• Follow Us on

Home PNLO အဖွဲ့၏ အခွင့်အလမ်းတစ်ခုကို မျှော်မှန်းပြီးဆောင်ရွက်သည့် မိုက်မဲသည့်အကြမ်းဖက်လုပ်ရပ်ကြောင့် ဆီဆိုင်ဒေသ ယခုကဲ့သို့ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ရကြောင်း နစကဥက္ကဋ္ဌပြောကြား

PNLO အဖွဲ့၏ အခွင့်အလမ်းတစ်ခုကို မျှော်မှန်းပြီးဆောင်ရွက်သည့် မိုက်မဲသည့်အကြမ်းဖက်လုပ်ရပ်ကြောင့် ဆီဆိုင်ဒေသ ယခုကဲ့သို့ထိခိုက်ပျက်စီးမှုများဖြစ်ခဲ့ရကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ စက်တင်ဘာ ၅

 

PNLO အကြမ်းဖက်အဖွဲ့၏ အခွင့်အလမ်းတစ်ခုကို မျှော်မှန်းပြီး ဆောင်ရွက်သည့် မိုက်မဲသည့် အကြမ်းဖက် လုပ်ရပ်ကြောင့် ဆီဆိုင်ဒေသသည် ယခုကဲ့သို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် ဆီဆိုင်မြို့မှ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် တာဝန်ရှိသူများအား တွေ့ဆုံစဉ် ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ရေခံမြေခံကောင်းကို ပိုင်ဆိုင်ထားသည့်ဒေသဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးကို အောင်မြင်စွာဆောင်ရွက်နိုင်မည့် အလားအလာ ကောင်းများကို ပိုင်ဆိုင်ထားသည့် ဒေသတစ်ခုလည်းဖြစ်ကြောင်း၊ သို့သော်လည်း အစဉ်အဆက်တည်ငြိမ် အေးချမ်း၍ ရိုးသား အေးချမ်းစွာနေထိုင်ခဲ့သော ပအိုဝ့်တိုင်းရင်းသားတို့၏ ဆီဆိုင်ဒေသသည် PNLO အကြမ်းဖက်အဖွဲ့၏ အခွင့်အလမ်းတစ်ခုကို မျှော်မှန်းပြီး ဆောင်ရွက်သည့် မိုက်မဲသည့် အကြမ်းဖက် လုပ်ရပ်ကြောင့် ယခုကဲ့သို့ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့ရကြောင်း ပြောသည်။

 

ဒေသတစ်ခု၊ နိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ရန်အတွက်မှာ ရပ်တန့်နေ၍မရဘဲ ရှေ့သို့ အစဉ်အဆက် ဆက်လက် လှမ်းချီနေရမည်၊ အလုပ်လုပ်နေရမည်ဖြစ်ကြောင်း၊ ရပ်တန့်နေပါက မိမိတို့အနေဖြင့် နောက်တွင်ကျန်နေခဲ့ မည်ဖြစ်ကြောင်း၊ ယခုကဲ့သို့သော အကြမ်း ဖက်လုပ်ရပ်များကြောင့် ပျက်စီးခဲ့ရသည်များကို ပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေရခြင်းဖြင့် ဖွံ့ဖြိုးတိုးတက်မှုများနှောင့်နှေးကြန့်ကြာနေရကြောင်း၊ ဒေသ၏ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်နိုင်သည်မှာ ဒေသခံများသာဖြစ်သကဲ့သို့ ဒေသ၏ မတည်ငြိမ်မှုများနှင့် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျအောင် ဆောင်ရွက်သည်မှာလည်း ဒေသခံများပင် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ဒေသခံပြည်သူများအနေဖြင့် တည်ငြိမ် အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဒေသတွင်တာဝန်ထမ်းဆောင် လျက်ရှိသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များဖြင့် အတူတကွ ဝိုင်းဝန်း ဖော်ဆောင်ကြရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

#PeopleMedia


Share this post