• Follow Us on

Home Project-K အဖဲြ႕၏ ေဖ်ာ္ေျဖကျပမႈသည္ ႏိ္ုင္ငံေတာ္အား ေစာ္ကားတာထက္ပိုဆိုးေၾကာင္း ေရႊတိဂံုေဂါပကအဖဲြ႕ ၀င္ေဟာင္းေျပာ

Project-K အဖဲြ႕၏ ေဖ်ာ္ေျဖကျပမႈသည္ ႏိ္ုင္ငံေတာ္အား ေစာ္ကားတာထက္ပိုဆိုးေၾကာင္း ေရႊတိဂံုေဂါပကအဖဲြ႕ ၀င္ေဟာင္းေျပာ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၂
 
Project-K အဖဲြ႕၏ေဖ်ာ္ေျဖကျပမႈသည္ ႏိ္ုင္ငံေတာ္အား ေစာ္ကားတာထက္ပိုဆိုးေၾကာင္း ေရႊတိဂံုေဂါပကအဖဲြ႕ ၀င္ေဟာင္း ေဒါက္တာရဲေအာင္ကေျပာသည္။
 
၎အဖဲြ႕သည္ ကိုရီးယား၊ ျမန္မာယဥ္ေက်းမႈ သံတမန္ဆက္ဆံေရး ၄၅ ႏွစ္ေျမာက္ေဖ်ာ္ေျဖပဲြတြင္ ႏိုင္ငံကိုယ္စား ျပဳအေနျဖင့္ သြားေရာက္ေဖ်ာ္ေျဖစဥ္ စတိတ္စင္ေအာက္ေျခတြင္ ေရႊတိဂံုေစတီေတာ္ပံုကို စလိုက္ထိုး၍ ျပသ ခဲ့ျခင္းေၾကာင္း ေ၀ဖန္မူမ်ားစြာခံေနရျခင္းျဖစ္သည္။
 
“ဘာသာသနာကို ေစာ္ကားတယ္ဆိုတာ ႏိုင္ငံကိုေစာ္ကားတာနဲ႔ေတာင္ဆိုးေသးတာေပါ့ ဒါကေတာ့ ပီပီျပင္ ျပင္ကိုထိထိေရာက္ေရာက္အေရးယူရမယ္။ ခက္တာကေရွ႕မွာလည္း ဒီတိုင္းပဲျပစ္စလက္ခက္ျဖစ္ေနရင္ေတာ့ ၾကာရင္ေတာ့အင္းေပါ့ ကိုယ့္လူမ်ိဳးေတြကခံခ်င္သလား၊ ခံႏိုင္သလားဆိုတာၾကည့္ၾကေပါ့ဒါပဲရွိတာပဲ။ ဘယ္လို အေတြးအေခၚနဲ႔မ်ား သူတို႔လုပ္လည္းမသိဘူး။ အေနာက္က background ကိုထားၿပီးကတာက လက္ခံပါ တယ္။ ေျခေထာက္ေအာက္မွာစလိုက္ထိုးထားႀကီးက ဒါေတာ္ေတာ္မိုက္႐ိုင္းတာ”ဟု ေရႊတိဂံုေဂါပကအဖဲြ႕၀င္ ေဟာင္းေဒါက္တာရဲေအာင္ကေျပာသည္။
 
အဆိုပါကိစၥႏွင့္ပတ္သက္ၿပီး ၎တို႔ေျခေထာက္ေအာက္မွာ စလိုက္ထိုးထားတဲ့ ေရႊတိဂံုဘုရားပံုရိပ္သည္ ဓာတ္ေတာ္ေငြေတာ္ေတြရွိတဲ့ေနရာျဖစ္ၿပီးကမာၻေပၚတြင္ ျမန္မာႏိုင္ငံတစ္ခုထဲတြင္သာရွိေၾကာင္း ၎ကေျပာ သည္။
 
ယင္းေဖ်ာ္ေျဖျခင္းႏွင့္ပတ္သက္ၿပီး Project_K အဖဲြ႕မွ ၎တို႔၏လူမူကြန္ရက္စာမ်က္ႏွာေပၚတြင္ “ေရႊတိဂံု ေစတီေတာ္ပံုရိပ္ကိုေအာက္ LED မွာျပေနတယ္ဆိုတာ ကၽြန္ေတာ္တို႔ ေဖ်ာ္ေျဖၿပီးမွသိခဲ့ရတာပါ။ Rehearsal အခ်ိန္မွာေရာ ပဲြေဖ်ာ္ေျဖေနတဲ့အခ်ိန္မွာပါ ႏိုင္ငံအတြက္ အေကာင္းဆံုး ႀကိဳးစားၾကမယ္ဆိုတဲ့စိတ္နဲ႔ ပဲႀကိဳးစား ၿပီးေဖ်ာ္ေျဖခဲ့ၾကတာပါ”ဟု ေရးသားထားသည္။
 
#PeopleMedia
 
(unicode)
Project-K အဖွဲ့၏ ဖျော်ဖြေကပြမှုသည် နိ်ုင်ငံတော်အား စော်ကားတာထက်ပိုဆိုးကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ ဝင်ဟောင်းပြော
……………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ ၁၂
 
Project-K အဖွဲ့၏ဖျော်ဖြေကပြမှုသည် နိ်ုင်ငံတော်အား စော်ကားတာထက်ပိုဆိုးကြောင်း ရွှေတိဂုံဂေါပကအဖွဲ့ ဝင်ဟောင်း ဒေါက်တာရဲအောင်ကပြောသည်။
 
၎င်းအဖွဲ့သည် ကိုရီးယား၊ မြန်မာယဉ်ကျေးမှု သံတမန်ဆက်ဆံရေး ၄၅ နှစ်မြောက်ဖျော်ဖြေပွဲတွင် နိုင်ငံကိုယ်စား ပြုအနေဖြင့် သွားရောက်ဖျော်ဖြေစဉ် စတိတ်စင်အောက်ခြေတွင် ရွှေတိဂုံစေတီတော်ပုံကို စလိုက်ထိုး၍ ပြသ ခဲ့ခြင်းကြောင်း ဝေဖန်မူများစွာခံနေရခြင်းဖြစ်သည်။
 
“ဘာသာသနာကို စော်ကားတယ်ဆိုတာ နိုင်ငံကိုစော်ကားတာနဲ့တောင်ဆိုးသေးတာပေါ့ ဒါကတော့ ပီပီပြင် ပြင်ကိုထိထိရောက်ရောက်အရေးယူရမယ်။ ခက်တာကရှေ့မှာလည်း ဒီတိုင်းပဲပြစ်စလက်ခက်ဖြစ်နေရင်တော့ ကြာရင်တော့အင်းပေါ့ ကိုယ့်လူမျိုးတွေကခံချင်သလား၊ ခံနိုင်သလားဆိုတာကြည့်ကြပေါ့ဒါပဲရှိတာပဲ။ ဘယ်လို အတွေးအခေါ်နဲ့များ သူတို့လုပ်လည်းမသိဘူး။ အနောက်က background ကိုထားပြီးကတာက လက်ခံပါ တယ်။ ခြေထောက်အောက်မှာစလိုက်ထိုးထားကြီးက ဒါတော်တော်မိုက်ရိုင်းတာ”ဟု ရွှေတိဂုံဂေါပကအဖွဲ့ဝင် ဟောင်းဒေါက်တာရဲအောင်ကပြောသည်။
 
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ၎င်းတို့ခြေထောက်အောက်မှာ စလိုက်ထိုးထားတဲ့ ရွှေတိဂုံဘုရားပုံရိပ်သည် ဓာတ်တော်ငွေတော်တွေရှိတဲ့နေရာဖြစ်ပြီးကမ္ဘာပေါ်တွင် မြန်မာနိုင်ငံတစ်ခုထဲတွင်သာရှိကြောင်း ၎င်းကပြော သည်။
 
ယင်းဖျော်ဖြေခြင်းနှင့်ပတ်သက်ပြီး Project_K အဖွဲ့မှ ၎င်းတို့၏လူမူကွန်ရက်စာမျက်နှာပေါ်တွင် “ရွှေတိဂုံ စေတီတော်ပုံရိပ်ကိုအောက် LED မှာပြနေတယ်ဆိုတာ ကျွန်တော်တို့ ဖျော်ဖြေပြီးမှသိခဲ့ရတာပါ။ Rehearsal အချိန်မှာရော ပွဲဖျော်ဖြေနေတဲ့အချိန်မှာပါ နိုင်ငံအတွက် အကောင်းဆုံး ကြိုးစားကြမယ်ဆိုတဲ့စိတ်နဲ့ ပဲကြိုးစား ပြီးဖျော်ဖြေခဲ့ကြတာပါ”ဟု ရေးသားထားသည်။
 
#PeopleMedia

Share this post