• Follow Us on

Home RCSS/SSA က ဖမ္းဆီးရမိထားေသာ သိန္းေပါင္း ၁၅၀၀၀၀ ေက်ာ္ရွိ မူးယစ္ေဆးဝါးမ်ားကို တပ္မေတာ္ထံ လႊဲ ေျပာင္း

RCSS/SSA က ဖမ္းဆီးရမိထားေသာ သိန္းေပါင္း ၁၅၀၀၀၀ ေက်ာ္ရွိ မူးယစ္ေဆးဝါးမ်ားကို တပ္မေတာ္ထံ လႊဲ ေျပာင္း

Share this post

ေက်ာက္မဲ၊ ဇန္နဝါရီ – ၁၉

ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ ေက်ာက္မဲၿမိဳ႕တြင္ ေငြက်ပ္သိန္းေပါင္း ၁၅၀၀၀၀ ေက်ာ္တန္ဖိုးရွိသည့္ မူးယစ္ေဆး မ်ားကို ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA က တပ္မေတာ္ထံ လႊဲေျပာင္းအပ္ႏွံခဲ့သည္ဟု သိရသည္။

ဇန္န၀ါရီလ ၁၈ ရက္ေန႔က လႊဲေျပာင္းေပးတာ ဘိန္းျဖဴ (၁၀.၂၈) ကီလိုနဲ႔ စိတ္ႂကြ႐ူးသြပ္ေဆးျပား(၇၈၁၄၁) ျပား စုစုေပါင္းေငြ တန္ဖိုးက်ပ္သိန္းေပါင္း (၁၅၉၆၇၄.၄) သိန္းျဖစ္တယ္ဟု ေက်ာက္မဲၿမိဳ႕ရွိ ခ႐ိုင္ရဲတပ္ဖြဲ႕မႈး႐ုံးမွ သိရ သည္။

ရွမ္းျပည္ျပန္လည္ထူေထာင္ေရးေကာင္စီ RCSS/SSA ၏ တာ၀န္ရွိသူ စိုင္းဟန္က ေက်ာက္မဲၿမိဳ႕ရွိစစ္ဆင္ေရး ကြပ္ကဲမႈဌာနခ်ဳပ္သို႔ လႊဲေျပာင္းေပးအပ္ျခင္းျဖစ္ေၾကာင္း၊ အဆိုပါမူးယစ္ေဆးဝါးမ်ား လႊဲေျပာင္းေပးအပ္ပြဲသို႔ ေက်ာက္မဲၿမိဳ႕ရွိ အမွတ္(၁)အေျခခ်စစ္ဗ်ဴဟာ၊ ေက်ာက္မဲခ႐ိုင္ရဲတပ္ဖြဲမွဴးႏွင့္ အမွတ္ ၂၄ မူးယစ္တပ္ဖြဲ႕၀င္မ်ား၊ တာ၀န္ရွိသူမ်ားတက္ေရာက္ခဲ့သည္ဟု သိရသည္။

ရွမ္းျပည္လြတ္ေျမာက္ေရးေကာင္စီ RCSS/SSA သည္ အပစ္ရပ္တိုက္ခိုက္မႈရပ္စဲေရးသေဘာတူစာခ်ဳပ္ (NCA) လက္မွတ္ေရးထိုးထားသည့္အဖြဲ႕ျဖစ္ၿပီး အဆိုပါသေဘာတူစာခ်ဳပ္ပါ မူးယစ္ေဆးဝါးတိုက္ဖ်က္ႏွိမ္ႏွင္းေရးလုပ္ ငန္းမ်ား အတူလုပ္ေဆာင္မည္ဟုေသာ အခ်က္ပါ၀င္ခဲ့သည့္အတြက္ မူးယစ္ေဆး တိုက္ဖ်က္ေရးလုပ္ငန္းမ်ား ကိုလုပ္ေဆာင္ေနေၾကာင္းလည္း သိရသည္။

“မူးယစ္ေဆးတိုက္ဖ်က္ေရးလုပ္ငန္းေတြ ပူးေပါင္းတိုက္ဖ်က္မယ္လို႔ NCA လက္မွတ္ထိုးခ်ိန္မွာ သေဘာတူထား တာ အဲဒီမူးယစ္ေဆးေတြကို ဇန္န၀ါရီလ ၁၃ ရက္ေန႔က ေက်ာက္မဲ – မိုင္းလုံသြားကားလမ္းေပၚမွာ ဖမ္းမိခဲ့တာ ကြတ္ခိုင္ၿမိဳ႕နယ္ ေကာင္းခါးေဒသက ကားနဲ႔သယ္လာတာ”ဟု ရွမ္းျပည္လြတ္ေျမာက္ေရးေကာင္စီ RCSS/SSA မွ ဦးစိုင္းဟန္က ေျပာသည္။

ရွမ္းျပည္လြတ္ေျမာက္ေရးေကာင္စီ RCSS/SSA က တပ္မေတာ္ထံ မူးယစ္ေဆးလႊဲေျပာင္းေပးျခင္းမွာ ပထမဆုံး အႀကိမ္ျဖစ္သည္။

Juno

Photo – ရဲတပ္ဖြဲ႕

#PeopleMedia #RCSS/SSA

(Unicode)
RCSS/SSA က ဖမ်းဆီးရမိထားသော သိန်းပေါင်း ၁၅၀၀၀၀ ကျော်ရှိ မူးယစ်ဆေးဝါးများကို တပ်မတော်ထံ လွှဲ ပြောင်း
………………………………………………………

ကျောက်မဲ၊ ဇန်နဝါရီ – ၁၉

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့တွင် ငွေကျပ်သိန်းပေါင်း ၁၅၀၀၀၀ ကျော်တန်ဖိုးရှိသည့် မူးယစ်ဆေး များကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA က တပ်မတော်ထံ လွှဲပြောင်းအပ်နှံခဲ့သည်ဟု သိရသည်။

ဇန်နဝါရီလ ၁၈ ရက်နေ့က လွှဲပြောင်းပေးတာ ဘိန်းဖြူ (၁၀.၂၈) ကီလိုနဲ့ စိတ်ကြွရူးသွပ်ဆေးပြား(၇၈၁၄၁) ပြား စုစုပေါင်းငွေ တန်ဖိုးကျပ်သိန်းပေါင်း (၁၅၉၆၇၄.၄) သိန်းဖြစ်တယ်ဟု ကျောက်မဲမြို့ရှိ ခရိုင်ရဲတပ်ဖွဲ့မှုးရုံးမှ သိရ သည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ၏ တာဝန်ရှိသူ စိုင်းဟန်က ကျောက်မဲမြို့ရှိစစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်သို့ လွှဲပြောင်းပေးအပ်ခြင်းဖြစ်ကြောင်း၊ အဆိုပါမူးယစ်ဆေးဝါးများ လွှဲပြောင်းပေးအပ်ပွဲသို့ ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေချစစ်ဗျူဟာ၊ ကျောက်မဲခရိုင်ရဲတပ်ဖွဲမှူးနှင့် အမှတ် ၂၄ မူးယစ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများတက်ရောက်ခဲ့သည်ဟု သိရသည်။

ရှမ်းပြည်လွတ်မြောက်ရေးကောင်စီ RCSS/SSA သည် အပစ်ရပ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး အဆိုပါသဘောတူစာချုပ်ပါ မူးယစ်ဆေးဝါးတိုက်ဖျက်နှိမ်နှင်းရေးလုပ် ငန်းများ အတူလုပ်ဆောင်မည်ဟုသော အချက်ပါဝင်ခဲ့သည့်အတွက် မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းများ ကိုလုပ်ဆောင်နေကြောင်းလည်း သိရသည်။

“မူးယစ်ဆေးတိုက်ဖျက်ရေးလုပ်ငန်းတွေ ပူးပေါင်းတိုက်ဖျက်မယ်လို့ NCA လက်မှတ်ထိုးချိန်မှာ သဘောတူထား တာ အဲဒီမူးယစ်ဆေးတွေကို ဇန်နဝါရီလ ၁၃ ရက်နေ့က ကျောက်မဲ – မိုင်းလုံသွားကားလမ်းပေါ်မှာ ဖမ်းမိခဲ့တာ ကွတ်ခိုင်မြို့နယ် ကောင်းခါးဒေသက ကားနဲ့သယ်လာတာ”ဟု ရှမ်းပြည်လွတ်မြောက်ရေးကောင်စီ RCSS/SSA မှ ဦးစိုင်းဟန်က ပြောသည်။

ရှမ်းပြည်လွတ်မြောက်ရေးကောင်စီ RCSS/SSA က တပ်မတော်ထံ မူးယစ်ဆေးလွှဲပြောင်းပေးခြင်းမှာ ပထမဆုံး အကြိမ်ဖြစ်သည်။

Juno

Photo – ရဲတပ်ဖွဲ့

#PeopleMedia #RCSS/SSA


Share this post