Sex Education သင္ခန္းစာမွာ ျမန္မာ့ယဥ္ေက်းမႈအား ပ်က္စီးေစၿပီး ျမန္မာ့လူမႈအသိုင္းအ၀ိုင္းတြင္ မသင့္ေတာ္ သျဖင့္ လက္မခံႏိုင္ေၾကာင္း USDP ပါတီဥကၠ႒ေျပာ

PUBLISHED - May 20, 2020
ရန္ကုန္၊ ေမ ၂၀
ဒသမတန္းသင္႐ိုးပါ Sex Education သင္ခန္းစာမွာ ျမန္မာ့ယဥ္ေက်းမႈအား ပ်က္စီးေစၿပီး ျမန္မာ့လူမႈအသိုင္း အ၀ိုင္းတြင္ မသင့္ေတာ္သျဖင့္ လက္မခံႏိုင္ေၾကာင္း ျပည္ေထာင္စုႀကံ့ခိုင္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးပါတီ ဥကၠ႒ဦးသန္း ေဌးမွ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။
အဆိုပါလူမႈကြန္ရက္စာမ်က္ႏွာတြင္ သင္႐ိုးပါ Sex Education ကိစၥသည္ ျမန္မာ့လူမႈအသိုင္းအဝိုင္းနဲ႔ အံမဝင္ တဲ့အျပဳအမူေတြ၊ ဆယ္ေက်ာ္သက္မ်ားအတုယူမွားနိုင္တဲ့အေျခအေနေတြေၾကာင့္ လက္မခံႏုိင္ေၾကာင္းႏွင့္ တိုင္းျပည္ႏွင့္လူမ်ဳိးအတြက္ ထိခိုက္နစ္နာမႈမ်ားလြန္းလို႔ ျပည္သူ႔လုပ္ပိုင္ခြင့္ႏွင့္ အေရးတႀကီး၊ ခ်က္ခ်င္း၊ ရပ္ ဆိုင္း၊ ေျပာင္းလဲပစ္ရမယ့္လုပ္ငန္းစဥ္မ်ား ရွိေနေသးေၾကာင္းလည္း ပါရွိသည္။
ဆက္လက္ၿပီး ICJ, ICCPR လက္မွတ္ထိုးျခင္းကိစၥမ်ားႏွင့္ လတ္တေလာျဖစ္ေပၚေနသည့္ မီတာခကိစၥ၊ ေက်ာင္း သင္႐ိုးကိစၥမ်ားေၾကာင့္ ဘဂၤါလီအေရးႏွင့္ ICJ, ICCPR ကိစၥမ်ားမွာ အရွိန္အဟုန္ျဖင့္ လႈပ္ရွားေနေၾကာင္း ျပည္ သူမ်ားအေနႏွင့္ သတိရွိၾကဖို႔လည္း ၎စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။
အလားတူပင္ ကိုယ့္ႏုိင္ငံက ခ်မွတ္ထားတဲ့လမ္းေၾကာင္း၊ ကိုယ္ေမွ်ာ္လင့္ထားတဲ့ရလဒ္နဲ႔ ဆန႔္က်င္ေနတဲ့ အတြက္ non align movement ေခၚတဲ့ ဘက္မလိုက္အဖြဲ႕အစည္းက တရားဝင္ႏုတ္ထြက္ခဲ့တာ၊ ျပန္ဝင္ သင့္တဲ့အခ်ိန္မွာျပန္ဝင္ခဲ့တာေတြကိုဘယ္နိုင္ငံတကာ ညႊန္ၾကားခ်က္မွမပါဘဲ အမ်ိဳးသားအက်ိဳးစီးပြားနဲ႔ယွဥ္ၿပီး ျမန္မာေခါင္းေဆာင္ေတြကိုယ္တိုင္ကပဲခ်မွတ္ခဲ့တာျဖစ္ၿပီး အမ်ိဳးသားအက်ိဳးစီးပြားအတြက္ ဒီလိုတာဝန္ယူႏုိင္ မယ့္ ပုဂၢိဳလ္၊ အဖြဲ႕အစည္းမ်ိဳးကို တာဝန္ေပးရမွာ၊ အလုပ္ခိုင္းရမွာ ျပည္သူေတြသာျဖစ္ေၾကာင္း ၎၏လူမႈကြန္ ရက္စာမ်က္ႏွာတြင္ ေရးသားေဖာ္ျပထားသည္။
(Unicode)
Sex Education သင်ခန်းစာမှာ မြန်မာ့ယဉ်ကျေးမှုအား ပျက်စီးစေပြီး မြန်မာ့လူမှုအသိုင်းအဝိုင်းတွင် မသင့်တော် သဖြင့် လက်မခံနိုင်ကြောင်း USDP ပါတီဥက္ကဋ္ဌပြော
…………………………………………………
ရန်ကုန်၊ မေ ၂၀
ဒသမတန်းသင်ရိုးပါ Sex Education သင်ခန်းစာမှာ မြန်မာ့ယဉ်ကျေးမှုအား ပျက်စီးစေပြီး မြန်မာ့လူမှုအသိုင်း အဝိုင်းတွင် မသင့်တော်သဖြင့် လက်မခံနိုင်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌဦးသန်း ဌေးမှ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။
အဆိုပါလူမှုကွန်ရက်စာမျက်နှာတွင် သင်ရိုးပါ Sex Education ကိစ္စသည် မြန်မာ့လူမှုအသိုင်းအဝိုင်းနဲ့ အံမဝင် တဲ့အပြုအမူတွေ၊ ဆယ်ကျော်သက်များအတုယူမှားနိုင်တဲ့အခြေအနေတွေကြောင့် လက်မခံနိုင်ကြောင်းနှင့် တိုင်းပြည်နှင့်လူမျိုးအတွက် ထိခိုက်နစ်နာမှုများလွန်းလို့ ပြည်သူ့လုပ်ပိုင်ခွင့်နှင့် အရေးတကြီး၊ ချက်ချင်း၊ ရပ် ဆိုင်း၊ ပြောင်းလဲပစ်ရမယ့်လုပ်ငန်းစဉ်များ ရှိနေသေးကြောင်းလည်း ပါရှိသည်။
ဆက်လက်ပြီး ICJ, ICCPR လက်မှတ်ထိုးခြင်းကိစ္စများနှင့် လတ်တလောဖြစ်ပေါ်နေသည့် မီတာခကိစ္စ၊ ကျောင်း သင်ရိုးကိစ္စများကြောင့် ဘင်္ဂါလီအရေးနှင့် ICJ, ICCPR ကိစ္စများမှာ အရှိန်အဟုန်ဖြင့် လှုပ်ရှားနေကြောင်း ပြည် သူများအနေနှင့် သတိရှိကြဖို့လည်း ၎င်းစာမျက်နှာတွင် ဖော်ပြထားသည်။
အလားတူပင် ကိုယ့်နိုင်ငံက ချမှတ်ထားတဲ့လမ်းကြောင်း၊ ကိုယ်မျှော်လင့်ထားတဲ့ရလဒ်နဲ့ ဆန့်ကျင်နေတဲ့ အတွက် non align movement ခေါ်တဲ့ ဘက်မလိုက်အဖွဲ့အစည်းက တရားဝင်နုတ်ထွက်ခဲ့တာ၊ ပြန်ဝင် သင့်တဲ့အချိန်မှာပြန်ဝင်ခဲ့တာတွေကိုဘယ်နိုင်ငံတကာ ညွှန်ကြားချက်မှမပါဘဲ အမျိုးသားအကျိုးစီးပွားနဲ့ယှဉ်ပြီး မြန်မာခေါင်းဆောင်တွေကိုယ်တိုင်ကပဲချမှတ်ခဲ့တာဖြစ်ပြီး အမျိုးသားအကျိုးစီးပွားအတွက် ဒီလိုတာဝန်ယူနိုင် မယ့် ပုဂ္ဂိုလ်၊ အဖွဲ့အစည်းမျိုးကို တာဝန်ပေးရမှာ၊ အလုပ်ခိုင်းရမှာ ပြည်သူတွေသာဖြစ်ကြောင်း ၎င်း၏လူမှုကွန် ရက်စာမျက်နှာတွင် ရေးသားဖော်ပြထားသည်။