• Follow Us on

Home RCSS/SSA အဖြဲ႕က သတ္မွတ္နယ္ေျမေက်ာ္လြန္လႈပ္ရွားလာၿပီး ေက်ာက္မဲၿမိဳ႕၊ နမ့္လန္ၿမိဳ႕မ်ားရွိ နယ္ေျမ ခံတပ္တို႔အား ေႏွာက္ယွက္ပစ္ခတ္၍ တိုက္ပြဲျဖစ္ပြားရေၾကာင္း တပ္မေတာ္ရွင္းလင္းခ်က္

RCSS/SSA အဖြဲ႕က သတ္မွတ္နယ္ေျမေက်ာ္လြန္လႈပ္ရွားလာၿပီး ေက်ာက္မဲၿမိဳ႕၊ နမ့္လန္ၿမိဳ႕မ်ားရွိ နယ္ေျမ ခံတပ္တို႔အား ေႏွာက္ယွက္ပစ္ခတ္၍ တိုက္ပြဲျဖစ္ပြားရေၾကာင္း တပ္မေတာ္ရွင္းလင္းခ်က္

Share this post

ေနျပည္ေတာ္၊ ေအာက္တိုဘာ – ၁၀
 
ရွမ္းျပည္နယ္(ေျမာက္ပိုင္း)၊ မႏၲေလး-လားရွိုးျပည္ေထာင္စုကားလမ္း လမ္းေၾကာင္းလုံၿခဳံေရးေဆာင္ရြက္ေန ေသာ လုံၿခဳံေရးအဖြဲ႕မ်ား၊ ေက်ာက္မဲႏွင့္ နမ့္လန္ရွိ နယ္ေျမခံတပ္တို႔အား စက္တင္ဘာ ၃၀ ရက္ႏွင့္ ေအာက္ တိုဘာလအတြင္း RCSS/SSA အဖြဲ႕က သတ္မွတ္နယ္ေျမေက်ာ္လြန္လႈပ္ရွားမႈျပဳလာၿပီး လက္နက္ႀကီး၊ လက္ နက္ငယ္မ်ားျဖင့္ ႀကိမ္ဖန္မ်ားစြာ ေႏွာင့္ယွက္ပစ္ခတ္လ်က္ရွိေၾကာင္း တပ္မေတာ္က သတင္းထုတ္ျပန္ထား သည္။
 
၂၀၂၀ ျပည္ႏွစ္၊ စက္တင္ဘာ ၃၀ ရက္ ေန႔လယ္ ၁၂ နာရီခြဲခန႔္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ေက်ာက္မဲၿမိဳ႕ နယ္၊ နားပုံေက်းရြာေျမာက္ဘက္အနီးတြင္လည္းေကာင္း၊ ေအာက္တိုဘာ ၃ ရက္ နံနက္ ၁၀ နာရီခန႔္တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား နားဖန္ေက်းရြာအေရွ႕ေျမာက္ဘက္အနီးတြင္လည္းေကာင္း၊ ေအာက္တိုဘာ ၄ ရက္ ည ၇ နာရီခန႔္တြင္ လမ္းေၾကာင္းလုံၿခဳံေရးေဆာင္ရြက္ေနေသာ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား စခန္းသာရြာ အနီးတြင္ လည္းေကာင္း၊ ေအာက္တိုဘာ ၅ ရက္ ည ၁၁ နာရီခန႔္တြင္ လမ္းေၾကာင္းလုံၿခဳံေရးေဆာင္ရြက္ေန ေသာ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား လြယ္ေကာ္ေက်းရြာအနီးတြင္လည္းေကာင္း၊ ေနာင္ပိန္လမ္းခြဲႏွင့္ ေက်ာက္မဲ ၾကားလမ္းေၾကာင္းလုံၿခဳံေရးေဆာင္ရြက္ေနေသာ လုံျခဳံေရးတပ္ဖြဲ႕ဝင္မ်ားအား ေအာက္တိုဘာ ၆ ရက္ ည ၁၁ နာရီခန႔္တြင္ မန္လန္ရြာအနီး၊ ေအာက္တိုဘာ ၇ ရက္ နံနက္ ၁၀ နာရီ တြင္ ေနာင္ပိန္ရြာအနီးႏွင့္ မြန္းလြဲ ၁ နာရီခန႔္တြင္ စခန္းသာအနီးတို႔တြင္လည္းေကာင္း၊ ေအာက္တိုဘာ ၉ ရက္ မြန္းလြဲ ၁ နာရီခြဲခန႔္တြင္ လမ္းေၾကာင္းလုံၿခဳံေရးအဖြဲ႕အား ဂုတ္တြင္းတံတားအနီးႏွင့္မန္တန္ရြာအနီးတို႔တြင္ လည္းေကာင္း၊ ည ၇ နာရီခန႔္တြင္ နမ့္လန္ၿမိဳ႕ရွိ နယ္ေျမခံတပ္ႏွင့္ ည ၉ နာရီခန႔္တြင္ ေက်ာက္မဲၿမိဳ႕ရွိ နယ္ေျမခံတပ္တို႔အား ၿမိဳ႕အနီးမွ လက္နက္ႀကီး၊ လက္နက္ငယ္မ်ားျဖင့္လည္းေကာင္း RCSS/SSA အဖြဲ႕က သတ္မွတ္နယ္ေျမေက်ာ္လြန္ လႈပ္ရွားလာၿပီး ႀကိမ္ဖန္မ်ားစြာ ေႏွာင့္ယွက္ပစ္ခတ္မႈမ်ား ေဆာင္ရြက္လာသျဖင့္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက နယ္ေျမလုံၿခဳံေရး၊ ၿမိဳ႕ရြာလုံၿခဳံေရးႏွင့္ လမ္းပန္းဆက္သြယ္မႈ လုံျခဳံေခ်ာေမြ႕ေစေရးတို႔အတြက္ လိုအပ္ေသာ လုံျခဳံေရးလုပ္ငန္းမ်ားအား ေဆာင္ရြက္လ်က္ရွိေၾကာင္း တပ္မေတာ္ထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။
 
တပ္မေတာ္ႏွင့္ RCSS/SSA တို႔၏ တိုက္ပြဲမ်ားေၾကာင့္ ေဒသခံမ်ား ထိခိုက္လ်က္ရွိသည္။
 
#PeopleMedia #RCSS
 
(Unicode)
RCSS/SSA အဖွဲ့က သတ်မှတ်နယ်မြေကျော်လွန်လှုပ်ရှားလာပြီး ကျောက်မဲမြို့၊ နမ့်လန်မြို့များရှိ နယ်မြေ ခံတပ်တို့အား နှောက်ယှက်ပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားရကြောင်း တပ်မတော်ရှင်းလင်းချက်
……………………………………………
 
နေပြည်တော်၊ အောက်တိုဘာ – ၁၀
 
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မန္တလေး-လားရှိုးပြည်ထောင်စုကားလမ်း လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေ သော လုံခြုံရေးအဖွဲ့များ၊ ကျောက်မဲနှင့် နမ့်လန်ရှိ နယ်မြေခံတပ်တို့အား စက်တင်ဘာ ၃၀ ရက်နှင့် အောက် တိုဘာလအတွင်း RCSS/SSA အဖွဲ့က သတ်မှတ်နယ်မြေကျော်လွန်လှုပ်ရှားမှုပြုလာပြီး လက်နက်ကြီး၊ လက် နက်ငယ်များဖြင့် ကြိမ်ဖန်များစွာ နှောင့်ယှက်ပစ်ခတ်လျက်ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထား သည်။
 
၂၀၂၀ ပြည်နှစ်၊ စက်တင်ဘာ ၃၀ ရက် နေ့လယ် ၁၂ နာရီခွဲခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား ကျောက်မဲမြို့ နယ်၊ နားပုံကျေးရွာမြောက်ဘက်အနီးတွင်လည်းကောင်း၊ အောက်တိုဘာ ၃ ရက် နံနက် ၁၀ နာရီခန့်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအား နားဖန်ကျေးရွာအရှေ့မြောက်ဘက်အနီးတွင်လည်းကောင်း၊ အောက်တိုဘာ ၄ ရက် ည ၇ နာရီခန့်တွင် လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား စခန်းသာရွာ အနီးတွင် လည်းကောင်း၊ အောက်တိုဘာ ၅ ရက် ည ၁၁ နာရီခန့်တွင် လမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေ သော လုံခြုံရေးတပ်ဖွဲ့ဝင်များအား လွယ်ကော်ကျေးရွာအနီးတွင်လည်းကောင်း၊ နောင်ပိန်လမ်းခွဲနှင့် ကျောက်မဲ ကြားလမ်းကြောင်းလုံခြုံရေးဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အောက်တိုဘာ ၆ ရက် ည ၁၁ နာရီခန့်တွင် မန်လန်ရွာအနီး၊ အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီ တွင် နောင်ပိန်ရွာအနီးနှင့် မွန်းလွဲ ၁ နာရီခန့်တွင် စခန်းသာအနီးတို့တွင်လည်းကောင်း၊ အောက်တိုဘာ ၉ ရက် မွန်းလွဲ ၁ နာရီခွဲခန့်တွင် လမ်းကြောင်းလုံခြုံရေးအဖွဲ့အား ဂုတ်တွင်းတံတားအနီးနှင့်မန်တန်ရွာအနီးတို့တွင် လည်းကောင်း၊ ည ၇ နာရီခန့်တွင် နမ့်လန်မြို့ရှိ နယ်မြေခံတပ်နှင့် ည ၉ နာရီခန့်တွင် ကျောက်မဲမြို့ရှိ နယ်မြေခံတပ်တို့အား မြို့အနီးမှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်းကောင်း RCSS/SSA အဖွဲ့က သတ်မှတ်နယ်မြေကျော်လွန် လှုပ်ရှားလာပြီး ကြိမ်ဖန်များစွာ နှောင့်ယှက်ပစ်ခတ်မှုများ ဆောင်ရွက်လာသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေး၊ မြို့ရွာလုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်မှု လုံခြုံချောမွေ့စေရေးတို့အတွက် လိုအပ်သော လုံခြုံရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိကြောင်း တပ်မတော်ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
 
တပ်မတော်နှင့် RCSS/SSA တို့၏ တိုက်ပွဲများကြောင့် ဒေသခံများ ထိခိုက်လျက်ရှိသည်။
 
#PeopleMedia #RCSS

Share this post