• Follow Us on

Home PR စနစ် ကျင့်သုံးခြင်းဖြင့် ဒီမိုကရေစီ အာဏာရှင်စနစ်ကို ကာကွယ်ဟန့်တားနိုင်မယ်လို့ တ.စ.ည ပါတီ ပြောဆို

PR စနစ် ကျင့်သုံးခြင်းဖြင့် ဒီမိုကရေစီ အာဏာရှင်စနစ်ကို ကာကွယ်ဟန့်တားနိုင်မယ်လို့ တ.စ.ည ပါတီ ပြောဆို

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၈ (People Media)

 

လာမည့်ရွေးကောက်ပွဲ၌ PR စနစ်ကျင့်သုံးခြင်းဖြင့် ဒီမိုကရေစီအာဏာရှင်စနစ်ကို ကာကွယ်ဟန့်တားနိုင် မယ်လို့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးခင်မောင်သိန်းက UEC နှင့် နိုင်ငံရေးပါတီများ တွေ့ ဆုံခဲ့သည့် PR ဆွေးနွေးပွဲ၌ ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

 

ပြီးခဲ့သည့် နိုဝင်ဘာ ၆ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ လာမည့်ရွေးကောက်ပွဲတွင် PR စနစ် ကျင့်သုံးနိုင်ရေးနှင့်ပတ်သက်ပြီး နိုင်ငံရေးပါတီများနှင့် UEC တို့ ဆွေးနွေးပွဲ၌ တ.စ.ညပါတီက အထက်ပါအတိုင်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီမှ ဦးခင်မောင်သိန်းက PR စနစ်ကျင့်သုံးခြင်းဖြင့် ပါတီငယ်လေးများ၊ တိုင်းရင်းသားမျိုးနွယ်စုငယ်လေးများ လွှတ်တော်တွင်း ဝင်ရောက်နိုင်မှု အခွင့်အရေး ပိုမိုရရှိလာနိုင်ခြင်း၊ မဲဆန္ဒ ရှင်တစ်ဦးချင်းရဲ့ အခွင့်အရေးကို အာမခံနိုင်ခြင်း၊ မဲအဟောသိကံဖြစ်မှုမရှိနိုင်ခြင်း၊ ရွေးကောက်ပွဲများအပေါ် ပြည်သူစိတ်ဝင်စားမှုရှိလာပြီး မဲလာပေးမှု (Turn Out) ကောင်းလာနိုင်ခြင်း၊ အားလုံးပါဝင်ဆောင်ရွက်မှု (All Inclusive) ပိုမိုရရှိလာနိုင်ခြင်း၊ အမျိုးသမီးကိုယ်စားလှယ် (၃၀) ရာခိုင်နှုန်းပါဝင်နိုင်ရေးကို လက်တွေ့ ကျင့်သုံး လာနိုင်ခြင်း၊ ပါတီတစ်ခုတည်း၏ ကြီးစိုးလွှမ်းမိုးမှုကို လျော့ချနိုင်ခြင်းကို ဒီမိုကရေစီအာဏာရှင်စနစ်ကို ကာ ကွယ်ဟန့်တားနိုင်မည်ဖြစ်ခြင်းစသည့် အကျိုးစီးပွားတွေကို ရရှိလာနိုင်ကြောင်း၊ အချိုးကျကိုယ်စားပြုစနစ် (PR System) ရွေးကောက်ပုံစံသစ်ကို အရေးပေါ်ကာလ လုပ်ငန်းတာဝန်များ ပြီးဆုံးပြီးနောက် ကျင်းပမည့်ရွေး ကောက်ပွဲတွင် စတင် အသုံးပြုနိုင်အောင် ဆောင်ရွက်သင့်ကြောင်း ဆွေးဆွေးခဲ့ပါတယ်။

 

အလားတူ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီမှ ဒေါ်နန်းထိုက်ထိုက်ဝင်းကျော်က မြို့နယ်နှင့် လူဦးရေကို အခြေခံ သော အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ (PR) စနစ်၊ ပြည်နယ်နှင့် တိုင်းရင်းသားရေးရာဝန်ကြီး ရွေးကောက် မည့်စနစ်များကို ဆွေးနွေးခဲ့ပြီး အချိုးကျကိုယ်စားပြုစနစ် (PR) ကို ကျင့်သုံးခြင်းအားဖြင့် မဲမသမာမှုများကို ကြိုတင်ရှောင်ရှားနိုင်မည့်အပြင် လွတ်လပ်၍ မျှတခြင်းကို ဖော်ဆောင်နိုင်ရုံသာမက ပါဝင်မှုအခန်းကဏ္ဍနှင့် ကိုယ်စားပြုမှု စုံလင်သည့် လွှတ်တော်အခင်းအကျင်းတစ်ခုကို ပေါ်ပေါက်လာစေရန် ရည်ရွယ်ပါကြောင်း ဆွေး နွေးခဲ့ပါတယ်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲစနစ်ဆွေးနွေးပွဲကို နိုင်ငံရေးပါတီ (၅၁) ပါတီမှ ကိုယ် စားလှယ် (၉၂) ဦး၊ စိတ်ပါဝင်စား၍ တက်ရောက်သူ အရပ်ဘက်ကိုယ်စားလှယ် (၁၈) ဦး စုစုပေါင်း (၁၁၀) ဦး တက်ရောက်ခဲ့တယ်လို့ UEC ၏ ထုတ်ပြန်ထားချက်အရ သိရသည်။

 

#PeopleMedia #election #PR

 

(unicode)


……………………………………………………

 


 


 


 


 


 


 

#PeopleMedia #election #PR


Share this post