• Follow Us on

Home PDF-Kalay တပ်ရင်း (၃) စခန်း ရှင်းလင်းခံရမှု၌ PDF အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး အဖွဲ့ဝင် အမျိုးသမီး ၉ ဦး ဖမ်းဆီးခံခဲ့ရ

PDF-Kalay တပ်ရင်း (၃) စခန်း ရှင်းလင်းခံရမှု၌ PDF အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး အဖွဲ့ဝင် အမျိုးသမီး ၉ ဦး ဖမ်းဆီးခံခဲ့ရ

Share this post

ကလေး၊ နိုဝင်ဘာ ၁၉ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ ရက်နေ့က PDF-Kalay တပ်ရင်း (၃) စခန်း ရှင်းလင်းခံခဲရပြီး PDF အဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ပြီး အဖွဲ့ဝင် အမျိုးသမီး ၉ ဦး ဖမ်းဆီးခံခဲ့ရကြောင်း PDF -Kalay ထံက သိရပါတယ်။

 

အဆိုပါ တိုက်ပွဲ၌ အသက် (၂၃) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး၊ အသက် (၂၆) နှင့် (၂၇) နှစ်အရွယ်ရှိ အမျိုး သားနှစ်ဦးဖြစ်တယ်လို့ PDF-Kalay က သတင်းထုတ်ပြန်ထားပါတယ်။

 

လက်ရှိအချိန်၌ ကလေး-ဂန့်ဂေါ် ကားလမ်းကို ဒေသခံ PDF အဖွဲ့များက ထိန်းချုပ်ထားပြီး လုံခြုံရေးအဖွဲ့များက အဆိုပါ ကားလမ်း ပြန်လည်အသုံးပြုနိုင်ရန် စစ်ဆင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရပါတယ်။

 

အလားတူ လက်ရှိအချိန်၌ လုံခြုံရေးအဖွဲ့များသည် ကလေးမြို့နယ်၌ နယ်မြေရှင်းလင်းရေးဆောင်ရွက်လျက်ရှိ နေသလို PDF-Kalay နှင့် တိုက်ပွဲများ ဖြစ်ပေါ်နေပါတယ်။

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်သည် ဒေသခံ PDF အဖွဲ့များ အားကောင်းသည့် ဒေသတစ်ခုဖြစ်ပါ တယ်။

 

Photo – PDF Kalay

 

#PeopleMedia #PDFKalay

 

(unicode)


………………………………………………………

 


 


 


 


 


 


 

Photo – PDF Kalay

 

#PeopleMedia #PDFKalay


Share this post