• Follow Us on

Home PR စနစ်သည် အခြေခံမဲအရေအတွက်အလိုက် ကိုယ်စားလှယ်နေရာရရှိနိုင်၍ တစ်ပါတီကြီးစိုးသောစနစ် အား နည်းသွားစေကြောင်း UEC ဥက္ကဋ္ဌ ပြောကြား

PR စနစ်သည် အခြေခံမဲအရေအတွက်အလိုက် ကိုယ်စားလှယ်နေရာရရှိနိုင်၍ တစ်ပါတီကြီးစိုးသောစနစ် အား နည်းသွားစေကြောင်း UEC ဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၆ (People Media)

 

PR စနစ်သည် အခြေခံမဲအရေအတွက်အလိုက် ကိုယ်စားလှယ်နေရာရရှိနိုင်၍ တစ်ပါတီကြီးစိုးသောစနစ် အား နည်းသွားစေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောသည်။

 

ယမန်နေ့ နံနက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေးပါတီ (၅၃) ပါတီမှ ကိုယ်စား လှယ်များ၊ ရွေးကောက်ပွဲစနစ် ဆွေးနွေးပွဲကို ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ မင်္ဂလာ ခန်းမတွင် ယနေ့နံနက်ပိုင်း စတင်ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြော ကြားခဲ့ခြင်းဖြစ်သည်။

 

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးက အဖွင့်အမှာစကားပြောကြားရာတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနှင့် မေလတို့တွင် ပြုလုပ်ခဲ့သည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံရေး ပါတီများတွေ့ဆုံညှိနှိုင်း အစည်းအဝေးများ၌ မြန်မာနိုင်ငံနှင့် သင့်လျော်ကိုက်ညီသည့် ရွေးကောက်ပွဲစနစ် ပြောင်းလဲကျင့်သုံးရန်အတွက် ပါတီအများစုက ဆွေးနွေးခဲ့ကြသည့်အခြေအနေများ၊ PR စနစ်နဲ့စပ်လျဉ်းသည့် စာတမ်းများကို နိုင်ငံ‌ရေးပါတီများမှ ပေးပို့ခဲ့ပြီး ဆွေးနွေးပွဲများပြုလုပ်ခဲ့သည့်အခြေအနေများကို တင်ပြဆွေး နွေးခဲ့သည်။

 

နိုင်ငံအသီးသီးတွင် ကျင့်သုံးလျက်ရှိသည့် မဲများသူ အနိုင်ရသည့်စနစ် FPTP နှင့် အချိုးကျကိုယ်စားပြုစနစ် PR တို့နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ရေးရပြီးနောက်ပိုင်းမှ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများအထိ မဲများသူ အနိုင်ရသည့်စနစ် (FPTP) ကိုသာ ကျင့်သုံးခဲ့သည့်အခြေအနေများ၊ မဲအများဆုံးရရှိသူ အနိုင်ရသည့်စနစ်ဖြင့် ရွေးကောက်တင်မြှောက်ရာတွင် ကိုယ်စားပြုခြင်းအခွင့်အရေးနှင့်ပတ်သက်၍  မဲဆန္ဒရှင်များ၏ နစ်နာမှုများ ဖြစ်ပေါ်လာနိုင်သည့်အခြေအနေများ၊ အချိုးကျကိုယ်စားပြုခြင်းဆိုသည့် သဘောတရားမှာ အများစုသည် ဆုံးဖြတ်ပိုင်ခွင့်ရှိသော်လည်း လူတိုင်းလူတိုင်းသည် ကိုယ်စားပြုခွင့်ရှိသည်ဆိုသည့်အချက်ပင်ဖြစ်ပြီး PR စနစ်သည် မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာသတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက်ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးခြင်းဖြစ်သဖြင့် ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်သည့် အခြေအနေများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဆွေးနွေးပြောကြားခဲ့သည်။

 

ဆက်လက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ယင်းစနစ်အရ တစ်သီးပုဂ္ဂလများသည်လည်း ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယင်းတို့ရရှိသော ထောက်ခံဆန္ဒမဲအပေါ် မူတည်၍ ရွေးကောက် တင်မြှောက်ခံနိုင်မည် ဖြစ်သည့်အခြေအနေများနှင့် PR စနစ်နှင့် ပတ်သက်၍ လူဦးရေအချိုးအစားအလိုက် ညီမျှသောကိုယ်စားလှယ် အရေအတွက်ရရှိခြင်း၊ ပါတီများအနေဖြင့် ရရှိသောဆန္ဒမဲအချိုးအစားအလိုက် ကိုယ်စားလှယ်အရေအတွက် သတ်မှတ်နိုင်ခြင်း၊ ပါတီငယ်များ၊ တိုင်းရင်းသားများ၊ အမျိုးသမီးများနှင့် တစ်သီးပုဂ္ဂလများလည်း အခွင့်အရေး ရရှိနိုင်ခြင်း၊ အခြေခံမဲအရေအတွက်အလိုက် ကိုယ်စားလှယ်နေရာရရှိနိုင်၍ တစ်ပါတီကြီးစိုးသောစနစ် အားနည်း သွားစေခြင်း၊ အဟောသိကံဖြစ်သော မဲများ လျော့ပါးစေ၍  ပြည်သူများ၏ဆန္ဒနှင့် အနီးစပ်ဆုံးညီမျှမှုကို ပေး စွမ်းနိုင်သဖြင့် မဲပေးမှုနှုန်း အားကောင်းစေနိုင်သည့် အခြေအနေများနှင့်ပတ်သက်၍ အကျယ်တဝင့်ရှင်းလင်း ပြောကြားခဲ့သည်။

 

#PeopleMedia #UEC

 

(unicode)


…………………………………………………………

 


 


 


 


 


 


 

#PeopleMedia #UEC


Share this post