• Follow Us on

Home PPP ပါတီအေနျဖင့္ ဘဂၤါလီအေရးႏွင့္ပတ္သက္ၿပီး နိုင္ငံသားမဟုတ္သည့္အတြက္ ထည့္သြင္းစဥ္းစားမည္ မဟုတ္ေၾကာင္း ဒုဥကၠ႒ ဦးေက်ာ္ေဇယ်ေျပာ

PPP ပါတီအေနျဖင့္ ဘဂၤါလီအေရးႏွင့္ပတ္သက္ၿပီး နိုင္ငံသားမဟုတ္သည့္အတြက္ ထည့္သြင္းစဥ္းစားမည္ မဟုတ္ေၾကာင္း ဒုဥကၠ႒ ဦးေက်ာ္ေဇယ်ေျပာ

Share this post

ရန္ကုန္၊ စက္တင္ဘာ – ၃၀
 
ျပည္သူ႔ေရွ႕ေဆာင္ပါတီ(PPP)အေနျဖင့္ ဘဂၤါလီအေရးႏွင့္ပတ္သက္ၿပီး နိုင္ငံသားမဟုတ္သည့္အတြက္ ထည့္သြင္းစဥ္းစားမည္မဟုတ္ေၾကာင္း ပါတီဒုဥကၠ႒ဦးေက်ာ္ေဇယ်မွ ေျပာသည္။
 
အဆိုပါ ဘဂၤါလီအေရးႏွင့္ပတ္သက္ၿပီး ျပည္သူ႔ေရွ႕ေဆာင္ (PPP) ပါတီအေနျဖင့္ မူ၀ါဒရပ္တည္ခ်က္ မည္သို႔ရွိေၾကာင္း People media မွဆက္သြယ္ေမးျမန္းရာ ၄င္းမွအထက္ပါအတိုင္းေျဖၾကားခဲ့ျခင္းျဖစ္သည္။
 
“ဘဂၤါလီအေရးနဲ႔ပတ္သက္ၿပီး ပါတီအေနနဲ႔ လုံး၀လက္မခံဘူးဆိုတာ ပါတီေခါင္းေဆာင္ကလည္း ျပည္ပသတင္းဌာနနဲ႔ေျပာထားတယ္။ နိုင္ငံသားမဟုတ္တဲ့အတြက္ ပါတီအေနနဲ႔ နိုင္ငံသားအက်ိဳးကိုပဲ ေမၽွာ္ကိုးၿပီးလုပ္တဲ့အတြက္ မိမိနိုင္ငံသားမဟုတ္ေသာသူ မ်ားကို ပါတီကခ်မွတ္ထားတဲ့ မူ၀ာဒထဲမွာ ဘာမွထည့္သြင္းစဥ္းစားမွာ မဟုတ္ပါဘူး”ဟု ျပည္သူ႔ေရွ႕ေဆာင္ပါတီ ဒုဥကၠ႒ဦးေက်ာ္ေဇယ်မွေျပာသည္။
 
ဆက္လက္ၿပီး လက္ရွိ တပ္မေတာ္မွ တစ္နိုင္ငံလုံးအပတ္အခတ္ရပ္စဲေရးအခ်ိန္ကာလအား တိုးျမႇင့္ခဲ့ရာ ရခိုင္ျပည္နယ္မွ AA အဖြဲ႕အား ခ်န္လွပ္ခဲ့ျခင္းႏွင့္ပတ္သက္ၿပီး ေမးျမန္းခဲ့ရာ ၄င္းမွ အခုလိုေျပာပါတယ္။
 
“ရခိုင္တင္မကေတာ့ဘူး ARSA ပါေနတယ္။ AA ကေနအၾကမ္းဖက္အျဖစ္ တစ္ေပါင္းတည္းသတ္မွတ္ ထားတယ္ဆိုေတာ့ ခုတပ္မေတာ္ရဲ႕လုပ္ေဆာင္ခ်က္ေတြကို အန္ကယ့္အေနနဲ႔ေထာက္ခံတယ္။ ေထာက္ ခံတယ္ဆိုတာ ပါတီအေနနဲ႔ေတာ့မဟုတ္ဘူးေပါ့၊ ဘာလို႔ဆို ပါတီမူ၀ါဒထဲမွာျပတ္ျပတ္သားသား ထည့္ မထားဘူး။ သို႔ေသာ္လည္း နိုင္ငံရဲ့ကာကြယ္ေရးအျမင္အရ တပ္မေတာ္ရဲ့ ရခိုင္မွာလုပ္ေနတဲ့ လုပ္ ေဆာင္ခ်က္ကို ေထာက္ခံပါတယ္။ မေန႔ကဆိုရင္ထုတ္ျပန္တဲ့အထဲမွာ ရခိုင္မပါဘူး။ ပါစရာလည္းမလိုဘူး။ ဘာလို႔ဆို သူကအၾကမ္းဖက္ကို လုပ္ေနတာေလ။ ရခိုင္က အျခားလက္နက္ကိုင္တပ္ဖြဲ႕နဲ႔ မတူဘူး။ မတူ တဲ့အတြက္ ပါစရာကိုမလိုတာ။ ျပတ္ျပတ္သားသားေၾကညာၿပီးၿပီပဲ ေၾကညာၿပီးတာေတာင္ အန္ကယ့္ အျမင္နဲ႔ေျပာရရင္ ကိုယ္ကေပ်ာ့ေနရင္ နည္းနည္းညံ့ရာေတာင္က်တယ္”ဟု ဦးေက်ာ္ေဇယ်မွ ဆိုသည္။
 
အလားတူ ျမန္မာနိုင္ငံ၌ က်င္းပမည့္ ေရြးေကာက္ပြဲ၌ ဘဂၤလီမ်ား မဲေပးခြင့္ရရွိရန္ နိုင္ငံတကာအဖြဲ႕အစည္းမ်ား၊ နိုင္ငံေရးပါတီအခ်ိဳ႕ကလည္း ျမန္မာအစိုးရကို ေတာင္းဆိုမႈရွိခဲ့သည္။
 
Photo – ဧရာဝတီတိုင္းအတြင္း၌ ဖမ္းမိသည့္ ဘဂၤါလီမ်ား
 
#PeopleMedia #ဘဂၤလီ #PPP
 
(Unicode)
PPP ပါတီအနေဖြင့် ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး နိုင်ငံသားမဟုတ်သည့်အတွက် ထည့်သွင်းစဉ်းစားမည် မဟုတ်ကြောင်း ဒုဥက္ကဋ္ဌ ဦးကျော်ဇေယျပြော
………………………………………..
 
ရန်ကုန်၊ စက်တင်ဘာ – ၃၀
 
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)အနေဖြင့် ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး နိုင်ငံသားမဟုတ်သည့်အတွက် ထည့်သွင်းစဉ်းစားမည်မဟုတ်ကြောင်း ပါတီဒုဥက္ကဋ္ဌဦးကျော်ဇေယျမှ ပြောသည်။
 
အဆိုပါ ဘင်္ဂါလီအရေးနှင့်ပတ်သက်ပြီး ပြည်သူ့ရှေ့ဆောင် (PPP) ပါတီအနေဖြင့် မူဝါဒရပ်တည်ချက် မည်သို့ရှိကြောင်း People media မှဆက်သွယ်မေးမြန်းရာ ၄င်းမှအထက်ပါအတိုင်းဖြေကြားခဲ့ခြင်းဖြစ်သည်။
 
“ဘင်္ဂါလီအရေးနဲ့ပတ်သက်ပြီး ပါတီအနေနဲ့ လုံးဝလက်မခံဘူးဆိုတာ ပါတီခေါင်းဆောင်ကလည်း ပြည်ပသတင်းဌာနနဲ့ပြောထားတယ်။ နိုင်ငံသားမဟုတ်တဲ့အတွက် ပါတီအနေနဲ့ နိုင်ငံသားအကျိုးကိုပဲ မျှော်ကိုးပြီးလုပ်တဲ့အတွက် မိမိနိုင်ငံသားမဟုတ်သောသူ များကို ပါတီကချမှတ်ထားတဲ့ မူဝာဒထဲမှာ ဘာမှထည့်သွင်းစဉ်းစားမှာ မဟုတ်ပါဘူး”ဟု ပြည်သူ့ရှေ့ဆောင်ပါတီ ဒုဥက္ကဋ္ဌဦးကျော်ဇေယျမှပြောသည်။
 
ဆက်လက်ပြီး လက်ရှိ တပ်မတော်မှ တစ်နိုင်ငံလုံးအပတ်အခတ်ရပ်စဲရေးအချိန်ကာလအား တိုးမြှင့်ခဲ့ရာ ရခိုင်ပြည်နယ်မှ AA အဖွဲ့အား ချန်လှပ်ခဲ့ခြင်းနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ ၄င်းမှ အခုလိုပြောပါတယ်။
 
“ရခိုင်တင်မကတော့ဘူး ARSA ပါနေတယ်။ AA ကနေအကြမ်းဖက်အဖြစ် တစ်ပေါင်းတည်းသတ်မှတ် ထားတယ်ဆိုတော့ ခုတပ်မတော်ရဲ့လုပ်ဆောင်ချက်တွေကို အန်ကယ့်အနေနဲ့ထောက်ခံတယ်။ ထောက် ခံတယ်ဆိုတာ ပါတီအနေနဲ့တော့မဟုတ်ဘူးပေါ့၊ ဘာလို့ဆို ပါတီမူဝါဒထဲမှာပြတ်ပြတ်သားသား ထည့် မထားဘူး။ သို့သော်လည်း နိုင်ငံရဲ့ကာကွယ်ရေးအမြင်အရ တပ်မတော်ရဲ့ ရခိုင်မှာလုပ်နေတဲ့ လုပ် ဆောင်ချက်ကို ထောက်ခံပါတယ်။ မနေ့ကဆိုရင်ထုတ်ပြန်တဲ့အထဲမှာ ရခိုင်မပါဘူး။ ပါစရာလည်းမလိုဘူး။ ဘာလို့ဆို သူကအကြမ်းဖက်ကို လုပ်နေတာလေ။ ရခိုင်က အခြားလက်နက်ကိုင်တပ်ဖွဲ့နဲ့ မတူဘူး။ မတူ တဲ့အတွက် ပါစရာကိုမလိုတာ။ ပြတ်ပြတ်သားသားကြေညာပြီးပြီပဲ ကြေညာပြီးတာတောင် အန်ကယ့် အမြင်နဲ့ပြောရရင် ကိုယ်ကပျော့နေရင် နည်းနည်းညံ့ရာတောင်ကျတယ်”ဟု ဦးကျော်ဇေယျမှ ဆိုသည်။
 
အလားတူ မြန်မာနိုင်ငံ၌ ကျင်းပမည့် ရွေးကောက်ပွဲ၌ ဘင်္ဂလီများ မဲပေးခွင့်ရရှိရန် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီအချို့ကလည်း မြန်မာအစိုးရကို တောင်းဆိုမှုရှိခဲ့သည်။
 
Photo – ဧရာဝတီတိုင်းအတွင်း၌ ဖမ်းမိသည့် ဘင်္ဂါလီများ
 
#PeopleMedia #ဘင်္ဂလီ #PPP

Share this post