• Follow Us on

Home Sex Education ႏွင့္ပတ္သက္၍ သံဃာေတာ္ေတြကို ဆဲဆိုေဝဖန္ခဲ့သူကို ေထာင္ဒဏ္ (၁) ႏွစ္ႏွင့္ (၉) လက်ခံရန္ အမိန္႔ခ်

Sex Education ႏွင့္ပတ္သက္၍ သံဃာေတာ္ေတြကို ဆဲဆိုေဝဖန္ခဲ့သူကို ေထာင္ဒဏ္ (၁) ႏွစ္ႏွင့္ (၉) လက်ခံရန္ အမိန္႔ခ်

Share this post

မႏၲေလး၊ ဇြန္ – ၂

Sex Education ႏွင့္ပတ္သက္၍ သံဃာေတာ္ေတြကို Facebook လူမႈကြန္ယက္တြင္ ဆဲဆိုေဝဖန္ခဲ့သည့္ အမ်ိဳးသားကို ဇြန္လ ၂ ရက္ေန႔ က ေထာင္ဒဏ္ (၁) ႏွစ္ႏွင့္ (၉) လက်ခံရန္ ခ်မ္းေအးသာဇံၿမိဳ႕နယ္တရားသူႀကီး က အမိန္႔ခ်ခဲ့သည္ ။

Kyaw Win Thant အေကာင့္ပိုင္ရွင္ျဖစ္သည့္ ေက်ာ္ဝင္းသန္႔ကို မႏၲေလးခ႐ိုင္ သာသနာေရး ဦးစီးမွဴး က တရားလိုျပဳလုပ္ တရားစြဲဆိုခဲ့ၿပီး ဇြန္လ ၂ ရက္ေန႔မွာ တရားလိုႏွင့္ တရားလိုျပသက္ေသမ်ားကို စစ္ေဆးကာ အမိန္႔ခ်ခဲ့သည္ ။

“သူ့ရဲ႕ ေရးသားမႈမွာ ဆဲဆိုတဲ့စာသားသုံးစြဲခဲ့တာေပၚေပါက္ခဲ့နာေၾကာင့္ ရာဇသတ္ႀကီးပုဒ္မ ၂၉၄ (ခ) အရ စြဲခ်က္တင္ခဲ့တယ္။ ေနာက္တစ္ခုက အဲဒီေရးသားခ်က္မွာပဲ ဆဲဆိုခဲ့တဲ့အတြက္ သူတပါးရဲ႕ ဘာသာေရးစိတ္ကို နာက်ည္းေစေအာင္ေဆာင္ရြက္ခဲ့ေၾကာင္း ေပၚေပါက္တဲ့အတြက္ ၂၉၅ – က နဲ႔ စြဲခ်က္တင္ခဲ့ပါတယ္။တရားခံက ေနာင္တရၿပီး အျပစ္ရွိေၾကာင္း ဝန္ခံတဲ့အတြက္ေန႔ခ်င္းပီးပဲ စီရင္ခ်က္ အမိန္႔ခ်မွတ္ခဲ့ပါတယ္။´´ဟု ခ်မ္းေအးသာစံၿမိဳ႕နယ္တရား႐ုံး ျပန္ၾကားေရးအရာရွိ ဦးေက်ာ္မ်ိဳးဝင္း က ေျပာသည္။

ရာဇသတ္ႀကီးပုဒ္မ ၂၉၄ – ခ အရ ေထာင္ဒဏ္ ၃ လ ႏွင့္ ရာဇသတ္ႀကီးပုဒ္မ ၂၉၅ – က အရ ေထာင္ဒဏ္ တစ္ႏွစ္ႏွင့္ ေျခာက္လ ခ်မွတ္ခဲ့ၿပီး သီးျခားက်ခံေစရန္ အမိန္႔ခ်မွတ္ခဲ့ျခင္းျဖစ္သည္ ။

တရားခံမွာ လူမႈကြန္ရက္မွ သံဃာေတာ္မ်ားကို ဆဲဆိုေဝဖန္သည့္ အသုံးအႏႈန္းမ်ားျဖင့္ ေရးသားမႈျပဳခဲ့သည့္အတြက္ မိတၳီလာၿမိဳ႕ ကိုးနဝင္းေက်ာင္းတိုက္သို႔ ေမလ ၁၉ ရက္ကကိုယ္တိုင္သြားေရာက္ေတာင္းပန္ရာတြင္ ၿမိဳ႕ခံအခ်ိဳ႕ က ေက်ာင္းတိုက္သို႔ လာေရာက္ကာ တရားဥပေဒပအရ အေရးယူေပးရန္ ေတာင္းဆိုရာမွ လူစုလူေဝးျဖစ္ေပၚခဲ့သည္ ။

မန္း(ေအာင္ေအာင္)

#PeopleMedia

[Unicode]
Sex Education နှင့်ပတ်သက်၍ သံဃာတော်တွေကို ဆဲဆိုဝေဖန်ခဲ့သူကို ထောင်ဒဏ် (၁) နှစ်နှင့် (၉) လကျခံရန် အမိန့်ချ
………………………………………………………………………..

မန္တလေး၊ ဇွန် – ၂

Sex Education နှင့်ပတ်သက်၍ သံဃာတော်တွေကို Facebook လူမှုကွန်ယက်တွင် ဆဲဆိုဝေဖန်ခဲ့သည့် အမျိုးသားကို ဇွန်လ ၂ ရက်နေ့ က ထောင်ဒဏ် (၁) နှစ်နှင့် (၉) လကျခံရန် ချမ်းအေးသာဇံမြို့နယ်တရားသူကြီး က အမိန့်ချခဲ့သည် ။

Kyaw Win Thant အကောင့်ပိုင်ရှင်ဖြစ်သည့် ကျော်ဝင်းသန့်ကို မန္တလေးခရိုင် သာသနာရေး ဦးစီးမှူး က တရားလိုပြုလုပ် တရားစွဲဆိုခဲ့ပြီး ဇွန်လ ၂ ရက်နေ့မှာ တရားလိုနှင့် တရားလိုပြသက်သေများကို စစ်ဆေးကာ အမိန့်ချခဲ့သည် ။

“သူ့ရဲ့ ရေးသားမှုမှာ ဆဲဆိုတဲ့စာသားသုံးစွဲခဲ့တာပေါ်ပေါက်ခဲ့နာကြောင့် ရာဇသတ်ကြီးပုဒ်မ ၂၉၄ (ခ) အရ စွဲချက်တင်ခဲ့တယ်။ နောက်တစ်ခုက အဲဒီရေးသားချက်မှာပဲ ဆဲဆိုခဲ့တဲ့အတွက် သူတပါးရဲ့ ဘာသာရေးစိတ်ကို နာကျည်းစေအောင်ဆောင်ရွက်ခဲ့ကြောင်း ပေါ်ပေါက်တဲ့အတွက် ၂၉၅ – က နဲ့ စွဲချက်တင်ခဲ့ပါတယ်။တရားခံက နောင်တရပြီး အပြစ်ရှိကြောင်း ဝန်ခံတဲ့အတွက်နေ့ချင်းပီးပဲ စီရင်ချက် အမိန့်ချမှတ်ခဲ့ပါတယ်။´´ဟု ချမ်းအေးသာစံမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်မျိုးဝင်း က ပြောသည်။

ရာဇသတ်ကြီးပုဒ်မ ၂၉၄ – ခ အရ ထောင်ဒဏ် ၃ လ နှင့် ရာဇသတ်ကြီးပုဒ်မ ၂၉၅ – က အရ ထောင်ဒဏ် တစ်နှစ်နှင့် ခြောက်လ ချမှတ်ခဲ့ပြီး သီးခြားကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည် ။

တရားခံမှာ လူမှုကွန်ရက်မှ သံဃာတော်များကို ဆဲဆိုဝေဖန်သည့် အသုံးအနှုန်းများဖြင့် ရေးသားမှုပြုခဲ့သည့်အတွက် မိတ္ထီလာမြို့ ကိုးနဝင်းကျောင်းတိုက်သို့ မေလ ၁၉ ရက်ကကိုယ်တိုင်သွားရောက်တောင်းပန်ရာတွင် မြို့ခံအချို့ က ကျောင်းတိုက်သို့ လာရောက်ကာ တရားဥပဒေပအရ အရေးယူပေးရန် တောင်းဆိုရာမှ လူစုလူဝေးဖြစ်ပေါ်ခဲ့သည် ။

မန်း(အောင်အောင်)

#PeopleMedia


Share this post