• Follow Us on

Home RCSS မွ မိုင္းကိုင္ၿမိဳ႕လြယ္ေတာင္ေက်းရြာေနအိမ္မ်ား ဖ်က္ဆီးမည္ဟု ၿခိမ္းေျခာက္မႈေၾကာင့္ ေဒသခံမ်ား ေရႊ႕ေျပာင္းေပးခဲ့ရ

RCSS မွ မိုင္းကိုင္ၿမိဳ႕လြယ္ေတာင္ေက်းရြာေနအိမ္မ်ား ဖ်က္ဆီးမည္ဟု ၿခိမ္းေျခာက္မႈေၾကာင့္ ေဒသခံမ်ား ေရႊ႕ေျပာင္းေပးခဲ့ရ

Share this post

ရန္ကုန္၊ ဒီဇင္ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရွမ္းျပည္ ျပန္လည္ထူေထာင္ေရးေကာင္စီ (RCSS)မွ ရွမ္းျပည္နယ္ေတာင္ပိုင္း မိုင္းကိုင္ၿမိဳ႕နယ္ လြယ္ေတာင္ ေက်းရြာရွိ ေဒသခံျပည္သူအားလုံးကို ဒီဇင္ဘာလအတြင္း ယင္းေက်းရြာမွ ေျပာင္းေရြ႕ေပးရန္ႏွင့္ ေျပာင္းေရႊ႕ ျခင္းမရွိပါက ေနအိမ္မ်ားကို ဖ်က္ဆီးျဖစ္မည္ဟု ၿခိမ္းေျခာက္မႈေၾကာင့္ ေဒသခံမ်ား ေရႊ႕ေျပာင္းေပးခဲ့ရေၾကာင္း ယင္းေဒသတြင္ ေနထိုင္သူမ်ားထံမွ သိရသည္။

မိုင္းကိုင္ၿမိဳ႕နယ္ လြယ္ေတာင္ေက်းရြာေနထိုင္သူမွာ RCSS ၏ ၿခိမ္းေျခာက္အနိုင္က်င့္မႈမ်ားေၾကာင့္ ၿပီးခဲ့သည့္ ရက္ပိုင္းအတြင္း ရြာတြင္ ေနထိုင္သည့္လူဦးေရ (၂၀၀) ဝန္းက်င္မွာ မိမိတို႔ ေနအိမ္မ်ားကို ၿဖိဳဖ်က္ၿပီး ဝမ္းလုံ ေက်းရြာအုပ္စုဘက္ကို ေရႊ႕ေျပာင္းခဲ့ေၾကာင္း ထိုသို႔ ေရႊ႕ေျပာင္းမႈမ်ားေၾကာင့္ အဆင္မေျပမႈမ်ားစြာ ႀကဳံေနရဟု ေဒသခံမ်ားက ဆိုသည္။

“ဒါကေတာ့ လူတန္းတူအခြင့္အေရးကို ခ်ိဳးေဖာက္တာေပါ့ေနာ္၊ ဘယ္ေလာက္ထိ ထိခိုက္နိုင္လည္းဆိုရင္ က်န္းမာေရးေကာ ပညာေရးေကာ စီးပြားေရးေကာ အားလုံးကို ထိခိုက္သြားတာေပါ့၊ ဒါက မျဖစ္သင့္ မျဖစ္ထိုက္တဲ့ကိစၥေလ၊ အဲ့ဒါေၾကာင့္ မိုင္းကိုင္မွာရွိတဲ့ တာဝန္ရွိသူေတြေကာ ျမန္မာနိုင္ငံမွာရွိတဲ့ တာဝန္ရွိ သူေတြေကာ ဒါေတြ ေနာက္ထပ္မျဖစ္ဖို႔နဲ႔ ျဖစ္တာေတြကိုလည္း ဝိုင္းဝန္းေျဖရွင္းေပးသင့္တယ္လို႔ ျမင္ပါတယ္”ဟု မိုင္းကိုင္ၿမိဳ႕နယ္ တေအာင္း(ပေလာင္)အမ်ိဳးသားပါတီဥကၠ႒ ဦးမိုင္းႏုမ္ဟန္က ေျပာသည္။

အဆိုပါေက်းရြာတြင္ ေနထိုင္သူမ်ားမွာ လြန္ခဲ့သည့္ ႏွစ္ေပါင္းမ်ားစြာကတည္းက ေနထိုင္လာျခင္းေၾကာင့္ ယင္းေက်းရြာမွ ေရႊ႕ေျပာင္းရန္ ဆႏၵမရွိၾကေသာ္လည္း RCSS ၏ ၿခိမ္းေျခာက္အနိုင္မႈေၾကာင့္ ေျပာင္းေရႊ႕ေပး ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

မိုင္းကိုင္ၿမိဳ႕နယ္ လြယ္ေတာင္ေက်းရြာတြင္ အိမ္ေၿခ ၃ဝ ေက်ာ္ရွိၿပီး လူဦးေရ (၂၀၀) ဝန္းက်င္ ေနထိုင္ၿပီး၊ အဆိုပါေနထိုင္သူမ်ားမွာ ႏွစ္ေပါင္း ၂၈ ေက်ာ္ ေနထိုင္ခဲ့ၿပီးေၾကာင္း ေဒသခံမ်ားက ဆိုသည္။

အဆိုပါကိစၥႏွင့္ပတ္သက္၍ RCSS ထံ People Media မွ ဖုန္းဆက္သြယ္ေမးျမန္းခဲ့ေသာ္လည္း ဆက္သြယ္၍ မရခဲ့ေပ။

#PeopleMedia #RCSS

(unicode)
RCSS မှ မိုင်းကိုင်မြို့လွယ်တောင်ကျေးရွာနေအိမ်များ ဖျက်ဆီးမည်ဟု ခြိမ်းခြောက်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းပေးခဲ့ရ
…………………………………………………………………..

ရန်ကုန်၊ ဒီဇင်ဘာ ၁၆ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)မှ ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းကိုင်မြို့နယ် လွယ်တောင် ကျေးရွာရှိ ဒေသခံပြည်သူအားလုံးကို ဒီဇင်ဘာလအတွင်း ယင်းကျေးရွာမှ ပြောင်းရွေ့ပေးရန်နှင့် ပြောင်းရွှေ့ ခြင်းမရှိပါက နေအိမ်များကို ဖျက်ဆီးဖြစ်မည်ဟု ခြိမ်းခြောက်မှုကြောင့် ဒေသခံများ ရွှေ့ပြောင်းပေးခဲ့ရကြောင်း ယင်းဒေသတွင် နေထိုင်သူများထံမှ သိရသည်။

မိုင်းကိုင်မြို့နယ် လွယ်တောင်ကျေးရွာနေထိုင်သူမှာ RCSS ၏ ခြိမ်းခြောက်အနိုင်ကျင့်မှုများကြောင့် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရွာတွင် နေထိုင်သည့်လူဦးရေ (၂၀၀) ဝန်းကျင်မှာ မိမိတို့ နေအိမ်များကို ဖြိုဖျက်ပြီး ဝမ်းလုံ ကျေးရွာအုပ်စုဘက်ကို ရွှေ့ပြောင်းခဲ့ကြောင်း ထိုသို့ ရွှေ့ပြောင်းမှုများကြောင့် အဆင်မပြေမှုများစွာ ကြုံနေရဟု ဒေသခံများက ဆိုသည်။

“ဒါကတော့ လူတန်းတူအခွင့်အရေးကို ချိုးဖောက်တာပေါ့နော်၊ ဘယ်လောက်ထိ ထိခိုက်နိုင်လည်းဆိုရင် ကျန်းမာရေးကော ပညာရေးကော စီးပွားရေးကော အားလုံးကို ထိခိုက်သွားတာပေါ့၊ ဒါက မဖြစ်သင့် မဖြစ်ထိုက်တဲ့ကိစ္စလေ၊ အဲ့ဒါကြောင့် မိုင်းကိုင်မှာရှိတဲ့ တာဝန်ရှိသူတွေကော မြန်မာနိုင်ငံမှာရှိတဲ့ တာဝန်ရှိ သူတွေကော ဒါတွေ နောက်ထပ်မဖြစ်ဖို့နဲ့ ဖြစ်တာတွေကိုလည်း ဝိုင်းဝန်းဖြေရှင်းပေးသင့်တယ်လို့ မြင်ပါတယ်”ဟု မိုင်းကိုင်မြို့နယ် တအောင်း(ပလောင်)အမျိုးသားပါတီဥက္ကဋ္ဌ ဦးမိုင်းနုမ်ဟန်က ပြောသည်။

အဆိုပါကျေးရွာတွင် နေထိုင်သူများမှာ လွန်ခဲ့သည့် နှစ်ပေါင်းများစွာကတည်းက နေထိုင်လာခြင်းကြောင့် ယင်းကျေးရွာမှ ရွှေ့ပြောင်းရန် ဆန္ဒမရှိကြသော်လည်း RCSS ၏ ခြိမ်းခြောက်အနိုင်မှုကြောင့် ပြောင်းရွှေ့ပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မိုင်းကိုင်မြို့နယ် လွယ်တောင်ကျေးရွာတွင် အိမ်ခြေ ၃ဝ ကျော်ရှိပြီး လူဦးရေ (၂၀၀) ဝန်းကျင် နေထိုင်ပြီး၊ အဆိုပါနေထိုင်သူများမှာ နှစ်ပေါင်း ၂၈ ကျော် နေထိုင်ခဲ့ပြီးကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ RCSS ထံ People Media မှ ဖုန်းဆက်သွယ်မေးမြန်းခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။

#PeopleMedia #RCSS


Share this post