• Follow Us on

Home RCSS/SSA စခန်းနေရာကို မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲ ပြင်းထန်နေ

RCSS/SSA စခန်းနေရာကို မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေ၍ တိုက်ပွဲ ပြင်းထန်နေ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုင်းကိုင်မြို့နယ်ရှိ RCSS/SSA စခန်းနေရာကို မြောက်ပိုင်း မဟာမိတ်ပူးပေါင်းအဖွဲ့တို့ မှ ယနေ့ နံနက်ပိုင်းတွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲများ ပြင်းထန် နေလျက်သည်။

 

စက်တင်ဘာလ ၁၅ ရက်နေ့ နံနက် ၇ နာရီ ၂၅ မိနစ်ခန့်မှစ၍ SSPP/SSA ဦးဆောင်၍ မြောက်ပိုင်းမဟာမိတ် ပူးပေါင်းတပ်ဖွဲ့တို့က ရှမ်းပြည်မြောက်ပိုင်း မိုင်းကိုင်မြို့နယ် ဟိုခဲကျေးရွာအုပ်စု ဝမ်မိုင်ကျေးရွာအနီးတွင် လှုပ်ရှားနေသော RCSS/SSA တပ်စခန်းကို အင်အားအလုံးအရင်းဖြင့် ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေ ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုများကြောင့် ယနေ့ နေ့လည်ပိုင်းအချိန်ထိ နှစ်ဖက်တပ်များ တိုက်ပွဲပြင်းထန်နေကြောင်း၊ ယမန်နေ့ စက်တင်ဘာလ ၁၄ ရက်နေ့ကလည်း တိုက်ပွဲဖြစ်ပွားမှုကြောင့် ဟိုခဲကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ ၁၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရကြောင်း RCSS/SSA မှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #RCSS #SSPP

 

(unicode)


………………………………………………………………………..

 


 


 


 


 

#PeopleMedia #RCSS #SSPP


Share this post