• Follow Us on

Home Project K အဖြဲ႕အား ဆႏၵျပမႈတြင္ ဦးေဆာင္ပါ၀င္ခဲ့သည့္ အမ်ဳိးသားေရးအဖြဲ႕မွ သံဃာေတာ္အပါအ၀င္ ၇ ဦး အား လာေရာက္ရွင္းလင္းရန္ မဂၤလာဒံုရဲစခန္းမွ ေခၚယူ

Project K အဖြဲ႕အား ဆႏၵျပမႈတြင္ ဦးေဆာင္ပါ၀င္ခဲ့သည့္ အမ်ဳိးသားေရးအဖြဲ႕မွ သံဃာေတာ္အပါအ၀င္ ၇ ဦး အား လာေရာက္ရွင္းလင္းရန္ မဂၤလာဒံုရဲစခန္းမွ ေခၚယူ

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၁၅
 
Project K အဖြဲ႕အား ဆႏၵျပမႈတြင္ ဦးေဆာင္ပါ၀င္ခဲ့သည့္ အမ်ဳိးသားေရးအဖြဲ႕မွ သံဃာေတာ္အပါအ၀င္ ၇ ဦး အား လာေရာက္ရွင္းလင္းရန္ မဂၤလာဒံုရဲစခန္းမွ အေၾကာင္းၾကားစာတစ္ေစာင္ထုတ္ျပန္ခဲ့သည္။
 
အဆိုပါ Project K အဖြဲ႕အား ေအာက္တိုဘာ ၁၃ ရက္ေန႔ ညပိုင္းအခ်ိန္တြင္ မဂၤလာဒံုၿမိဳ႕နယ္၊ အျပည္ျပည္ဆိုင္ ရာေလဆိပ္၊ မဂၤလာဒံုေလတပ္စခန္းဌာနခ်ဳပ္လမ္းဆံုတြင္ ေတာင္ကိုရီးယားႏိုင္ငံ၌ Project K အဖြဲ႕၏ တင္ ဆက္ကျပေဖ်ာ္ေျဖခဲ့သည့္ ႐ုပ္သံဖိုင္၌ ေရႊတိဂံုေစတီေတာ္၏ ပံုေတာ္ကိုနင္း၍ ကျပခဲ့သည့္ျဖစ္စဥ္ႏွင့္ပတ္သက္ ၿပီး မေက်နပ္၍ အမ်ဳိးသားေရးအဖြဲ႕မွဦးေဆာင္ကာ လူအင္အား ၁၂၀ ေက်ာ္မွ ဆိုင္းဘုတ္မ်ားကိုင္ေဆာင္ စုေ၀းဆႏၵေဖာ္ထုတ္ခဲ့ျခင္းျဖစ္သည္။
 
ဦးမုတ္ဆိတ္(ခ)ထြန္းထြန္းဦးမွ “သူတို႔စြဲတယ္ဆိုတဲ့ဟာက ဘယ္လိုသေဘာမ်ဳိးနဲ႔ အစ္ကိုတို႔ကို တပ္ၿပီးစြဲ တာလည္း အဲဒါေလးသိခ်င္တယ္။ သိခြင့္မရဘူး။ ဒီေန႔သြားမွပဲ သူတို႔ ဘာေၾကာင့္စြဲတယ္ဆိုတာ သိရမယ္။ အစ္ကိုတို႔နာမည္ေတြပါလာတယ္၊ ဘာလို႔ပါလာတာလဲ၊ ဘယ္သူကထည့္တာလဲဆိုတာ သိရေအာင္” ဟု ေျပာသည္။
 
ယင္းထုတ္ျပန္ခ်က္တြင္ ဦးေဆာင္ပါ၀င္ဆႏၵျပခဲ့သူမ်ားမွာ ဦးပညာ၀ံသ(မ်ဳိးခ်စ္ျမန္မာ ရဟန္းေတာ္မ်ားသမဂၢ ဗဟိုအလုပ္အမႈေဆာင္)၊ ဦးေနာင္ေတာ္ေလး(ခ)ဦးႏိုင္ထြန္း၀င္း၊ ဦးေဇာ္၀င္း၊ ဦးထြန္းေက်ာ္၊ ေဒၚေအးေအးႏု၊ ဦးမုတ္ဆိတ္(ခ)ထြန္းထြန္းဦး၊ ဦးျမင့္စန္း စုစုေပါင္း ၇ ဦးအား ယေန႔ ေန႔လယ္ ၁ နာရီအခ်ိန္တြင္ မဂၤလာဒံုရဲစခန္း သို႔ လာေရာက္ရန္ရွင္းလင္းရန္ ေအာက္တိုဘာ ၁၄ ရက္ေန႔စြဲျဖင့္ အေၾကာင္းၾကားခဲ့ျခင္းျဖစ္သည္။
 
#PeopleMedia
 
(unicode)
Project K အဖွဲ့အား ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် အမျိုးသားရေးအဖွဲ့မှ သံဃာတော်အပါအဝင် ၇ ဦး အား လာရောက်ရှင်းလင်းရန် မင်္ဂလာဒုံရဲစခန်းမှ ခေါ်ယူ
…………………………………………………………
 
ရန်ကုန်၊ အောက်တိုဘာ ၁၅
 
Project K အဖွဲ့အား ဆန္ဒပြမှုတွင် ဦးဆောင်ပါဝင်ခဲ့သည့် အမျိုးသားရေးအဖွဲ့မှ သံဃာတော်အပါအဝင် ၇ ဦး အား လာရောက်ရှင်းလင်းရန် မင်္ဂလာဒုံရဲစခန်းမှ အကြောင်းကြားစာတစ်စောင်ထုတ်ပြန်ခဲ့သည်။
 
အဆိုပါ Project K အဖွဲ့အား အောက်တိုဘာ ၁၃ ရက်နေ့ ညပိုင်းအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အပြည်ပြည်ဆိုင် ရာလေဆိပ်၊ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်လမ်းဆုံတွင် တောင်ကိုရီးယားနိုင်ငံ၌ Project K အဖွဲ့၏ တင် ဆက်ကပြဖျော်ဖြေခဲ့သည့် ရုပ်သံဖိုင်၌ ရွှေတိဂုံစေတီတော်၏ ပုံတော်ကိုနင်း၍ ကပြခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက် ပြီး မကျေနပ်၍ အမျိုးသားရေးအဖွဲ့မှဦးဆောင်ကာ လူအင်အား ၁၂၀ ကျော်မှ ဆိုင်းဘုတ်များကိုင်ဆောင် စုဝေးဆန္ဒဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။
 
ဦးမုတ်ဆိတ်(ခ)ထွန်းထွန်းဦးမှ “သူတို့စွဲတယ်ဆိုတဲ့ဟာက ဘယ်လိုသဘောမျိုးနဲ့ အစ်ကိုတို့ကို တပ်ပြီးစွဲ တာလည်း အဲဒါလေးသိချင်တယ်။ သိခွင့်မရဘူး။ ဒီနေ့သွားမှပဲ သူတို့ ဘာကြောင့်စွဲတယ်ဆိုတာ သိရမယ်။ အစ်ကိုတို့နာမည်တွေပါလာတယ်၊ ဘာလို့ပါလာတာလဲ၊ ဘယ်သူကထည့်တာလဲဆိုတာ သိရအောင်” ဟု ပြောသည်။
 
ယင်းထုတ်ပြန်ချက်တွင် ဦးဆောင်ပါဝင်ဆန္ဒပြခဲ့သူများမှာ ဦးပညာဝံသ(မျိုးချစ်မြန်မာ ရဟန်းတော်များသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်)၊ ဦးနောင်တော်လေး(ခ)ဦးနိုင်ထွန်းဝင်း၊ ဦးဇော်ဝင်း၊ ဦးထွန်းကျော်၊ ဒေါ်အေးအေးနု၊ ဦးမုတ်ဆိတ်(ခ)ထွန်းထွန်းဦး၊ ဦးမြင့်စန်း စုစုပေါင်း ၇ ဦးအား ယနေ့ နေ့လယ် ၁ နာရီအချိန်တွင် မင်္ဂလာဒုံရဲစခန်း သို့ လာရောက်ရန်ရှင်းလင်းရန် အောက်တိုဘာ ၁၄ ရက်နေ့စွဲဖြင့် အကြောင်းကြားခဲ့ခြင်းဖြစ်သည်။
 
#PeopleMedia

Share this post