• Follow Us on

Home Pfizer/BioNTech ဗိုင္းရပ္စ္ကာကြယ္ေဆး ပထမအသုတ္ ကေနဒါနိုင္ငံသို႔ ေရာက္ရွိ

Pfizer/BioNTech ဗိုင္းရပ္စ္ကာကြယ္ေဆး ပထမအသုတ္ ကေနဒါနိုင္ငံသို႔ ေရာက္ရွိ

Share this post

 

နိုင္ငံတကာ၊ ဒီဇင္ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

Pfizer ႏွင့္ BioNTech ပူးတြဲထုတ္လုပ္သည့္ ပထမအသုတ္ ကိုဗစ္-၁၉ ေရာဂါကာကြယ္ေဆးမ်ား ယမန္ေန႔က ကေနဒါနိုင္ငံသို႔ ေရာက္ရွိခဲ့ၿပီး မၾကာမီ ျပည္သူအခ်ိဳ႕ကို ထိုးႏွံေပးမည္ဟု ဝန္ႀကီးခ်ဳပ္ ဂ်ပ္စတင္ထ႐ူေဒါက ေျပာၾကားလိုက္သည္။

ကေနဒါႏွင့္ အေမရိကန္နိုင္ငံတို႔က ၿဗိတိန္ၿပီးလ်င္ Pfizer ႏွင့္ BioNTech တို႔ ပူးတြဲထုတ္လုပ္သည့္ ဗိုင္းရပ္စ္ ကာကြယ္ေဆး ယခုအပတ္အတြင္း စတင္ထိုးႏွံမည့္ ပထမဆုံးေသာ အေနာက္နိုင္ငံမ်ား ျဖစ္လာမည္ျဖစ္သည္။

“ပထမအသုတ္ Pfizer-BioNTech ကိုဗစ္-၁၉ ေရာဂါ ကာကြယ္ေဆးေတြ ကေနဒါနိုင္ငံကို ေရာက္ရွိလာပါၿပီ” ဟု ထ႐ူေဒါက ကာကြယ္ေဆးပို႔ေဆာင္သည့္ ကုန္တင္ေလယာဥ္တစ္စင္း၏ ဓာတ္ပုံႏွင့္အတူ တြစ္တာလူမႈ ကြန္ရက္၌ ေဖာ္ျပခဲ့သည္။

ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ ၃၀၀၀၀ ကို ကေနဒါနိုင္ငံရွိ ေဒသ ၁၄ ခုသို႔ ပို႔ေဆာင္ကာ သက္ႀကီးေဂ ဟာမ်ား၌ ေနထိုင္သူမ်ား၊ က်န္းမာေရးလုပ္သားမ်ားကို အရင္ဆုံးထိုးႏွံေပးမည္ျဖစ္သည္။

“ဒီႏွစ္အကုန္မွာ ေနာက္ထပ္ ကိုဗစ္ကာကြယ္ေဆး အလုံးေရ ၂၄၉၀၀၀ ထပ္မံရရွိမွာျဖစ္ပါတယ္” ဟု ကာ ကြယ္ေဆးျဖန္႔ျဖဴးေရး အႀကီးအကဲ ဗိုလ္ခ်ဳပ္ ဒန္နီေဖာ္တင္က ေျပာၾကားခဲ့သည္။

ကေနဒါနိုင္ငံ၌ ယမန္ေန႔က ကိုရိုနာဗိုင္းရပ္စ္ ကူးစက္မႈသစ္ ၅၈၉၁ မႈ ေတြ႕ရွိခဲ့ရာ စုစုေပါင္း အတည္ျပဳ ကူးစက္မႈ ၄၆၀၇၄၃ အထိ ရွိလာခဲ့သည္။

ကေနဒါနိုင္ငံက ဇန္နဝါရီလမတိုင္မီ တစ္ရက္လ်င္ ကူးစက္မႈသစ္ ၁၂၀၀၀ အထိ ရွိနိုင္ေၾကာင္း က်န္းမာေရး ဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ားက ေျပာသည္။

ကေနဒါနိုင္ငံတြင္ ဒီဇင္ဘာလ ၁၂ ရက္က ကိုရိုနာဗိုင္းရပ္စ္ေၾကာင့္ လူ ၈၁ ဦး ထပ္မံ ေသဆုံးခဲ့ရာ စုစု ေပါင္း ေသဆုံးသူ ၁၃၄၃၁ ဦးအထိ ရွိလာခဲ့သည္။

မတ္လမကုန္မီ သုံးပတ္ျခား၍ ႏွစ္ႀကိမ္ထိုးရမည့္ Pfizer ႏွင့္ Moderna ဗိုင္းရပ္စ္ကာကြယ္ေဆး အလုံးေရ ေျခာက္သန္း ရရွိမည္ဟု ကေနဒါ အာဏာပိုင္မ်ားက ေျပာသည္။

ကိုးကား – ရိုက္တာ

Ref; First batch of Pfizer/BioNTEch COVID-19 vaccines arrives in Canada

#PeopleMedia

(unicode)
Pfizer/BioNTech ဗိုင်းရပ်စ်ကာကွယ်ဆေး ပထမအသုတ် ကနေဒါနိုင်ငံသို့ ရောက်ရှိ
……………………………………………………

နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

Pfizer နှင့် BioNTech ပူးတွဲထုတ်လုပ်သည့် ပထမအသုတ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ယမန်နေ့က ကနေဒါနိုင်ငံသို့ ရောက်ရှိခဲ့ပြီး မကြာမီ ပြည်သူအချို့ကို ထိုးနှံပေးမည်ဟု ဝန်ကြီးချုပ် ဂျပ်စတင်ထရူဒေါက ပြောကြားလိုက်သည်။

ကနေဒါနှင့် အမေရိကန်နိုင်ငံတို့က ဗြိတိန်ပြီးလျင် Pfizer နှင့် BioNTech တို့ ပူးတွဲထုတ်လုပ်သည့် ဗိုင်းရပ်စ် ကာကွယ်ဆေး ယခုအပတ်အတွင်း စတင်ထိုးနှံမည့် ပထမဆုံးသော အနောက်နိုင်ငံများ ဖြစ်လာမည်ဖြစ်သည်။

“ပထမအသုတ် Pfizer-BioNTech ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတွေ ကနေဒါနိုင်ငံကို ရောက်ရှိလာပါပြီ” ဟု ထရူဒေါက ကာကွယ်ဆေးပို့ဆောင်သည့် ကုန်တင်လေယာဉ်တစ်စင်း၏ ဓာတ်ပုံနှင့်အတူ တွစ်တာလူမှု ကွန်ရက်၌ ဖော်ပြခဲ့သည်။

ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ၃၀၀၀၀ ကို ကနေဒါနိုင်ငံရှိ ဒေသ ၁၄ ခုသို့ ပို့ဆောင်ကာ သက်ကြီးဂေ ဟာများ၌ နေထိုင်သူများ၊ ကျန်းမာရေးလုပ်သားများကို အရင်ဆုံးထိုးနှံပေးမည်ဖြစ်သည်။

“ဒီနှစ်အကုန်မှာ နောက်ထပ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၂၄၉၀၀၀ ထပ်မံရရှိမှာဖြစ်ပါတယ်” ဟု ကာ ကွယ်ဆေးဖြန့်ဖြူးရေး အကြီးအကဲ ဗိုလ်ချုပ် ဒန်နီဖော်တင်က ပြောကြားခဲ့သည်။

ကနေဒါနိုင်ငံ၌ ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုသစ် ၅၈၉၁ မှု တွေ့ရှိခဲ့ရာ စုစုပေါင်း အတည်ပြု ကူးစက်မှု ၄၆၀၇၄၃ အထိ ရှိလာခဲ့သည်။

ကနေဒါနိုင်ငံက ဇန်နဝါရီလမတိုင်မီ တစ်ရက်လျင် ကူးစက်မှုသစ် ၁၂၀၀၀ အထိ ရှိနိုင်ကြောင်း ကျန်းမာရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောသည်။

ကနေဒါနိုင်ငံတွင် ဒီဇင်ဘာလ ၁၂ ရက်က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၈၁ ဦး ထပ်မံ သေဆုံးခဲ့ရာ စုစု ပေါင်း သေဆုံးသူ ၁၃၄၃၁ ဦးအထိ ရှိလာခဲ့သည်။

မတ်လမကုန်မီ သုံးပတ်ခြား၍ နှစ်ကြိမ်ထိုးရမည့် Pfizer နှင့် Moderna ဗိုင်းရပ်စ်ကာကွယ်ဆေး အလုံးရေ ခြောက်သန်း ရရှိမည်ဟု ကနေဒါ အာဏာပိုင်များက ပြောသည်။

ကိုးကား – ရိုက်တာ

Ref; First batch of Pfizer/BioNTEch COVID-19 vaccines arrives in Canada

#PeopleMedia


Share this post