• Follow Us on

Home S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို ဝယ်ယူထားသဖြင့် အိန္ဒိယနိုင်ငံကို အရေးယူပိတ်ဆို့မှု မလုပ်ဘဲလျှော့ပေါ့ပေးရန် အထက်လွှတ်တော်အမတ်နှစ်ဦးက အမေရိကန်သမ္မတကို တိုက်တွန်း

S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကို ဝယ်ယူထားသဖြင့် အိန္ဒိယနိုင်ငံကို အရေးယူပိတ်ဆို့မှု မလုပ်ဘဲလျှော့ပေါ့ပေးရန် အထက်လွှတ်တော်အမတ်နှစ်ဦးက အမေရိကန်သမ္မတကို တိုက်တွန်း

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၂၈ (People Media)

 

အိန္ဒိယနိုင်ငံသည် ရုရှားထံမှ S-400 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်ကိုဝယ်ယူထားသောကြောင့် အိန္ဒိယနိုင်ငံကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုမလုပ်ဘဲ လွတ်ငြိမ်းခွင့်ပေးရန် အမေရိကန်သမ္မတဂျိုးဘိုင်ဒန်အား အထက်လွှတ်တော်အမတ်နှစ်ဦးကတောင်းဆိုလိုက်သည်။

 

ကက်ရှ်မီးယားပြည်နယ် ဟိမဝန္တာဒေသခွဲခြမ်းရေးနှင့်ပတ်သက်၍ ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးတင်းမာမှုများ မြင့်တက်နေစဉ်အတွင်း ၂၀၁၈ ခုနှစ်တွင် အိန္ဒိယနိုင်ငံက ရုရှားထံမှ ဒေါ်လာ ၅.၄ ဘီလျံတန် S-400 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များ ဝယ်ယူရန် စာချုပ်ချုပ်ဆိုခဲ့သည်။ ယင်းအချိန်မှစ၍ အိန္ဒိယနိုင်ငံက ရုရှားသို့ကနဦးငွေ ပေးချေခဲ့ပြီး ၂၀၂၅ ခုနှစ် တွင် အပြီးဝယ်ယူရန် စီစဉ်ခဲ့သည်။

 

သို့သော် အမေရိကန်ရွေးကောက်ပွဲကို ဝင်ရောက်နှောင့်ယှက်ခဲ့သည့်ရုရှားနိုင်ငံကို အပြစ်ပေးရန် ၂၀၁၇ ခုနှစ် တွင် ပြဋ္ဌာန်း ခဲ့သည့် အမေရိကန်ရန်ဘက်များကို အရေးယူဒဏ်ခတ်ပိတ်ဆို့ခြင်းနည်းလမ်းဖြင့် တုံ့ပြန်ရင်ဆိုင် ခြင်းအရ အိန္ဒိယနိုင်ငံအနေဖြင့် အရေးယူဒဏ်ခတ်ပိတ်ဆို့ရန် အရည်အချင်းပြည့်မီသောနိုင်ငံဖြစ်သွားမည်ကို လည်း လွှတ်တော်အမတ်များက စိုးရိမ်ပူပန်လျက်ရှိသည်။

 

အောက်တိုဘာလ ၂၆ ရက်နေ့က တက္ကဆက်ပြည်နယ်မှ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ်ဂျွန်ကော် နင်နှင့် ဗာဂျီးနီးယားပြည်နယ်မှ ဒီမိုကရက်တစ် အထက်လွှတ်တော်အမတ် မာ့ခ်ဝါနာတို့က အမျိုးသားလုံခြုံရေး ရှုထောင့်နှင့်ပတ်သက်၍သက်ညှာခွင့်ပြုရေးနှင့် နှစ်နိုင်ငံဆက်ဆံရေးကိုထိန်းသိမ်းနိုင်ရေးတောင်းဆိုရန် သမ္မတ ဂျိုးဘိုင်ဒန်ထံ စာဖြင့်ရေးသားတင်ပြခဲ့သည်။

 

သမ္မတ ဘိုင်ဒန်အစိုးရက တရုတ်အင်အားကြီးထွားလာမှုကို တုံ့ပြန်ရန်အတွက် အိန္ဒိယ၊ သြစတေးလျနှင့် ဂျပန် နိုင်ငံတို့ပါ ဝင်သော Quad (လေးပွင့်ဆိုင်မဟာမိတ်အဖွဲ့) အဖြစ် အင်ဒို-ပစိဖိတ်မဟာမိတ်အဖွဲ့ကို ပြန်လည်အ သက်သွင်းလာခဲ့သည်။

“နှစ်နိုင်ငံဆက်ဆံရေးတိုးမြှင့်နေတဲ့အချိန်မှာ အိန္ဒိယနိုင်ငံကို အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်လိုက်မယ်ဆို ရင် ဆက်ဆံရေးတိုးမြှင့်နေမှုကနေရလာတဲ့တိုးတက်မှုှတွေ နောက်ကြောင်းပြန်လှည့်သွားမှာဖြစ်စေ နှေးကွေး သွားမှာဖြစ်စေ ကျွန်တော်တို့ စိုးရိမ်ပါတယ်” ဟု လွှတ်တော်အမတ်နှစ်ဦး၏စာတွင်ဖော်ပြထားသည်။

 

Ref: US senators urge Biden to waive sanctions for India’s S-400 purchase

 

#PeopleMedia

 

(unicode)


……………………………………………………………………

 


 


 


 


 


 



 

Ref: US senators urge Biden to waive sanctions for India’s S-400 purchase

 

#PeopleMedia


Share this post