• Follow Us on

Home Project K ႐ုပ္သံႏွင့္ပတ္သက္ၿပီး အတုိက္အခံ ႏုိင္ငံေရးပါတီေတြက အမ်ဳိးဘာသာ သာသနာနဲ႔ တုိက္ခုိက္မွာ ပဲလုိ႔ မုံရြာေအာင္ရွင္ေျပာဆို

Project K ႐ုပ္သံႏွင့္ပတ္သက္ၿပီး အတုိက္အခံ ႏုိင္ငံေရးပါတီေတြက အမ်ဳိးဘာသာ သာသနာနဲ႔ တုိက္ခုိက္မွာ ပဲလုိ႔ မုံရြာေအာင္ရွင္ေျပာဆို

Share this post

ကိုရီးယားႏိုင္ငံ၌ Project K အဖြဲ႕၏ တင္ဆက္ကျပေဖ်ာ္ေျဖခဲ့သည့္ ႐ုပ္သံဖိုင္၌ ေရႊတိဂံုေစတီေတာ္၏ ပံုေတာ္ ကိုနင္း၍ ကျပခဲ့သည့္ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး အမ်ဳိးသားဒီမိုကေရစီအဖြဲ႕(NLD)ပါတီ ဗဟိုျပန္ၾကားေရး အေထြေထြအတြင္းေရးမွဴး မံုရြာေအာင္ရွင္အား People Media မွ ဆက္သြယ္ေမးျမန္းခဲ့သည္။

ေမး – Project K ကိစၥနဲ႔ပတ္သက္ၿပီး ေဝဖန္မႈေတြ ရွိေနေတာ့ ဆရာရဲ႕ သေဘာထားအျမင္ကို ေျပာျပေပးပါဦး။

ေျဖ – အဲဒီဟာ ျပည့္ျပည့္စံုစံုေတာ့မသိဘူး။ အၾကမ္းဖ်င္းသိတာက ကိုရီးယားမွာသြားၿပီးေတာ့ လုပ္တယ္ ေပါ့ေလ။ အဲဒီေလာက္ပဲ သိတယ္။ ေနာက္သူတို႔ ကတာျပဳတဲ့ပံုရိပ္ေတြေတြ႕တဲ့အခါက်ေတာ့ ေရႊတိဂံုဘုရား ပံုရိပ္ကိုနင္းျပဳၿပီးေတာ့ အဲဒါမ်ဳိးလုပ္တယ္လို႔ အဲဒီေလာက္ပဲသိတယ္။ အႏုစိတ္ေတာ့ မသိဘူး။ ဒီေလာက္အေန အထားပဲသိထားတယ္။ သိပ္ၿပီးေတာ့ မသိဘူး။

ေမး – ဒီအေျခအေနနဲ႔ပတ္သက္ၿပီး ႏုိင္ငံေရးပါတီအခ်ဳိ႕က ႏိုင္ငံေရးအေနနဲ႔အသံုးခ်လာႏိုင္လား၊ ဒီအေပၚမွာ ဘယ္လိုျမင္ပါသလဲ။

ေျဖ – အျခားႏိုင္ငံေရးအတိုက္အခံပါတီေတြကေတာ့ ဒီလိုပါပဲ။ အမ်ဳိးဘာသာ သာသနာဘာညာနဲ႔ တိုက္ခိုက္မွာ ပဲ။ ဒါကေတာ့ အခု Project K ကိစၥမျဖစ္ခင္ကတည္းကေလ ဒီဟာေတြကေတာ့ ရွိေနတာပဲ။ သိပ္ေတာ့မဆန္းပါ ဘူး။ တစ္ခါေတြ႕ တစ္ခါေျပာမွာပဲ။ အဓိကက ဒီဟာကတကယ့္ ေစတနာပါပါလုပ္တာလား၊ တမင္လုပ္တာ လား၊ မေတာ္တဆျဖစ္တာလား ဒါေတြေတာ့ စဥ္းစားဖို႔ေတာ့လိုလိမ့္မယ္ထင္တယ္။ ကၽြန္ေတာ့္အျမင္ကေတာ့ ဒါေတြက ဒီေလာက္ထိလြယ္၊ ရွလြယ္တဲ့ကိစၥမ်ဳိးကို တမင္လုပ္တာမျဖစ္ႏိုင္ဘူးလို႔ေတာ့ထင္တယ္။ ဒါေတြက တိုက္ဆိုင္မႈျဖစ္သြားတယ္လို႔ပဲထင္ပါတယ္။

ေမး – ဘာမ်ားျဖည့္စြက္ေျပာၾကားလိုပါသလဲ။

ေျဖ – ေျပာခ်င္တာကေတာ့ ဒီဟာအေပၚမွာ အျပစ္တင္ခ်င္တဲ့သူက တိုက္ခိုက္ခ်င္တဲ့သူကေတာ့ ဒီကိစၥတင္ မဟုတ္ပါဘူး။ တျခားျဖစ္လာလည္း တိုက္ခိုက္မွာပဲေလ။ ဒါအတြက္ေတာ့ သိပ္ေတာ့မဆန္းပါဘူး။ အဓိကက ဘာလည္းဆိုေတာ့ ကိုယ္ကိုယ္တိုင္က တကယ္ ဒါကို အသိရွိရွိနဲ႔ လုပ္တာမဟုတ္ဘူးဆိုတာပဲ အဓိကက်တယ္ လို႔ ထင္ပါတယ္။

#PeopleMedia #မုံရြာေအာင္ရွင္ #Political

(unicode)
Project K ရုပ်သံနှင့်ပတ်သက်ပြီး အတိုက်အခံ နိုင်ငံရေးပါတီတွေက အမျိုးဘာသာ သာသနာနဲ့ တိုက်ခိုက်မှာ ပဲလို့ မုံရွာအောင်ရှင်ပြောဆို
……………………………………………………

ကိုရီးယားနိုင်ငံ၌ Project K အဖွဲ့၏ တင်ဆက်ကပြဖျော်ဖြေခဲ့သည့် ရုပ်သံဖိုင်၌ ရွှေတိဂုံစေတီတော်၏ ပုံတော် ကိုနင်း၍ ကပြခဲ့သည့်ဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့(NLD)ပါတီ ဗဟိုပြန်ကြားရေး အထွေထွေအတွင်းရေးမှူး မုံရွာအောင်ရှင်အား People Media မှ ဆက်သွယ်မေးမြန်းခဲ့သည်။

မေး – Project K ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ရှိနေတော့ ဆရာရဲ့ သဘောထားအမြင်ကို ပြောပြပေးပါဦး။

ဖြေ – အဲဒီဟာ ပြည့်ပြည့်စုံစုံတော့မသိဘူး။ အကြမ်းဖျင်းသိတာက ကိုရီးယားမှာသွားပြီးတော့ လုပ်တယ် ပေါ့လေ။ အဲဒီလောက်ပဲ သိတယ်။ နောက်သူတို့ ကတာပြုတဲ့ပုံရိပ်တွေတွေ့တဲ့အခါကျတော့ ရွှေတိဂုံဘုရား ပုံရိပ်ကိုနင်းပြုပြီးတော့ အဲဒါမျိုးလုပ်တယ်လို့ အဲဒီလောက်ပဲသိတယ်။ အနုစိတ်တော့ မသိဘူး။ ဒီလောက်အနေ အထားပဲသိထားတယ်။ သိပ်ပြီးတော့ မသိဘူး။

မေး – ဒီအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံရေးပါတီအချို့က နိုင်ငံရေးအနေနဲ့အသုံးချလာနိုင်လား၊ ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ – အခြားနိုင်ငံရေးအတိုက်အခံပါတီတွေကတော့ ဒီလိုပါပဲ။ အမျိုးဘာသာ သာသနာဘာညာနဲ့ တိုက်ခိုက်မှာ ပဲ။ ဒါကတော့ အခု Project K ကိစ္စမဖြစ်ခင်ကတည်းကလေ ဒီဟာတွေကတော့ ရှိနေတာပဲ။ သိပ်တော့မဆန်းပါ ဘူး။ တစ်ခါတွေ့ တစ်ခါပြောမှာပဲ။ အဓိကက ဒီဟာကတကယ့် စေတနာပါပါလုပ်တာလား၊ တမင်လုပ်တာ လား၊ မတော်တဆဖြစ်တာလား ဒါတွေတော့ စဉ်းစားဖို့တော့လိုလိမ့်မယ်ထင်တယ်။ ကျွန်တော့်အမြင်ကတော့ ဒါတွေက ဒီလောက်ထိလွယ်၊ ရှလွယ်တဲ့ကိစ္စမျိုးကို တမင်လုပ်တာမဖြစ်နိုင်ဘူးလို့တော့ထင်တယ်။ ဒါတွေက တိုက်ဆိုင်မှုဖြစ်သွားတယ်လို့ပဲထင်ပါတယ်။

မေး – ဘာများဖြည့်စွက်ပြောကြားလိုပါသလဲ။

ဖြေ – ပြောချင်တာကတော့ ဒီဟာအပေါ်မှာ အပြစ်တင်ချင်တဲ့သူက တိုက်ခိုက်ချင်တဲ့သူကတော့ ဒီကိစ္စတင် မဟုတ်ပါဘူး။ တခြားဖြစ်လာလည်း တိုက်ခိုက်မှာပဲလေ။ ဒါအတွက်တော့ သိပ်တော့မဆန်းပါဘူး။ အဓိကက ဘာလည်းဆိုတော့ ကိုယ်ကိုယ်တိုင်က တကယ် ဒါကို အသိရှိရှိနဲ့ လုပ်တာမဟုတ်ဘူးဆိုတာပဲ အဓိကကျတယ် လို့ ထင်ပါတယ်။

#PeopleMedia #မုံရွာအောင်ရှင် #Political


Share this post