• Follow Us on

Home PDF အဖွဲ့၏ ဆောင်ရွက်ချက်များကို တုန့်ပြန်ရန် အမျိုးသားရေးတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး မကြာမှီကာလ၌ လှုပ်ရှားမှု စတင်မည်ဟု ပြောဆိုချက်အပေါ် People Media မှ ဧရာဝတီအမျိုးသားတပ်ဖွဲ့ (ANF) နှင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

PDF အဖွဲ့၏ ဆောင်ရွက်ချက်များကို တုန့်ပြန်ရန် အမျိုးသားရေးတပ်ဖွဲ့ကို ဖွဲ့စည်းထားပြီး မကြာမှီကာလ၌ လှုပ်ရှားမှု စတင်မည်ဟု ပြောဆိုချက်အပေါ် People Media မှ ဧရာဝတီအမျိုးသားတပ်ဖွဲ့ (ANF) နှင့် ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

Share this post

People Media – ဧရာဝတီအမျိုးသားရေးတပ်ဖွဲ့ဆိုတာဘာလဲဆိုတာ သိပါရစေ။

 

ANF – ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အကြမ်းဖက်သမားများအား တပ်မတော်နှင့်အတူ ယှဉ်တွဲနှိမ်နင်းရန်၊ တပ်မတော်နှင့်အတူ တိုင်းဒေသကြီးအတွင်း တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်ရန်၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေးကို အလေးထားဆောင်ရွက်ရန်၊ လွတ်လပ်မျှတသော ရွေးကောက်ပွဲတစ်ရပ်ဖြစ်ပေါ်လာရေး ကို ပူးပေါင်းပါဝင်ဖော်ဆောင်ရန်၊ နိုင်ငံတော်နှင့် အမျိုးဘာသာသာသနာကာကွယ်စောင့်ရှောက်ရေးအတွက် တပ်မတော်၏ အရံအင်အားအဖြစ် ထာဝရလက်တွဲဆောင်ရွက်သွားရန် စသည့် ရည်ရွယ်ချက် (၅) ချက်နဲ့ ဖွဲ့စည်းထားပါတယ်။

 

People Media – ဧရာဝတီအမျိုးသားရေးတပ်ဖွဲ့က ဧရာဝတီတိုင်းဒေသကြီးတစ်ခုလုံးမှာ ဖွဲ့စည်းနိုင်ပြီလား။ တစ်မြို့နယ်မှာ အင်အားဘယ်လောက်ရှိမလဲ။

 

ANF – ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအားလုံးမှာ ဖွဲ့စည်းထားပြီးဖြစ်ပါတယ်။ တစ်မြို့နယ်မှာ ကျား/မ အနည်းဆုံးအင်အား ၁၀၀ ဦးရေ ရှိပါတယ်။ ရန်ကုန်တိုင်းမှာရှိတဲ့အဖွဲ့နဲ့ ချိတ်ဆက်ထားပြီးပါပြီ။

 

People Media – ဧရာဝတီအမျိုးသားရေးတပ်ဖွဲ့ထဲမှာ ဘယ်လို လူတန်းစားအလွှာတွေ ပါဝင်လဲ ခင်ဗျ။

 

ANF – ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အမှန်တရားချစ်မြတ်နိုးသူတွေ အများဆုံးပါဝင်ပါတယ်။

 

People Media – ဧရာဝတီအမျိုးသားရေးတပ်ဖွဲ့ရဲ့ လှုပ်ရှားမှုက ဘယ်တော့လောက် စတင်မယ်လို့ ပြောနိုင် မလဲ။

ANF – အချိန်အတိုင်းအတာတစ်ခုထိ သည်းခံသလောက် သည်းခံပြီး ဖြစ်တဲ့အတွက် တန်ပြန်သက်ရောက်မှုမျိုး တွေ ဖြစ်လာမှာပါ။ အမြန်ဆုံး အကောင်ထည်ဖော်တော့မှာပါ။ အခုလို မေးမြန်းမှုကို ဖြေကြားပေးတဲ့အတွက် People Media က ကျေးဇူးတင်ရှိပါတယ်။

 

#PeopleMedia

 

(unicode)


 


 


 


 


 


 


 



 

#PeopleMedia


Share this post