RQ-21 Blackjack ဒရုန်းခေါ် အင်စစ်ကျူဒရုန်းက ပဲ့ထိန်းလမ်းညွှန်ဒုံးကျည် စမ်းသပ်ပစ်ခတ်

PUBLISHED - December 18, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈
ဘိုးရင်းကုမ္ပဏီဟာ RQ-21 Blackjack ဒရုန်းလို့ လူသိများတဲ့ ၎င်းတို့ကုမ္ပဏီထုတ် အင်စစ်ကျူအင်တီဂရေတာ ဒရုန်း (Insitu Integrator Drone) ကနေ မကြာသေးခင်ကပဲ GPS ပဲ့ထိန်းလမ်းညွှန်စနစ်တပ်ဆင်ထားတဲ့ ရှိုက်ခ်ဒုံးကျည် (Shryke munition) တစ်စုံကို စမ်းသပ်ပစ်ခတ်ခဲ့ပါတယ်။
အခုစမ်းသပ်မှုဟာ Corvid Technologies ကုမ္ပဏီထုတ် Shryke ဒုံးကျည်ကို အင်စစ်ကျူဒရုန်း ခေါ် RQ-21 Blackjack ဒရုန်းမှာ ပေါင်းစပ်ထည့်သွင်းပြီး ဒရုန်းရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို တိုးမြှင့်ပေးလိုက်တာဖြစ်ပါတယ်။
“Insitu Integrator ဒရုန်းကနေ Shryke ဒုံးကျည်ကို အောင်မြင်စွာစမ်းသပ်ပစ်ခတ်နိုင်ခဲ့ပါတယ်။ စမ်းသပ်ပစ် ခတ်မှုတိုင်းမှာ ပစ်မှတ်ရဲ့ ၁ မီတာ/ ၂ မီတာ အတွင်းကို ထိရောက်စွာပစ်ခတ်နိုင်ခဲ့ပါတယ်။” လို့ Corvid Technologies ကုမ္ပဏီရဲ့ လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးညွှန်ကြားရေးမှူး ကယ်လီဘိုးဝန်းက ပြောပါတယ်။
နေတိုးအဖွဲ့ရဲ့ အဆင့် ၁ သတ်မှတ်ချက်ရှိတဲ့ Insitu Integrator အသေးစားဒရုန်းဟာ ဝန်အလေးချိန် ပေါင် ၄၀ (၁၈ ကီလို ဂရမ်) သယ်ဆောင်ပြီး တစ်ဆက်တစ်စပ်တည်း ၂၄ နာရီ ကြာပျံသန်းနိုင်ပါတယ်။
ဒီဒရုန်းရဲ့ ဖွဲ့စည်းတည်ဆောင်ပုံအရ အီလက်ထရောနစ်စစ်ဆင်ရေး၊ ထောက်လှမ်းရေး၊ စောင့်ကြည့်ထောက် လှမ်းရေး၊ ကင်းထောက်တာဝန်နဲ့ ဆက်သွယ်ရေးတာဝန်တွေအတွက် ရွှေ့လျားသွားလာနိုင်တဲ့ ဝန်အလေး ချိန်ရော ရွေ့လျားသွားလာနိုင်စွမ်းမရှိတဲ့ဝန်အလေးချိန်ရော (ဗုံး/ဒုံး) နှစ်မျိုးစလုံးကို တပ်ဆင်နိုင်ပါတယ်။
လိုအပ်တဲ့ ဗုံး/ဒုံးတွေကို ဒရုန်းလေယာဉ်ရဲ့ ဝမ်းဗိုက်အလယ်ပိုင်းမှာဖြစ်စေ၊ တောင်ပံနှစ်ဖက်အတွင်းပိုင်းမှာဖြစ် စေ၊ တောင်ပံအောင်က လက်နက်ချိတ်ဆွဲတဲ့နေရာမှာဖြစ်စေ တပ်ဆင်နိုင်ပါတယ်။
“ဒုံးကျည်နှစ်စင်းကို လေယာဉ်ဝမ်းဗိုက်မှာ တပြိုင်တည်းတပ်ဆင်ထားပြီး လမ်းကြောင်းရှာဖွေခြင်း၊ ပစ်မှတ်ရှာဖွေ ဖော်ထုတ်ခြင်း၊ ပစ်မှတ်ကို ပစ်ခတ်တိုက်ခိုက်ခြင်းတွေကို ပြုလုပ်ရင်း အခေါက်ပေါင်း လေးငါးကြိမ် ပျံသန်းခဲ့ပါ တယ်။” လို့ Insitu Integrator ဒရုန်း အင်ဂျင်နီယာနဲ့ ပျံသန်းရေး စီမံချက်ဥက္ကဋ္ဌ ဂျပ်စတင်ပီးယားစ်က ပြောပါ တယ်။
Ref: Insitu Drone Demonstrates Precision Munition Drop
#PeopleMedia