• Follow Us on

Home Quarantine ၀င်နေသူနှင့် ကိုဗစ်လူနာများအား မဲစာရွက်မထိခိုင်းဘဲ ၎င်းတို့ မဲပေးလိုသူကိုမေးကာ ကျန်းမာ ရေးဝန်ထမ်းမှ ဆန္ဒမဲတံဆိပ်တုံးထုပေး


Share this post

ရန်ကုန်၊ နိုဝင်ဘာ ၂
 
 
 
 
Quarantine ၀င်နေသူနှင့် ကိုဗစ်လူနာများအနေဖြင့် ပုံစံ ၁၅ ဖြင့် ကြိုတင်မဲပေးနိုင်ရန်စီစဉ်ပေးထားခြင်းဖြစ်ပြီး ထိုမဲများအား သက်ဆိုင်ရာမြို့နယ်အလိုက် ကြိုတင်မဲပုံများကို ပြန်လည်ပို့ပေးကြောင်း၎င်းကပြောသည်။
 
 
#PeopleMedia
 
(unicode)
Quarantine ဝင်နေသူနှင့် ကိုဗစ်လူနာများအား မဲစာရွက်မထိခိုင်းဘဲ ၎င်းတို့ မဲပေးလိုသူကိုမေးကာ ကျန်းမာ ရေးဝန်ထမ်းမှ ဆန္ဒမဲတံဆိပ်တုံးထုပေး
………………………………………………………
 
ရန်ကုန်၊ နိုဝင်ဘာ ၂
 
Quarantine ဝင်နေသူနှင့် ကိုဗစ်လူနာများအား မဲစာရွက်မထိခိုင်းဘဲ ၎င်းတို့ မဲပေးလိုသူကိုမေးကာ ကျန်း မာရေးဝန်ထမ်းမှ ဆန္ဒမဲတံဆိပ်တုံးထုပေးကြောင်း ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ရွေးကောက်ပွဲကော်မ ရှင်ဥက္ကဋ္ဌ ဦးဝင်းဇော်ကပြောသည်။
 
Quarantine ဝင်နေသူနှင့် ကုသရေးစင်တာရောက် ကိုဗစ်လူနာများထံမှ ကြိုတင်မဲများစတင်ကောက်ယူနေပြီး မဲထည့်ရာတွင် ကိုဗစ်လူနာများအား မဲစာရင်းလုံးဝမထိခိုင်းကြောင်း ၎င်းကပြောသည်။
 
“လူနာတွေကိုကြတော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ အထဲကနေပြီးတော့ လူနာကိုလည်း မဲစာရင်းကို လုံးဝ မထိခိုင်းဘဲနဲ့ သူတို့ဆန္ဒအရပြုပြီးတော့ သူတို့ဆန္ဒပြုတဲ့ဟာကို သူတို့ကိုဆန္ဒပြုပေးပြီးတော့ အိပ်ထဲအလုံ ထည့်ပြီးတော့ပိတ်ထားတဲ့ဟာတွေကို ကျွန်တော်တို့ကသွားယူပါတယ်” ဟု ဦးဝင်းဇော်ကပြောသည်။
 
Quarantine ဝင်နေသူနှင့် ကိုဗစ်လူနာများအနေဖြင့် ပုံစံ ၁၅ ဖြင့် ကြိုတင်မဲပေးနိုင်ရန်စီစဉ်ပေးထားခြင်းဖြစ်ပြီး ထိုမဲများအား သက်ဆိုင်ရာမြို့နယ်အလိုက် ကြိုတင်မဲပုံများကို ပြန်လည််ပို့ပေးကြောင်း၎င်းကပြောသည်။
 
“ပုံစံ ၁၅ နဲ့လျောက်ပါတယ်။ ပုံစံ ၁၅ နဲ့ လျောက်တဲ့ဟာကို မြို့နယ်ထဲကလူတွေက ဒီကနေ မဲစာရင်းလုပ်ပေး တာပေါ့နော်။ မြို့နယ်ပြင်ပကတော့ အဲ့ဒီကနေ မဲစာရင်းတောင်းခံပြီးတော့ မဲလက်မှတ်တွေရောက်လာတဲ့ အခါမှာအဲ့ဒီကိုသွားပြီးတော့ Quarantine စင်တာတို့ရိုးမတို့ကိုသွားပြီးတော့ မဲဆန္ဒသွားပြုပြီးပြန်လာပြီးတော့ မူလနေရာကိုပြန်ပို့ပေးပါတယ်။ မြို့နယ်အတွင်းက လူတွေကတော့ ကျွန်တော်တို့မြို့နယ်မဲပုံးထဲထည့်တာပေါ့။ တခြားကနေရောက်လာတဲ့ မဲလက်မှတ်ကြတော့ ကျွန်တော့်တို့ကအဲ့မြို့နယ်ကိုပြန်ပို့ပေးရပါတယ်။ မြို့နယ်အ သီးသီးကနေ သူတို့ကြိုတင်မဲပုံးထဲကြိုထည့်ပြီးတော့ ဟိုဟာနေ့ကြမှ သူတို့ရေတွက်မှာ ဖြစ်ပါတယ်” ဟု ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဝင်ဇော်ကပြောသည်။
 
#PeopleMedia

Share this post