• Follow Us on

Home RCSS/ SSA အဖြဲ႕မွ တပ္သားသစ္စုေဆာင္ထားသည့္ သင္တန္းသား(၂၀)ထြက္ေျပးလာမႈကို “ဝ”တပ္ဖြဲ႕က ထိန္းသိမ္းၿပီး တပ္မေတာ္ထံ အပ္ႏွံ

RCSS/ SSA အဖြဲ႕မွ တပ္သားသစ္စုေဆာင္ထားသည့္ သင္တန္းသား(၂၀)ထြက္ေျပးလာမႈကို “ဝ”တပ္ဖြဲ႕က ထိန္းသိမ္းၿပီး တပ္မေတာ္ထံ အပ္ႏွံ

Share this post

ရန္ကုန္၊ ဇူလိုင္-၂၄

RCSS/ SSA အဖြဲ႕မွ တပ္သားသစ္စုေဆာင္ထားသည့္ သင္တန္းသား(၂၀)ထြက္ေျပးလာမႈကို “ဝ”တပ္ဖြဲ႕က ထိန္းသိမ္းၿပီး တပ္မေတာ္ထံ အပ္ႏွံလိုက္ပါတယ္။

RCSS/SSA အဖြဲ႕သည္ မူးယစ္ေဆးဝါးအေၾကာင္းျပခ်က္ျဖင့္ ၎တို႔ကို မိုင္းကိုင္၊ လားရွိုး၊ ေက်ာက္မဲ၊ ခိုလမ္၊ လဲခ်ား၊ ေတာင္ႀကီး၊ မိုင္းပြန္၊ ပင္လုံႏွင့္က်ိဳင္းတုံ စသည့္ ၿမိဳ႕နယ္မ်ားမွ ဖမ္းဆီးၿပီး လူသစ္သင္တန္းမ်ားတက္ေရာက္ခိုင္းတယ္လို႔ တပ္မေတာ္သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားပါတယ္။

၎တို႔သည္သင္တန္းတက္ေရာက္ခ်ိန္အတြင္းေနထိုင္စားေသာက္မႈဆင္းရဲျခင္း၊ လက္နက္ကိုင္ေဆာင္၍ တိုက္လိုခိုက္လိုစိတ္မရွိျခင္းတို႔ေၾကာင့္ ထြက္ေျပးလာခဲ့စဥ္ ရွမ္းျပည္နယ္ (အေရွ႕ပိုင္း)၊ တပ္ဖာလိုင္ေဒသရွိ UWSA(၀)အဖြဲ႕ထံသို႔ ေရာက္ရွိစဥ္ ထိန္းသိမ္းခံလိုက္ရတာလည္း ျဖစ္ပါတယ္။

လက္ရွိအခ်ိန္၌ RCSS/SSA အဖြဲ႕မွ လူသစ္စုေဆာင္းထားသူ (၂၀)ဦးကို “ဝ”တပ္ဖြဲ႕က ဇူလိုင္ ၂၃ ရက္ ညပိုင္းတြင္ တာခ်ီလိတ္ၿမိဳ႕ရွိ နယ္ေျမခံတပ္သို႔ လာေရာက္အပ္ႏွံခဲ့တာလည္း ျဖစ္ပါတယ္။

ထို႔ကဲ့သို႔ RCSS/SSA အဖြဲ႕၏ ေဆာင္႐ြက္ခ်က္သည္ ျပည္ေထာင္စုအဆင့္ ၿငိမ္းခ်မ္းေရးေဆြးေႏြးေရးအဖြဲ႕မ်ားႏွင့္ သေဘာတူညီထားေသာ သေဘာတူညီခ်က္မ်ားကို ခ်ိဳးေဖာက္သည့္အျပင္ NCA စာခ်ဳပ္ပါ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းမ်ားႏွင့္ စစ္ဘက္ဆိုင္ရာက်င့္ဝတ္မ်ား (Code of Conduct) အခန္း(၃)ပါ ျပ႒ာန္းခ်က္မ်ားအား ခ်ိဳးေဖာက္ခဲ့သည္ကိုေတြ႕ရွိခဲ့ရေၾကာင္း တပ္မေတာ္က ဆိုပါတယ္။

အလားတူ RCSS/SSA မွ ထြက္ေျပးလာသူ (၂၀)ကို တပ္မေတာ္က လိုအပ္သည့္ ေထာက္ပံံ့မႈမ်ား ေဆာင္႐ြက္ေပးသြားမွာလည္း ျဖစ္ပါတယ္။

#PeopleMedia #RCSS/SSA #UWSA #MyanmarArmy #Peace

[Unicode]
RCSS/ SSA အဖွဲ့မှ တပ်သားသစ်စုဆောင်ထားသည့် သင်တန်းသား(၂၀)ထွက်ပြေး လာမှုကို “ဝ”တပ်ဖွဲ့က ထိန်းသိမ်းပြီး တပ်မတော်ထံ အပ်နှံ
……………………………………………………………………….

ရန်ကုန်၊ဇူလိုင်-၂၄

RCSS/ SSA အဖွဲ့မှ တပ်သားသစ်စုဆောင်ထားသည့် သင်တန်းသား(၂၀)ထွက်ပြေးလာမှုကို “ဝ”တပ်ဖွဲ့က ထိန်းသိမ်းပြီး တပ်မတော်ထံ အပ်နှံလိုက်ပါတယ်။

RCSS/SSA အဖွဲ့သည် မူးယစ်ဆေးဝါးအကြောင်းပြချက်ဖြင့် ၎င်းတို့ကို မိုင်းကိုင်၊ လားရှိုး၊ ကျောက်မဲ၊ ခိုလမ်၊ လဲချား၊ တောင်ကြီး၊ မိုင်းပွန်၊ ပင်လုံနှင့်ကျိုင်းတုံ စသည့် မြို့နယ်များမှ ဖမ်းဆီးပြီး လူသစ်သင်တန်းများတက်ရောက်ခိုင်းတယ်လို့ တပ်မတော်သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားပါတယ်။

၎င်းတို့သည်သင်တန်းတက်ရောက်ချိန်အတွင်းနေထိုင်စားသောက်မှုဆင်းရဲခြင်း၊ လက်နက်ကိုင်ဆောင်၍ တိုက်လိုခိုက်လိုစိတ်မရှိခြင်းတို့ကြောင့် ထွက်ပြေးလာခဲ့စဉ် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တပ်ဖာလိုင်ဒေသရှိ UWSA(၀)အဖွဲ့ထံသို့ ရောက်ရှိစဉ် ထိန်းသိမ်းခံလိုက်ရတာလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်၌ RCSS/SSA အဖွဲ့မှ လူသစ်စုဆောင်းထားသူ (၂၀)ဦးကို “ဝ”တပ်ဖွဲ့က ဇူလိုင် ၂၃ ရက် ညပိုင်းတွင် တာချီလိတ်မြို့ရှိ နယ်မြေခံတပ်သို့ လာရောက်အပ်နှံခဲ့တာလည်း ဖြစ်ပါတယ်။

ထို့ကဲ့သို့ RCSS/SSA အဖွဲ့၏ ဆောင်ရွက်ချက်သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့များနှင့် သဘောတူညီထားသော သဘောတူညီချက်များကို ချိုးဖောက်သည့်အပြင် NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ (Code of Conduct) အခန်း(၃)ပါ ပြဋ္ဌာန်းချက်များအား ချိုးဖောက်ခဲ့သည်ကိုတွေ့ရှိခဲ့ရကြောင်း တပ်မတော်က ဆိုပါတယ်။

အလားတူ RCSS/SSA မှ ထွက်ပြေးလာသူ (၂၀)ကို တပ်မတော်က လိုအပ်သည့် ထောက်ပံံ့မှုများ ဆောင်ရွက်ပေးသွားမှာလည်း ဖြစ်ပါတယ်။

#PeopleMedia #RCSS/SSA #UWSA #MyanmarArmy #Peace


Share this post