• Follow Us on

Home ေငြေၾကးလိမ္လည္မႈျပဳလုပ္သည္ဆိုသည့္သတင္းထြက္ေပၚေနသူသည္ PPP ပါတီမွ ေ႐ြးခ်ယ္ထားသည့္ ကိုယ္စားလွယ္ေလာင္းမဟုတ္ေၾကာင္း ပါတီဒု- ဥကၠ႒ ရွင္းလင္း

ေငြေၾကးလိမ္လည္မႈျပဳလုပ္သည္ဆိုသည့္သတင္းထြက္ေပၚေနသူသည္ PPP ပါတီမွ ေ႐ြးခ်ယ္ထားသည့္ ကိုယ္စားလွယ္ေလာင္းမဟုတ္ေၾကာင္း ပါတီဒု- ဥကၠ႒ ရွင္းလင္း

Share this post

ျပည္သူ့ေရွ႕ေဆာင္ပါတီ(PPP) မွ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းသည္ ေငြေၾကးလိမ္လည္ မႈျပဳလုပ္ကာ ထြက္ေျပးတိမ္းေရွာင္ေနေၾကာင္း လူမႈကြန္ယက္မ်ားေပၚတြင္ သတင္းမ်ား ထြက္ေပၚေနေသာ္လည္း အဆိုပါ အမ်ိဳးသမီးသည္ သာမန္လူငယ္အမ်ိဳးသမီးပါတီ၀င္တစ္ဦး သာျဖစ္ၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းအျဖစ္ ေရြးခ်ယ္ထားသူမဟုတ္ေၾကာင္း ပါတီဒုဥကၠ႒ျဖစ္သူ ဦးေက်ာ္ေဇယ်က ေျပာသည္။
 
ျပည္သူ့ေရွ႕ေဆာင္ပါတီအေနျဖင့္ လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းစိစစ္မႈကိုလုပ္ေဆာင္ လ်က္ရွိေသာ္လည္း ယခုလက္ရွိအခ်ိန္အထိ ကိုယ္စားလွယ္ေလာင္းစိစစ္မႈတြင္ ယခုေငြေၾကးအရႈပ္ျဖစ္ေနသည့္ အမ်ိဳးသမီးသည္ ပါ၀င္ျခင္းမရွိေသးေၾကာင္း ယင္းသို႔ ကိစၥႏွင့္ပတ္သက္၍လည္း စိစစ္မႈျပဳလုပ္ရန္ ၫြန္ၾကားထားေၾကာင္း ၎က ဆိုသည္။
 
“သူက ကိုယ္စားလွယ္ေလာင္းေတာ့ မဟုတ္ပါဘူး။ ကိုယ္စားလွယ္ေလာင္းက အန္ကယ္တို႔က စိစစ္ေနတုန္းပဲ ရွိေသးတယ္။ သို႔ေသာ္လည္း အန္ကယ္၀န္ခံရမွာက လူငယ္ပါတီ၀င္ ဟုတ္ တယ္။ အဲ့ဒီအတြက္ အန္ကယ္တို႔က ပါတီ၀င္နဲ႔ အသင္းသားစိစစ္ေရးေကာ္မတီဆိုတာရွိတယ္။ အဲ့ဒီမွာလည္း အန္ကယ္တို႔ ျပန္စိစစ္ေနတယ္” ဟု ဦးေက်ာ္ေဇယ်ကေျပာသည္။
 
အဆိုပါကိစၥႏွင့္ပတ္သက္၍လည္း ကာယကံရွင္ျဖစ္သူအား ဆက္သြယ္လ်က္ရွိၿပီး ပါတီအေ နျဖင့္လည္း ဆက္ သြယ္စုံစမ္းမႈမ်ားကို ျပဳလုပ္လ်က္ရွိေသာ္လည္း ယေန႔အခ်ိန္အထိ ဆက္ သြယ္မႈရရရွိျခင္းမရွိေသးေၾကာင္း ၎ က ဆိုသည္။
 
“ဒါကေတာ့ ျဖစ္မွာပဲ အန္ကယ္တို႔က အခုမွ ပါတီစေထာင္တဲ့အခါက်ေတာ့ ပါတီ၀င္ေတြကို လက္ခံရတာေပ့ါ အဲ့ဒီလို လက္ခံၿပီးေတာ့မွ ျပန္စိစစ္ရတဲ့အပိုင္းဆိုေတာ့ အခုက ပါတီ၀င္မယ္ လစဉ္ေၾကးေပးေဆာင္ပါမယ္ ဆိုတာကိုပဲ ႀကိဳဆိုေနရတဲ့ အေနအထားဆိုေတာ့ အန္ကယ္ တို႔က လူကို ေသျခာစိစစ္ၿပီးေတာ့ ထုတ္ႏိုင္တဲ့ အေနအထားမရွိေသးဘူး၊ အန္ကယ္တို႔က အေရအတြက္ပဲစုေနရတယ္၊ အရည္အေသြးကို မထုတ္ႏိုင္ေသးဘူး အန္ကယ္တို႔က ဒါက ေနာက္လည္းေတြ႕ရမွာပဲ”ဟု ဦးေက်ာ္ေဇယ်က ေျပာသည္။
 
လက္ရွိတြင္ ျပည္သူ့ေရွ႕ေဆာင္ပါတီအေနျဖင့္ ပါတီ၀င္အင္အား ၆၀၀၀ အထိရွိေနၿပီး ပါတီတြင္ လူငယ္ အမ်ားအျပားပါ၀င္ျခင္းေၾကာင့္လည္း ပါတီႀကီးမ်ား၏ အထူးအာ႐ုံစိုက္မႈမ်ားကို ခံေနရေၾကာင္း ဦးေက်ာ္ ေဇယ်က ထပ္ေလာင္းေျပာဆိုခဲ့သည္။
 
#PeopleMedia
 
(unicode)
ငွေကြေးလိမ်လည်မှုပြုလုပ်သည်ဆိုသည့်သတင်းထွက်ပေါ်နေသူသည် PPP ပါတီမှ ရွေးချယ်ထားသည့် ကိုယ်စားလှယ်လောင်းမဟုတ်ကြောင်း ပါတီဒု- ဥက္ကဋ္ဌ ရှင်းလင်း
……………………………………………………
 
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP) မှ လွှတ်တော်ကိုယ်စားလှယ်လောင်းသည် ငွေကြေးလိမ်လည် မှုပြုလုပ်ကာ ထွက်ပြေးတိမ်းရှောင်နေကြောင်း လူမှုကွန်ယက်များပေါ်တွင် သတင်းများ ထွက်ပေါ်နေသော်လည်း အဆိုပါ အမျိုးသမီးသည် သာမန်လူငယ်အမျိုးသမီးပါတီဝင်တစ်ဦး သာဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်ထားသူမဟုတ်ကြောင်း ပါတီဒုဥက္ကဋ္ဌဖြစ်သူ ဦးကျော်ဇေယျက ပြောသည်။
 
ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းစိစစ်မှုကိုလုပ်ဆောင် လျက်ရှိသော်လည်း ယခုလက်ရှိအချိန်အထိ ကိုယ်စားလှယ်လောင်းစိစစ်မှုတွင် ယခုငွေကြေးအရှုပ်ဖြစ်နေသည့် အမျိုးသမီးသည် ပါဝင်ခြင်းမရှိသေးကြောင်း ယင်းသို့ ကိစ္စနှင့်ပတ်သက်၍လည်း စိစစ်မှုပြုလုပ်ရန် ညွန်ကြားထားကြောင်း ၎င်းက ဆိုသည်။
 
“သူက ကိုယ်စားလှယ်လောင်းတော့ မဟုတ်ပါဘူး။ ကိုယ်စားလှယ်လောင်းက အန်ကယ်တို့က စိစစ်နေတုန်းပဲ ရှိသေးတယ်။ သို့သော်လည်း အန်ကယ်ဝန်ခံရမှာက လူငယ်ပါတီဝင် ဟုတ် တယ်။ အဲ့ဒီအတွက် အန်ကယ်တို့က ပါတီဝင်နဲ့ အသင်းသားစိစစ်ရေးကော်မတီဆိုတာရှိတယ်။ အဲ့ဒီမှာလည်း အန်ကယ်တို့ ပြန်စိစစ်နေတယ်” ဟု ဦးကျော်ဇေယျကပြောသည်။
 
အဆိုပါကိစ္စနှင့်ပတ်သက်၍လည်း ကာယကံရှင်ဖြစ်သူအား ဆက်သွယ်လျက်ရှိပြီး ပါတီအ ေနဖြင့်လည်း ဆက် သွယ်စုံစမ်းမှုများကို ပြုလုပ်လျက်ရှိသော်လည်း ယနေ့အချိန်အထိ ဆက် သွယ်မှုရရရှိခြင်းမရှိသေးကြောင်း ၎င်း က ဆိုသည်။
 
“ဒါကတော့ ဖြစ်မှာပဲ အန်ကယ်တို့က အခုမှ ပါတီစထောင်တဲ့အခါကျတော့ ပါတီဝင်တွေကို လက်ခံရတာပေ့ါ အဲ့ဒီလို လက်ခံပြီးတော့မှ ပြန်စိစစ်ရတဲ့အပိုင်းဆိုတော့ အခုက ပါတီဝင်မယ် လစဉ်ကြေးပေးဆောင်ပါမယ် ဆိုတာကိုပဲ ကြိုဆိုနေရတဲ့ အနေအထားဆိုတော့ အန်ကယ် တို့က လူကို သေခြာစိစစ်ပြီးတော့ ထုတ်နိုင်တဲ့ အနေအထားမရှိသေးဘူး၊ အန်ကယ်တို့က အရေအတွက်ပဲစုနေရတယ်၊ အရည်အသွေးကို မထုတ်နိုင်သေးဘူး အန်ကယ်တို့က ဒါက နောက်လည်းတွေ့ရမှာပဲ”ဟု ဦးကျော်ဇေယျက ပြောသည်။
 
လက်ရှိတွင် ပြည်သူ့ရှေ့ဆောင်ပါတီအနေဖြင့် ပါတီဝင်အင်အား ၆၀၀၀ အထိရှိနေပြီး ပါတီတွင် လူငယ် အများအပြားပါဝင်ခြင်းကြောင့်လည်း ပါတီကြီးများ၏ အထူးအာရုံစိုက်မှုများကို ခံနေရကြောင်း ဦးကျော် ဇေယျက ထပ်လောင်းပြောဆိုခဲ့သည်။
 
#PeopleMedia

Share this post