• Follow Us on

Home RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဒေသခံ (၂၀၀၀) ခန့် စစ်ဘေးရှောင်နေရ

RCSS နှင့် မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တို့၏ တိုက်ပွဲများကြောင့် ဒေသခံ (၂၀၀၀) ခန့် စစ်ဘေးရှောင်နေရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၇ (People Media)

 

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ဟိုခဲကျေးရွာအုပ်စုတွင် ရှမ်းပြည်တပ်မတော် SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့နှင့် သျှမ်းပြည်တပ်မတော် RCSS/SSA တပ်ဖွဲ့တို့ တိုက်ပွဲ ဖြစ်ပွားမှုကြောင့် ဒေသခံ ၂၀၀၀ ခန့် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင်နေရကြောင်း RCSS မှ ယနေ့ သတင်း ထုတ်ပြန်လိုက်သည်။

 

စက်တင်ဘာလ ၁၄ ရက်နေ့ကတည်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသတွင်းရှိ ကျေးရွာပေါင်း (၁၁) ကျေးရွာ ဒေသခံ ၂၀၀၀ ခန့်သည် ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း၊ တုံလောကျေးရွာအုပ်စု မတ်ချီးနူကျေးရွာသို့လည်းကောင်း၊ ဟမ်းငိုင်းကျေးရွာအုပ်စု နောင်တောင်းကျေးရွာ သို့လည်းကောင်း ထွက်ပြေးခိုလှုံနေရကြောင်း သိရသည်။

 

ယမန်နေ့ စက်တင်ဘာလ ၁၆ ရက်နေ့အထိရရှိသည့် စာရင်းများအရ ဟိုခဲကျေးရွာအုပ်စု နောင်လျှော်ကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် (၁) ဝမ်လုံကျေးရွာ ၄၀၀ ခန့် (၂) ဝမ်ကောင်းကျေးရွာ ၂၅၈ ဦး (၃) ဝမ်ကတ် ကျေးရွာ ၂၀၀ ဦး (၄) ဝမ်မိုင် (တောင်) ၄၇ ဦး (၅) ဝမ်မိုင် (မြောက်) ၁၁၀ ဦး (၆) နောင်နန်းကျေးရွာ ၈၀ ဦး (၇) နောင်မွမ်းကျေးရွာ ၁၀၀ ဦး (၈) ပန်လှိုင်းကျေးရွာ ၁၀၃ ဦး (၉) နမ့်မော်အွတ်ကျေးရွာ ၇၇ ဦး (၁၀) နမ့် အွမ်ကျေးရွာ ၂၂၈ ဦး စုစုပေါင်း ၁၄၆၄ ဦးရှိကြောင်း သိရသည်။

 

စစ်ဘေးရှောင် ၁၀၀၀ ကျော်ရှိနေသောကြောင့် ကျောင်းပေါ်ကျောင်းအောက်သာမက နေရာထိုင်ခင်းမလုံ လောက်သဖြင့် အချို့မှာ လေးလုံးထိုး(ကား)ပေါ်တွင် တဲထိုးပြီး နေရကြောင်း၊ အချို့မှာလည်း ဆွေမျိုးများထံ ခိုလှုံနေကြောင်း သိရသည်။

 

ယခုချိန်ထိ ဒေသတွင်း၌ နှစ်ဖက်တပ်များ စစ်ရေးတင်းမာနေသောကြောင့် စစ်ဘေးရှောင်များ နေရပ်မပြန်နိုင် သေးဘဲ စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် မိုးကာများ အရေးပေါ်လိုအပ်နေကြောင်း သိရသည်။

စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် သျှမ်းပြည်တပ်မ တော် RCSS/SSA တပ်ဖွဲ့ကို ရှမ်းပြည်တပ်မတော် ရှမ်းပြည်တပ်မတော် SSPP/SSA ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းများခွဲကာ အဆက်မပြတ်ထိုးစစ်ဆင်တိုက် ခိုက်သောကြောင့် နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း RCSS မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #တိုက်ပွဲ #စစ်ရှောင်ဒုက္ခသည်

 

(unicode)


………………………………………………………………….

 


 


 


 


 


 



 



Share this post