• Follow Us on

Home PR ကျင့်သုံးခြင်းဖြင့် တစ်ပါတီလွှမ်းမိုးကြီးစိုးမှုမရှိဘဲ ပါတီများအနေဖြင့် ရွေးကောက်ပွဲတွင်ရရှိသည့် ဆန္ဒမဲအချိုး အရကိုယ်စားလှယ်များရရှိပြီး လွှတ်တော်တွင်းဝင်ရောက်နိုင်မည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌပြောကြား

PR ကျင့်သုံးခြင်းဖြင့် တစ်ပါတီလွှမ်းမိုးကြီးစိုးမှုမရှိဘဲ ပါတီများအနေဖြင့် ရွေးကောက်ပွဲတွင်ရရှိသည့် ဆန္ဒမဲအချိုး အရကိုယ်စားလှယ်များရရှိပြီး လွှတ်တော်တွင်းဝင်ရောက်နိုင်မည်ဖြစ်ကြောင်း UEC ဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော်၊ မတ် ၇

 

အချိုးကျ ကိုယ်စားပြု စနစ် (PR) ကျင့်သုံးခြင်းဖြင့် ယခင်ကကဲ့သို့ တစ်ပါတီလွှမ်းမိုးကြီးစိုးမှုမရှိဘဲ ပါတီများ အနေဖြင့် ရွေးကောက် ပွဲတွင်ရရှိသည့် ဆန္ဒမဲအချိုးအရ ကိုယ်စားလှယ်များရရှိပြီး လွှတ်တော်တွင်း ဝင် ရောက်နိုင်မည်ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။

 

အချိုးကျကိုယ်စားပြုစနစ် (PR) နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပါတီစုံဒီမို ကရေစီစနစ် ကျင့်သုံးခြင်းဖြစ်သည့် အတွက် လွှတ်တော်တွင်း ပါတီအများစုမှ ကိုယ်စားလှယ်များ ပါဝင်မှသာ နိုင်ငံ့အကျိုးအတွက် ပိုမိုဆောင် ရွက်နိုင်ကြမည်ဖြစ်ကြောင်း၊ အချိုးကျ ကိုယ်စားပြု စနစ် (PR) ကျင့်သုံးခြင်းဖြင့် FPTP စနစ်၏ အားနည်းချက် များကို အတိုင်းအတာတစ်ခုအထိ လျှော့ချ နိုင်မည်ဖြစ်ပြီး ယခင်ကကဲ့သို့ တစ်ပါတီလွှမ်းမိုးကြီးစိုးမှုမရှိဘဲ ပါတီများအနေဖြင့် ရွေးကောက် ပွဲတွင်ရရှိသည့် ဆန္ဒမဲအချိုးအရ ကိုယ်စားလှယ်များရရှိပြီး လွှတ်တော်တွင်း ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ပြောသည်။

 

တိုင်းရင်းသား မျိုးနွယ်စုပါတီငယ်များ၏ ကိုယ်စား လှယ်များလည်း လွှတ်တော်သို့ဝင်ရောက်နိုင်သည့် အခွင့် အရေး ရရှိမည်ဖြစ်ကြောင်း၊ မဲဆန္ဒရှင် များ၏ဆန္ဒ၊ အခွင့်အရေးလည်း ပိုမိုရရှိပြီး ဆန္ဒမဲများ အလဟဿ လေ လွင့်ဆုံးရှုံးမှု လျော့ပါးသွားမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် အချိုး ကျကိုယ်စားပြု စနစ်ကျင့်သုံးသည့် နိုင်ငံပေါင်း ၁၁၁ နိုင်ငံရှိကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက ပြောသည်။

 

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကိုက မြန်မာနိုင်ငံအနေဖြင့် ပထမ ဆုံးအကြိမ်အဖြစ် PR စနစ်ကျင့်သုံးမည်ဖြစ်ရာ ဝန်ထမ်းအားလုံးသည် အဆိုပါစနစ်နှင့်ပတ်သက်ပြီး ကျွမ်းကျွမ်းကျင်ကျင်ဖြစ်နေရန် လိုအပ်သည့်အတွက် ထပ်ကာထပ်ကာ အကြိမ်ကြိမ် ဖတ်ရှုလေ့လာ လေ့ကျင့်မှလက်တွေ့ ဆောင်ရွက်ရာတွင် ကျွမ်းကျင်လွယ်ကူမည်ဖြစ်ကြောင်း၊ ယနေ့ပို့ချချက်များနှင့် စပ်လျဉ်းပြီး သင်တန်းသားများအပါအဝင် ဝန်ထမ်း များအားလုံးအနေဖြင့် အလေးအနက်ထားလေ့လာ မှတ်သားပြီးနောက် ရွေးကောက်ပွဲတိုင်သည်အထိ အကြိမ် ကြိမ် လေ့ကျင့်နေရန် လိုအပ်ကြောင်း ပြောကြားသည်။

 

#PeopleMedia


Share this post