• Follow Us on
Latest News

Home PPST ၏ကြေညာချက်ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် (NSPNC) မှ ကန့်ကွက်

PPST ၏ကြေညာချက်ကို ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်သည့် (NSPNC) မှ ကန့်ကွက်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၁ (People Media)

 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ (PPST) ၏ နိုဝင်ဘာ (၅) ရက်နေ့ပါ ကြေညာချက်ကို အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ (NSPNC) မှ ကန့်ကွက်စာ ပေးပို့ လိုက်ကြောင်း သိရသည်။

 

(PPST) အစည်းအဝေး (၂၁/၂၀၂၁) ထုတ်ပြန်ချက်၏ အပိုဒ်(၆)တွင် စစ်ကောင်စီက ပြည်သူလူထု၏ အိုး အိမ်များ၊ ဘာသာရေးအဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုများအပေါ် ပြင်းထန်စွာကန့်ကွက်ရှုတ်ချ သည်ဟုဆိုသော စကားရပ် ဖော်ပြထားမှုအပေါ် (NSPNC) မှ နိုဝင်ဘာလ ၉ ရက်နေ့တွင် PPST ထံ ကန့်ကွက် စာ ပေးပို့လိုက်ခြင်းဖြစ်သည်။

 

(NSPNC) မှ (PPST) ထံ ပေးပို့သည့် ကန့်ကွက်စာတွင် ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်သည့်လုပ်ရပ်သည် အကြမ်းဖက်သမားများကသာ ရည်ရွယ်ချက်ရှိရှိ လုပ် ဆောင်သည့်လုပ်ရပ်ဖြစ်ရာ စစ်ကောင်စီ (တစ်နည်း) တပ်မတော်အား (PPST) က အကြမ်းဖက်အဖြစ် စွပ်စွဲ ထားသည့်သဘော သက်ရောက်နေကြောင်း တွေ့ရှိရသည်။

 

တပ်မတော်သည် နိုင်ငံတော်ကာကွယ်ရေး၊ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက် ရာတွင် အကြမ်းဖက်သောင်းကျန်းသူများနှင့် ကျေးရွာများ၊ မြို့ရွာများအတွင်း တိုက်ပွဲဖြစ်ပွားပါက လူနေ အိမ်များ၊ သာသနိကအဆောက်အဦးများ၊ ဆေးရုံ၊ စာသင်ကျောင်းများအပါအဝင် ဥပဒေနှင့်အညီ နေထိုင်ကြ သော ပြည်သူလူထုနှင့် သက်ဆိုင်သည့်နေရာများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ ဖျက်ဆီးမှုများ လုံးဝ(လုံးဝ) မပြုလုပ်ရသည့်အပြင် ပြုလုပ်ရန်လည်း မူဝါဒ/ ညွှန်ကြားချက်မရှိကြောင်းနှင့် အကြမ်းဖက် သောင်း ကျန်းသူများ၏ လုပ်ဆောင်ချက်ကြောင့် ပျက်စီးမှုများကိုပင် သက်ဆိုင်ရာနယ်မြေရှိ ပြည်သူလူထုနှင့် ပူးပေါင်း၍ ပြုပြင်ဆောင်ရွက်မှုများ ပြုလုပ်ပေးနေသည်ကို အားလုံးအသိပင်ဖြစ်ကြောင်း (NSPNC) ၏ ကန့်ကွက်စာအရ သိရသည်။

သို့ရာတွင် (PPST) အနေဖြင့် ဖြစ်စဉ်အမှန်ကို တိတိကျကျသိရှိခြင်းမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများ၏ အထောက်အထားမဲ့ ရေးသားဖော်ပြနေသည့် Social Media များအား ဖတ်ရှုပြီး တပ်မတော်အပေါ် တစ်ဖက်သတ် စွပ်စွဲရေးသား ထုတ်ဖော်မှုများသည် NCA အခန်း(၃)၊ အပိုဒ် ၅(စ)ပါ အချက်အား ဖောက်ဖျက်ကျူးလွန်နေကြောင်း တွေ့ရှိရသည်။

 

သို့ဖြစ်ပါ၍ PPST ၏ ရည်ညွှန်းစာဖြင့် ထုတ်ပြန်ကြေညာချက်ပါ အပိုဒ်(၆)အား NCA ပါ ပြဋ္ဌာန်းချက်များနှင့်အညီ အလေးထား လိုက်နာဆောင်ရွက်၍ လိုအပ်သလို ပြန်လည်ပြင်ဆင်သွားရန် အကြောင်းကြားသည်ဟု (NSPNC) ၏ ကန့်ကွက်စာတွင် ဖော်ပြထားသည်။

 

#PeopleMedia #Peace #NSPNC # PPST

 

(unicode)


…………………………………………………………………

 


 


 


 


 



 


 

#PeopleMedia #Peace #NSPNC # PPST


Share this post