• Follow Us on
Latest News

Home RCSS/SSA ထိန်းချုပ်ရာနယ်မြေများ၌ လွတ်လပ်စွာ မဲဆွယ်ခွင့်ပြုမည်


Share this post

ရန်ကုန်၊ စက်တင်ဘာ-၁







#PeopleMedia #RCSS

(unicode)
RCSS/SSA ထိန်းချုပ်ရာနယ်မြေများ၌ လွတ်လပ်စွာ မဲဆွယ်ခွင့်ပြုမည်
………………………………………………

ရန်ကုန်၊ စက်တင်ဘာ-၁

သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ထိန်းချုပ်ရာနယ်မြေများ၌ ကျင်းပမည့် မဲဆန္ဒနယ် မြေများကို လွက်လပ်စွာ မဲဆွယ်ခွင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

“ရွေးကောက်ပွဲမှာ ပြည်သူလူထုက သူတို့ကြိုက်တဲ့ ပါတီကို မဲပေးနိုင်အောင်ရယ်၊ မဲဆွယ်စည်းရုံးနိုင်အောင် ဆိုရည်ရွယ်ချက်ပါ”လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

RCSS/SSA ထိန်းချုပ်နယ်မြေအတွင်း မဲဆွယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံရေးပါတီများ အနေဖြင့် RCSS/SSA ဆက်ဆံရေးရုံးများကို သက်ဆိုင်သူများ အဖွဲ့အစည်းများကကြိုတင်၍ အကြောင်းကြားပေးရ မည်ဖြစ်သည်။

”ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လာအကြောင်းကြားရန်လိုတယ်ဆိုတာက လုံခြုံရေးကိစ္စတွေ မဲဆွယ်စည်း ရုံးရာမှာ အစဉ်ပြေလွယ်ကူစေဖို့နဲ့ တစ်ချို့ဒေသတွေမှာ စစ်ရေးအခြေအနေ မကောင်းရင်လည်း ကူညီဆောင်ရွက်ပေးနိုင်အောင် ဖြစ်တယ်”လို ဒုတိယဗိုလ်မှူးကြီး အုမ်ခေးက ပြောသည်။

RCSS/SSAသည် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၅ရွေးကောက်ပွဲများတွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်စေရန် ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတစ်ခုဖြစ်သည်။

လာမည့်ရွေးကောက်ပွဲကို နိုဝင်ဘာလ(၈)ရက်နေ့၌ ကျင်းပရန် UEC က ထုတ်ပြန်ထားပြီးဖြစ်သည်။

#PeopleMedia #RCSS


Share this post