• Follow Us on

Home PDF လက်ချက်ကြောင့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ သေနတ်ဒဏ်ရာဖြင့် သေဆုံး

PDF လက်ချက်ကြောင့် မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေ သေနတ်ဒဏ်ရာဖြင့် သေဆုံး

Share this post

မိုးမောက်၊ သြဂုတ် ၂ (People Media)

 

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့၊ ခါနန်ရပ်ကွက် ရုံးကုန်းလမ်းတွင် ယနေ့ည ၉ နာရီခွဲအချိန်ခန့်က မိုးမောက်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဆွေသည် PDF လက်ချက်ဖြင့် ယနေ့နံနက်၌ သေဆုံးသွားခဲ့ပါတယ်။

 

ဖြစ်စဉ်မှာ မြို့နယ်ထွေအုပ်ဦးကျော်ဆွေသည် ဩဂုတ်လ (၁) ရက်နေ့ ည ၉ နာရီခွဲအချိန်၌ PDF အဖွဲ့၏ လုပ်ကြံခြင်းကို ခံခဲ့ရပြီး ရရှိဒဏ်ရာဖြင့် ဗန်းမော်ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ယနေ့ နံနက်ပိုင်း၌ သေ ဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

 

မိုးမောက်မြို့တွင် ပြီးခဲ့သည့် ဇွန်လကလည်း စာသင်ကျောင်းအား မိုင်းခွဲဖျက်ဆီးခြင်းနှင့် သေနတ်ဖြင့် ပစ်သတ်ခြင်းတို့ ဖြစ်ပွားခဲ့သလို အဆိုပါဒေသ၌ KIA နှင့် PDF တို့ ပူးတွဲလှုပ်ရှားလျက်ရှိနေတဲ့ဒေသ တစ်ခုဖြစ်ပါတယ်။

 

ဗန်းမော်မြို့နယ် အုပ်ချုပ်ရေးမှူးဖြစ်သူ ဦးကျော်ဆွေသည် ယခင်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ အရှေ့ပိုင်းမြို့နယ်တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါသည်။

 

#PeopleMedia #EPN #ကချင်ပြည်နယ် #မိုးမောက်

 

(unicode)

PDF လကျခကြျကွောင့ျ မိုးမောကျမွို့နယျအုပျခြုပျရေးမှူး ဦးကြောျဆှေ သနေတျဒဏျရာဖွင့ျ သဆေုံး

……………………………………………………

 


 


 


 


 


 



Share this post