဲ့သည် မုံရွာမြို့ရှိ နယ်မြေခံတပ်နယ်သို့ သွားရောက်ခဲ့ ပြီးနောက် ကသာမြို့၊ ရွှေဘိုမြိုသို့ သွားရောက်ပြီး တပ်နယ်မိသားစုများ၊ အုပ်ချုပ်ရေးအဖွဲ့များ၊ ရပ်မိ/ရပ်ဖ များနှင့် တွေ့ဆုံခဲ့သည်။

 

ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ကသာမြို့ ခရီးစဉ်အတွင်း၌ ကသာခရိုင် ရဲရိပ်သာ တွင် ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံကာ အမှတ်တရ လက်‌ဆောင်ပစ္စည်းများပေးအပ်သည်။

 

ထို့နောက် ကသာမြို့တော်ခန်းမတွင် ကသာခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံသည်။

 

ယင်းနောက် ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က နယ်မြေ ဒေသအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး စားသောက်ဖွယ်ရာများ ပေး အပ်ရာ ခရိုင်အဆင့် ဌာနဆိုင်ရာများကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာများကိုယ်စား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းတို့က လက်ခံရယူကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရွှေဘိုမြို့သို့ ရောက်ရှိခဲ့ ပြီး ခရိုင်အထွေထွေအုပ်ချုပ်ဦးစီးဌာန စုပေါင်းခန်းမ၌ ရပ်မိရပ်ဖများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သလို အုပ်ချုပ် ရေးအဖွဲ့များနှင့်လည်း တွေ့ဆုံခဲ့သည်။

 

စစ်ကိုင်းတိုင်းဒေသကြီးသည် PDF အဖွဲ့များ သောင်းကျန်းလျက်ရှိသည့် တိုင်းဒေသကြီးတစ်ခုဖြစ်ပြီး အဆိုပါ အဖွဲ့များသည် ပညာရေး၊ ကျန်းမာရေး၊ အုပ်ချုပ်ရေးဝန်ထမ်းများ၊ သံဃာတော်များ၊ နိုင်ငံရေးပါတီဝင်များနှင့် ပြည်သူများကို ခေါင်းစဉ် အမျိုးမျိုးတက်ပြီး လုပ်ကြံနေသလို လူမှုကူညီရေးယာဉ်များကို မိုင်းဆွဲခြင်း လူမှုကူ ညီရေး ယာဉ်မောင်းများကို လုပ်ကြံခြင်း၊ စာသင်ကျောင်းများကို မိုင်းထောင်ဖောက်ခွဲခြင်းများ ဆောင်ရွက် လျှက်ရှိသည်။

 

#PeopleMedia

 

(unicode)


…………………………………………

 


 


 


 


 


 


 


 


 

#PeopleMedia


Share this post