Radio NUG လိုင်းသည် ပြန်ကြားရေးမှ တရားဝင်ခွင့်ပြုချက်မရှိသည့်အတွက် ထောက်ပံ့ကူညီသူများကို အရေးယူသွားမယ်လို့ န-စ-က သတင်းထုတ်ပြန်

PUBLISHED - August 21, 2021
နေပြည်တော်၊ သြဂုတ် ၂၁ (People Media)
Radio NUG လိုင်းသည် ပြန်ကြားရေးမှ တရားဝင်ခွင့်ပြုချက်မရှိသည့်အတွက် ထောက်ပံ့ကူညီသူများ အရေး ယူခံရမည်ဖြစ်ကြောင်း န-စ-ကမှ သြဂုတ်လ ၂၀ ရက်နေ့ ညပိုင်းအချိန်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)မှ ထုတ်လွှင့်သည့် Radio NUG လိုင်းသည် ပြန် ကြားရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်လွှင့်ခွင့်ပြုထားသည့် ရေဒီယိုလိုင်းမဟုတ်သည့်အတွက် ခွင့်ပြုချက်မရရှိ ဘဲ လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ထောက်ပံ့ကူညီခြင်းများပြုလုပ်ပါက တည်ဆဲတရားဥပဒေနှင့်အညီ အရေးယူခံ ရမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ထို Radio NUG အမည်ဖြင့် ရေဒီယိုလိုင်းသည် သြဂုတ်လ ၂၀ ရက်နေ့တွင် စမ်းသပ်ထုတ်လွှင့်ခဲ့ခြင်းဖြစ်ပြီး နေ့စဉ် နံနက် ၈ နာရီတစ်ကြိမ်၊ ည ၈ နာရီတွင်တစ်ကြိမ် မိနစ် ၃၀ ကြာထုတ်လွှင့်သွားမည်ဟုလည်း သိရသည်။
အလားတူ Radio NUG ကို ဖုန်းတွင်ပါသည့် FM ရေဒီယိုဖြင့် ဖမ်းယူနားဆင်နိုင်မည်မဟုတ်ဘဲ အိမ်သုံးရေဒီယို 10 Band Digital Radio ဖြင့် လှိုင်းတိုမီတာ ၁၆/မက်ဂါဟက်ဇ် ၁၇ ဒသမ ၇၁ တွင် ဖမ်းယူနားဆင်နိုင်ကြောင်း NUG မှ ကြေညာထားသည်။
#PeopleMedia #RadioNUG # ပြန်ကြားရေး
(unicode)
……………………………………………………………………